Healthy Life Ad
Health Tips

ကိုဗစ်ပိုးခံနိုင်ရည် ရှိ၊ မရှိ သိရှိနိုင်သည့် ပဋိပစ္စည်း စစ်ဆေးနည်းနှစ်မျိုးကို အင်္ဂလန်အတည်ပြု

ZKO

လူတစ်ယောက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီးရင် သူ့မှာ ဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်တဲ့ ပဋိပစ္စည်း ထွက်ရှိသလား၊ မထွက်ရှိဘူးလားဆိုတာ ဆန်းစစ်နိုင်မယ့် ပဋိပစ္စည်း စစ်ဆေးနည်းကို အင်္ဂလန်ပြည်သူ့ကျန်းမာရေးက အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် စမ်းသပ်စစ်ဆေးမှုတွေအတွင်း Roche ကုမ္ပဏီရဲ့ ပဋိပစ္စည်းစစ်ဆေးနည်းတွေက ရလဒ်ကောင်းတယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးက ဆိုပါတယ်။ တချို့ကျွမ်းကျင်သူတွေကတော့ ပိုပြီး အသေးစိတ်လုပ်ရဦးမယ်လို့ သုံးသပ်နေပါတယ်။ Abbott ကုမ္ပဏီရဲ့ ပဋိပစ္စည်း စစ်ဆေးနည်းကလည်း လေ့လာစမ်းသပ်မှုတွေအရ တိကျတဲ့ရလဒ်ကို ထွက်ရှိစေတယ်လို့ ဆိုပါတယ်။ တိကျတဲ့ ပဋိပစ္စည်း စစ်ဆေးနည်းတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုလမ်းကြောင်းကို ကူညီနိုင်ပြီး လုံးဝပိတ်လှောင်မှု (Lockdown) ကို ဖြေလျှော့နိုင်မယ်လို့ အင်္ဂလန်အစိုးရနဲ့ ကျန်းမာရေးအရာရှိတွေက မျှော်လင့်နေကြပါတယ်။

ဒီစစ်ဆေးနည်း (Antibody tests) တွေက လူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိတွေ့ဖူးပြီးပြီလားဆိုတာနဲ့ ဒီပိုးကို ခံနိုင်ရည်ရှိမှုတွေကိုပြပေမယ့် ဒီပိုးအပေါ် ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမယ်ဆိုတာတော့ အခုထိ မသေချာသေးပါဘူး။

(Ref;medscape 15-5-2020)

Most Popular

Healthy Life Ad
To Top