Healthy Life Ad
Health Tips

အစာကြေညက်စေမည့် ယောဂကျင့်စဉ်

—–၊ လရိပ်မေ ၊—–

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ ရေများများသောက်တာ၊ အစာကြေလွယ်တဲ့ အစားအစာစားတာနဲ့ ယောဂကျင့်တာတို့ဟာ အစာကြေညက်စေတဲ့ နည်းတွေဖြစ်ပါတယ်။ ဘယ်လိုယောဂကျင့်စဉ်တွေကို ကျင့်ပေးရင် အစာကြေလွယ်စေမလဲဆိုတာသိအောင် မျှဝေပေးလိုက်ပါတယ်။


(၁) ထိုင်ခုံဟန်ပန်

ခြေထောက်ကို စုံရပ်ကာ လက်နှစ်ဖက်ကို ပူးမြှောက်ရင်း ထိုင်ခုံပေါ်ထိုင်နေတဲ့ဟန်မျိုးနဲ့ တစ်ဝက်ဆောင့်ကြောင့်ထိုင်ပါ။ ဒါက ဝမ်းဗိုက်အောက်ပိုင်းကို ဆွဲထားသလိုဖြစ်စေပြီး ခန္ဓာကိုယ်အရှေ့ပိုင်းကို ဆွဲဆန့်စေပါတယ်။


(၂) ရှေ့သို့ဆတ်ခနဲလှမ်းပြီး ခန္ဓာကိုယ်လိမ်သော ဟန်ပန်

ညာဘက်ခြေထောက်နဲ့ ရှေ့ကိုဆတ်ခနဲလှမ်းပြီး ဘယ်ဘက်ခန္ဓာကိုယ်ကို လိမ်လိုက်ပါ။ ဘယ်ဘက်ခြေထောက် အပြင်ဘက်မှာ ညာဘက်လက်ချထားပြီး ဘယ်လက်ကို အပေါ်ဆွဲဆန့်ပါ။ ညာဘက်လက်ကို ခြေထောက်ဘေးမှာ ထောက်ထားပါ။ ဒီနည်းက ကြွက်သားအုပ်စုတစ်ခုလုံးကို အလုပ်လုပ်ဖြစ်စေတဲ့နည်း ဖြစ်ပါတယ်။


(၃) ကလေးဟန်ပန်

စိတ်ဖိစီးမှုကြောင့် အစာမကြေဖြစ်နေရင် ကလေးတစ်ယောက်ဟန်ပန် ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ်စေပါတယ်။ ကြမ်းပြင်ပေါ် မှောက်လျက်အနေအထားနဲ့နေပြီး ရှေ့လက်နှစ်ချောင်းကိုထောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်လိုက်ပါ။ ဒီအနေအထားဟာ ပခုံး၊ ခါးနဲ့ ဝမ်းဗိုက်တွေကို သက်သာစေတဲ့နည်းတွေ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top