Healthy Life Ad
News

ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေးကို ကြွက်များတွင် စမ်းသပ်အောင်မြင်ခဲ့သဖြင့် နောက်နှစ်တွင် ကာကွယ်ဆေးထုတ်နိုင်ရန် မျှော်လင့်

—၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊ —

ထိုင်းနိုင်ငံက ြွကက်တွေမှာ COVID-19 ကာကွယ်ဆေး စမ်းသပ်အောင်မြင်ခဲ့ပြီးနောက် နောက်နှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ တရားဝင်ပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုက ြွကက်တွေမှာ အောင်မြင်ပြီးနောက် နောက်တစ်ပတ်မှာ မျောက်တွေမှာ စတင်စမ်းမှာဖြစ်ကြောင်း COVID-19 ကွပ်ကဲရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။

“ထိုင်းကာကွယ်ဆေးကို နောက်နှစ်ထုတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ သူကဆိုပါတယ်။

COVID-19 အတွက် အလားအလာကောင်းတဲ့ ကာကွယ်ဆေး ၁၀ဝ ကျော် စမ်းသပ်နေကြပေမယ့် ဧပြီလကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကာကွယ်ဆေးထုတ်နိုင်ဖို့ အနည်းဆုံး ၁၂ လ အချိန်ယူရမယ်လို့ သတိပေးပြောကြားထားတာပါ။ ထိုင်းကထုတ်မယ့် ကာကွယ်ဆေးက ချူလောင်ကွန်းတက္ကသိုလ်နဲ့ ထိုင်းအမျိုးသား ကာကွယ်ဆေးအင်စတီကျူ့တို့ ပူးပေါင်းသုတေသနလုပ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်း ၃၀၃၄ ဦးရှိပြီး သေဆုံးသူ ၅၆ ဦးရှိတယ်လို့ သိရပါတယ်။

(Ref;channelnewsasia 20-5-2020)

Most Popular

Healthy Life Ad
To Top