Healthy Life Ad
Life Style

သင်အကြိုက်ဆုံးသစ်ပင်ပုံက ပြောပြနေသည့် သင့်အကြောင်း

——–၊ ကိုထက် ၊———–

ပြထားတဲ့ သစ်ပင်ပုံလေးတွေကို အရင်ကြည့်ပြီး စိတ်ထဲမှာ သဘောအကျဆုံးလို့ ခံစားမိတဲ့ သစ်ပင်ပုံလေးတစ်ပုံကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ ဘယ်သစ်ပင်ပုံလေးကို ကြိုက်နှစ်သက်သူတွေက ဘယ်လိုစိတ်နေသဘောထားတွေ ရှိတတ်တယ်ဆိုတဲ့ ခန့်မှန်းချက်လေးတွေကို ဖတ်ကြည့်နိုင်ပါတယ်။

နံပါတ် (၁) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ပထမဆုံး သစ်ပင်ပုံကို အကြိုက်နှစ်သက်ဆုံးလို့ ခံစားမိသူတွေဟာ အများအားဖြင့် သဘောထားကြီးပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲကြိုးစားနေတတ်သူပါ။ ရည်မှန်းချက်ကြီးပြီး အဆင့်အတန်းမြင့်မြင့်နေလိုသူပါ။ လူအများစုက သင်နဲ့ပေါင်းသင်းဆက်ဆံရတာ ခက်ခဲနေတယ်လို့ ခံစားနေတတ်ကြပါတယ်။ တကယ်တော့ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ပါဘူး။ အလုပ်ကို ကြိုးကြိုစားစား လုပ်တတ်ပြီး သူများတွေကိုလည်း ချစ်ခင်တတ်ပါတယ်။ ဒါပေမဲ့ လူအနည်းစုလောက်ကသာ သင့်စိတ်ကို နားလည်ပြီး လက်ခံပေးတတ်ကြပါတယ်။

နံပါတ်(၂) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ပျော်ပျော်နေတတ်သူ၊ ရိုးသားသူတွေ ဖြစ်ကြပါတယ်။ သူများအပေါ် အကူအညီပေးရတာ သဘောကျပြီး တာဝန်ယူစိတ်ရှိသူ ဖြစ်ပါတယ်။ ရိုးရိုးသားသား ကြိုးကြိုးစားစား နေထိုင်တာဟာ အကောင်းဆုံး ဘဝလျှောက်လမ်းဖြစ်တယ်လို့ ယုံကြည်သူဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်တတ်ကြပြီး မိတ်ဆွေတိုင်းက သင့်ကို ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ဖြတ်ထိုးစဉ်းစားဉာဏ် ကောင်းသူဖြစ်ပြီး ဟာသဉာဏ်လည်း ရှိသူတွေဖြစ်ကြပါတယ်။ ဘယ်အချိန်မဆို သင့်မှာ သူများကိုမျှဝေပြောပြစရာ အကြောင်းအရာတွေ အမြဲရှိနေတတ်ပါတယ်။

နံပါတ် (၃) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ဒီသစ်ပင်ပုံကို သဘောကျသူတွေဟာ အများအားဖြင့် ဉာဏ်ကောင်းပြီး စဉ်းစားတွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။ သင့်ရဲ့အတွေးအခေါ်တွေနဲ့ အကြံဉာဏ်တွေက လက်တွေ့အသုံးဝင်လေ့ရှိပါတယ်။ ကိုယ်ပိုင်အတွေးအခေါ် သီအိုရီတွေနဲ့ နေ့စဉ်လှုပ်ရှား သွားလာနေထိုင်နေတတ်သူတွေလဲ ဖြစ်တတ်ကြပါတယ်။ သင်နဲ့ အကျင့်စရိုက်တူတဲ့သူတွေနဲ့သာ ပေါင်းသင်းလို့အဆင်ပြေပြီး အများအားဖြင့် တစ်ယောက်ထဲနေတာများပါတယ်။ တစ်ခါတလေတော့ တစ်ကိုယ်ကောင်းဆန်နေတတ်ပါတယ်။ သူများတွေလက်မခံပေမဲ့လည်း မှန်တယ်လို့ထင်ရင် ဆက်လုပ်နေတတ်သူတွေ ဖြစ်ပါတယ်။

နံပါတ်(၄) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ဒီသစ်ပင်ပုံကို သဘောကျတဲ့သူတွေဟာ အများအားဖြင့် တည်ငြိမ်ပြီး အေးတဲ့သူတွေ ဖြစ်ပါတယ်။ တစ်ယောက်ထဲ သီးသန့်နေတတ်ကြပါတယ်။ တစ်မူထူးခြားတဲ့ စရိုက်တွေ ရှိတတ်ကြပါတယ်။ တစ်ခါတစ်လေ သူများနဲ့မတူပဲ ကွဲလွဲတဲ့အတွေးအခေါ် အယူအဆတွေ ရှိနေတတ်ပြီး လက်တွေ့ထပ် ခံစားချက်ကို ဦးစားပေးသူ ဖြစ်ကြပါတယ်။ မကြာခဏ သူများတွေအပေါ် နားလည်မှုလွဲပြီး တစ်ယောက်ထဲ ကြိတ်ခံစားနေတာမျိုးလဲ ရှိတတ်ပါတယ်။ စိတ်ခံစားလွယ်သူတွေဖြစ်ပြီး အဆင်မပြေမှုတွေကို ကျော်လွန်နိုင်ဖို့အတွက် အပေါင်းအသင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ခင်ခင်မင်မင်နေဖို့ လိုအပ်ပါတယ်။

နံပါတ်(၅) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ဒီသစ်ပင်ပုံလေးကို အဘောအကျဆုံးဆိုသူတွေဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူတွေ ဖြစ်ကြပါတယ်။ သူများအပေါ် မမှီခိုတတ်သူတွေ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ် ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်မယ့် စိတ်အပြည့်ရှိပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်မြတ်နိုးတဲ့အရာတွေကို ကာကွယ်ဖို့အတွက် အမြဲအားအင်အပြည့် ရှိနေသူတွေ ဖြစ်ကြပါတယ်။ တွေဝေခြင်းမရှိပဲ ကိုယ်လိုချင်တာကို ရယူဖို့အတွက် ဘာကိုမဆို ရင်ဆိုင်ဖို့အသင့် ရှိသူတွေ ဖြစ်ပါတယ်။ အပေါင်းအသင်းတွေဆီက မိမိအပေါ် ရိုးသားပေးဖို့တစ်ခုသာ မျှော်လင့်သူပါ။ အမှန်တရားကို ရင်ဆိုင်ဖို့လဲ အမြဲအသင့်ရှိသူတွေပါ။

နံပါတ်(၆) သစ်ပင်ပုံကို သဘောကျသူဆိုရင်

သနားကြင်နာတတ်တဲ့သူတွေပါ။ စိတ်ခံစားလွယ်ပြီး ဆတ်ဆတ်ထိမခံလေးတွေလဲ ဖြစ်တတ်ကြပါတယ်။ အပေါင်းအသင်းအများကြီး ရှိတတ်ပြီး အားလုံးကလဲ သင့်ကိုခင်ကြပါတယ်။ ကူညီတတ်တဲ့ စိတ်လဲရှိသူ ဖြစ်ပါတယ်။ သင့်အနားမှာနေရင် အလိုလိုနေရင်း အားတွေပြည့်လာတယ်လို့ သင့်အပေါင်းအသင်းတွေ ခံစားတတ်လာစေနိုင်လောက်အောင် သင်ဟာနွေးထွေးသူပါ။ တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ်တိုးတတ်အောင် ဘာတွေလုပ်ရမလဲ တွေးနေတတ်သူပါ။ ကိစ္စတစ်ခုခုကို လုပ်ပြီဆိုရင် စိတ်ဝင်တစားလုပ်ပြီး သူများထက်သာအောင် ပြိုင်ဘက်ကင်းအောင်အထိ ရည်မှန်းချက်ရှိတတ်ကြသူတွေပါ။ ကိုယ့်ကိုမခင်တဲ့ သူတွေအပေါ်မှာတောင် မေတ္တာတရား ထားနိုင်သူတွေလဲ ဖြစ်ကြပါတယ်။

နံပါတ်(၇) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ပျော်ပျော်နေတတ်တဲ့သူ အများစုကတော့ ဒီသစ်ပင်ပုံလေးကို သဘောအကျဆုံး ဖြစ်တတ်ကြပါတယ်။ ကြည့်လိုက်ရင် ပျာယာခပ်နေတတ်ပါတယ်။ နားလည်ရလွယ်တဲ့သူပဲ ဖြစ်ပါတယ်။ သူများတွေရဲ့ ရင်ဖွင့်ပြောဆိုစကားတွေကို သေချာနားထောင်ပေးတတ်သူတွေပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းတော့ အားနည်းတတ်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ ဆုံတွေ့ရတာကို သဘောကျနှစ်သက်သူ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေကို ကောင်းစွာခံနိုင်ရည်ရှိသူ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနေလေ့ရှိပါတယ်။ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးတတ်ပြီး ဖြစ်အောင်လည်း လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

နံပါတ်(၈) သစ်ပင်ပုံကို သဘောကျသူဆိုရင်

ဒီသစ်ပင်ပုံကို သဘောကျသူတွေဟာ ဆွဲဆောင်မှုရှိသူတွေပါ။ လူတွေစိတ်ပျော်ရွှင်မှု ခံစားရအောင်လဲ ပြုလုပ်ပေးနိုင်သူတွေ ဖြစ်ကြပါတယ်။ ဘယ်လိုလူနဲ့ဖြစ်ဖြစ် လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။ အလုပ်ကိစ္စတွေမှာ စိတ်ပါဝင်စားပြုလုပ်ပြီး သဘာဝကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ ခရီးသွားရတာ စွန့်စားရတာ နှစ်သက်ပါတယ်။ လူတွေနဲ့အလိုက်ထိုက် ဟန်ဆောင်ဆက်ဆံနေပေမယ့် ကိုယ့်ရဲ့စိတ်ရင်း သဘောထားအမှန်ကို အမြဲသတိရနေသူပါ။ စိတ်ဝင်စားတဲ့အရာတွေ အများအပြားရှိပြီး တစ်ခုခုကို စပြီးလေ့လာမိပြီဆိုရင် သိချင်တာတွေအကုန် မသိမမျှ မနားတမ်းလေ့လာမိတတ်သူတွေ ဖြစ်ကြပါတယ်။

နံပါတ်(၉) သစ်ပင်ပုံကို သဘောကျသူဆိုရင်

နောက်ဆုံးသစ်ပင်ပုံကို သဘောအကျဆုံးသူတွေကတော့ အကောင်းမြင်ဝါဒရှိသူတွေ ဖြစ်ကြပါတယ်။ ကံအကောင်းဆုံးသူတွေလဲ ဖြစ်တတ်ကြပါတယ်။ အသက်ရှင်နေတုန်းမှာ ကိုယ်လုပ်သမျှခွန်အားတွေကို အသုံးချမှ ဘဝက အဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်သူတွေပါ။ မိမိကြိုးစားပြီး ရရှိလာတဲ့ အောင်မြင်မှုတွေအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသူပါ။ အပေါင်းအသင်းအများကြီး မရှိတတ်ပေမယ့် ခင်တဲ့သူတွေအပေါ်တော့ အရမ်းဂရုစိုက်တတ်ကြပါတယ်။ ဘဝကို အဓိပ္ပာယ်ရှိအောင် ဖြတ်သန်းဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ ခွင့်လွတ်တတ်သူ လေ့လာသင်ယူတတ်သူ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top