Healthy Life Ad
Life Style

မျောက်နဲ့ လင်းပိုင်

စူး(ဆေးဝါးတက္ကသိုလ်)

တစ်နေ့သောအခါ သင်္ဘောသားတွေက ပင်လယ်ပြင်ကိုဖြတ်ပြီး သင်္ဘောနဲ့ ရွက်လွှင့်လာခဲ့ပါတယ်။ သင်္ဘောသားတစ်ယောက်က သူတို့ခရီးရှည်အတွင်း မျောက်တစ်ကောင်ကို ခေါ်ဆောင်လာခဲ့ရာ ပင်လယ်ထဲရောက်ချိန် ပြင်းထန်တဲ့ မုန်တိုင်းကျရောက်ခဲ့ပါသတဲ့။

လူတွေပင်လယ်ထဲ ရေနစ်သွားချိန်မှာ မျောက်ကလည်း သူလည်းရေနစ်တော့မယ်ဆိုတာ သိလိုက်ပါသတဲ့။ ရုတ်တရက်ဆိုသလို လင်းပိုင်တစ်ကောင်ပေါ်လာပြီး သူ့ကိုကယ်ခဲ့ပါတယ်။

မကြာခင် ကျွန်းတစ်ကျွန်းကိုရောက်တော့ လင်းပိုင်ကျောပြင်ပေါ်မှာလိုက်လာတဲ့ မျောက်ကို မေးပါသတဲ့။

“ဒီနေရာကို မင်းသိသလား”

မျောက်က ပြန်ဖြေပါတယ်။

“သိတာပေါ့။ တကယ်တော့ ဒီကျွန်းရဲ့ဘုရင်ကြီးက ငါ့အချစ်ဆုံးသူငယ်ချင်းပဲ။ ငါကလည်း မင်းသားတစ်ပါးဆိုတာ မင်းသိသလား”

ကျွန်းပေါ်မှာ ဘယ်သူမှမနေဘူးဆိုတာ သိနေတဲ့လင်းပိုင်က-

“ကောင်းပြီ . . မင်းကမင်းသားဆိုတော့ အခုအချိန် ဒီကျွန်းမှာ မင်းကဘုရင်ဖြစ်လာနိုင်ပါတယ်”လို့ ပြောလိုက်ပါတော့တယ်။

“ဘယ်လိုလုပ်ပြီး ဘုရင်ဖြစ်လာမှာလဲ”ဆိုတဲ့ မေးခွန်းကို လင်းပိုင်က မျောက်ကိုထားခဲ့ရင်း ပင်လယ်ထဲကူးခတ်သွားကာ ဖြေလိုက်ပုံကတော့-

“လွယ်ပါတယ်။ ဒီကျွန်းမှာ တစ်ကောင်တည်းသောသတ္တဝါက မင်းဖြစ်နေမှတော့ သဘာဝအရ မင်းပဲဘုရင်ဖြစ်လာမှာပေါ့”လို့ ဆိုသတဲ့။

လိမ်ညာတဲ့သူဆိုတာ ဒုက္ခနဲ့ပဲ အဆုံးသတ်တတ်တယ်လို့ ဒီစာစုက ပညာပေးထားတာပါ။

Most Popular

Healthy Life Ad
To Top