Healthy Life Ad
Health Tips

ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးပြီး အပြုံးလှလှပြုံးနိုင်စေမည့် နည်းလမ်း ၇ ရပ်

အပြုံးလှလှပြုံးနိုင်ဖို့အတွက် သင့်တော်တဲ့ ခံတွင်းထိန်းသိမ်းမှုနည်းလမ်းတွေကို စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

(၁) လျှာကိုသန့်စင်ပါ

တစ်နေ့ကိုနှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ်ကြိုးထိုးပေးတာအပြင် လျှာခြစ်တံနဲ့ လျှာကိုပါ သန့်စင်ပေးဖို့ လိုပါတယ်။ လျှာရဲ့အနောက်ဘက်အပိုင်းမှာ အနံ့ဆိုးထွက်တာက ခံတွင်းအနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ လျှာမှာ စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖမ်းယူထားနိုင်တဲ့ နန်းကြိုးမျှင်ပေါင်း သန်းနဲ့ချီပြီးရှိတာကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။

(၂) သကြားမပါသော ပီကေဝါးပါ

တံတွေးဟာ ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းခြောက်သူတွေမှာ ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ တချို့ဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ခံတွင်းခြောက်စေနိုင်ပါတယ်။ နံနက်ခင်းမှာ ခံတွင်းအနံ့ဆိုး ထွက်နေတယ်လို့ ခံစားရရင် တံတွေးအထွက်နည်းလို့ပါ။ သကြားမပါတဲ့ ပီကေဝါးပေးတာက တံတွေးထွက်အောင် လှုံ့ဆော်ပေးပါတယ်။ သကြားပါတဲ့ပီကေမှာ Xylitol ပါဝင်တာကြောင့် သွားပိုးစားစေတဲ့ ဘက်တီးရီးယားကို လျော့ကျစေနိုင်ပါတယ်။

alignnone size-medium wp-image-55344
(၃) ခံတွင်းရနံ့သင်းပျံ့အောင် သစ်ကြားပိုးခေါက်သုံးပါ

သစ်ကြားပိုးခေါက်မှာ ခံတွင်းအနံ့ဆိုးတာကို ကင်းစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် သစ်ကြားပိုးခေါက်နဲ့ လုပ်ထားတဲ့ပီကေကို ဝါးပေးပါ။ လေ့လာမှုအရ ဒီပီကေကို ဝါးပေးတဲ့သူတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားအဆင့် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေတယ်လို့ သိရပါတယ်။

(၄) ခံတွင်းစိုစွတ်အောင် ဂရုစိုက်ပါ

ရေကိုများများသောက်တာက ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ လေ့လာမှုအရ လက်ဖက်ရည်ကြမ်းထဲမှာ ပိုလီဖီနောဓာတ် ပါဝင်တာကြောင့် ခံတွင်းထဲ ဘက်တီးရီးယားကြီးထွားမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) အာဟာရကို သတိထားစားပါ

ကာဗိုဟိုက်ဒရိတ်နည်းတဲ့အစာကို စားတာကြောင့် ခံတွင်းအနံ့ဆိုး ထွက်စေနိုင်ပါတယ်။ ကော်ဖီ၊ အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို ခံတွင်းအနံ့ဆိုးထွက်စေတဲ့ အစာတွေကို စားပြီးချိန်မှာ တရုတ်နံနံကို ဝါးပေးလိုက်ပါ။

(၆) သင့်တော်သော ခံတွင်းဆေးရည်သုံးပါ

ဘက်တီးရီးယားဆန့်ကျင်တဲ့ ခံတွင်းသန့်ဆေးရည်ဟာ ခံတွင်းပိုးဝင်တဲ့အခြေအနေကို တွန်းလှန်ပေးနိုင်တာကြောင့် ခံတွင်းအနံ့နံတာကို လျော့ကျစေပါတယ်။

(၇) ကျန်းမာရေးပြဿနာကို ဆန်းစစ်ကြည့်ပါ

ခံတွင်းထဲမှာရှိတဲ့ ပိုးမွှားတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောဂါနဲ့ သွားနဲ့တာတွေကြောင့် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျံ့နှံ့ပွားများနေနိုင်ပါတယ်။ သင်က ခံတွင်းကျန်းမာရေး ကောင်းနေပြီး ခံတွင်းအနံ့ဆိုးထွက်နေရင် အသက်ရှုလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ပူတာ၊ အသည်းရောဂါနဲ့ ကင်ဆာတို့လို နာမကျန်းမှုတွေ ရှိ၊မရှိ ဆန်းစစ်ရှာဖွေသင့်ပါတယ်။ ခံတွင်းနံ့မနံဖို့ အကောင်းဆုံးနည်းက ဆေးလိပ်၊ ကွမ်း စတာတွေကိုရှောင်ဖို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top