Healthy Life Ad
Health Tips

ခါးရိုးကျီးပေါင်းတက်ခြင်း (Lumbar spondylosis)

——-၊ ဒေါက်တာတင့်ဆွေ၊——–

အမည် ( )၊ အသက် ၅၀၊ ကျား၊ ရန်ကုန်။ ကျွန်တော် ခါးနည်းနည်းအောင့်တာကြောင့် ဆရာဝန်ကိုသွားပြတော့ ဓာတ်မှန်ရိုက်ကြည့်တာ ကျောရိုးမှာ အရိုးအတက်ထွက်နေတာကို တွေ့ရတယ်။ ဘယ်လိုကြောင့် ဘာရောဂါကြောင့် ဖြစ်ရတာလဲဆရာ။ ဘာဆေးတွေက ထိရောက်အောင် ကုသပေးနိုင်ပါသလဲ။Cervical Spondylosis လည်ပင်းကျီးပေါင်း တက်နေပါတယ်ကို ရေးထားပြီးဖြစ်ပါတယ်။ အခုမေးတာက ခါးမှာဖြစ်တာ။ သိပ်တော့မကွာလှပါ။ ခါးရိုးမကြီးဆိုတာ အရိုးလေးတွေထပ်နေပြီး အထက်အောက်တန်းနေတယ်။ လည်ပင်း၊ ရင်ခေါင်၊ ခါး၊ အပိုင်းလိုက်ခွဲခြားထားတယ်။ အရိုးတွေကြား အရိုးနုအပြားလေးတွေရှိတယ်။

ပုံမှန်ဆိုရင် ချောမွေ့နေရမဲ့ ခါးရိုးအနားသတ်တွေမှာ အပိုတွေဖြစ်တာကို ခါးရိုးကျီးပေါင်းတက်တယ်လို့ ခေါ်တယ်။ အရိုး(ဘော်ဒီ) ပင်မနေရာရဲ့ ရှေ့ပိုင်း၊ ဘေးပိုင်းနေရာတွေမှာ အဖြစ်များတယ်။ အထက်အောက်နေရာတွေရဲ့ နောက်ဖက်မှာ အဖြစ်နည်းတယ်။ ဒီလိုဖြစ်နေရင် အသက်ရလာလေလေ တိုး-ဆိုးလာလေလေဖြစ်မယ်။ ဖြစ်ကာစမှာ ၂၇- ၃၇% မယ် ဘာမှမခံစားရသေးဘူး။ နာရင် Back Pains ခါးနာတာနဲ့ Sciatic pains ပေါင်တလျှောက် နောက်ဖက်မှာတန်းနေအောင် နာတယ်။

အများထင်သလို လူနေမှုပုံစံ၊ အရပ်၊ အလေးချိန်၊ ကိုယ်ခန္ဓာထုထည်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးသောက်-အရက်သောက်၊ မျိုးပွားခြင်းရာဇဝင်တွေနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ သိလာရတယ်။ အမေရိကားမှာ အသက် ၄၀ ကျော်သူတွေထဲမှာ ၈၀% အဲလိုဖြစ်နေကြတယ်။ ယောကျာ်းတွေမှာ ၈၄%၊ မိန်းမတွေမှာ ၇၄% ဖြစ်တယ်။ အများဆုံးဖြစ်တဲ့ အရိုးနံပါတ်တွေကတော့ T9-10 (ရင်ခေါင်း ၉-၁၀) နဲ့ L3 (ခါး ၃) နေရာတွေမှာ ဖြစ်ကြတယ်။ ဓါတ်မှန်၊ CT scans (စီတီ-စကင်) နဲ့ MRIs (အမ်အာရ်အိုင်) တွေကလဲ နောက်ဆက်တွဲဖြစ်တာ ရှိနေသူအတွက်သာ လိုတယ်။ Bone density scan ဆိုတာလဲလုပ်တယ်။

“ပုံမှန်ဆိုရင် ချောမွေ့နေရမဲ့ ခါးရိုးအနားသတ်တွေမှာ အပိုတွေဖြစ်တာကို ခါးရိုးကျီးပေါင်းတက်တယ်လို့ ခေါ်တယ်။ အရိုး (ဘော်ဒီ) ပင်မနေရာရဲ့ရှေ့ပိုင်း၊ ဘေးပိုင်းနေရာတွေမှာ အဖြစ်များတယ်။ အထက်-အောက်နေရာတွေရဲ့ နောက်ဖက်မှာ အဖြစ်နည်းတယ်။ ဒီလိုဖြစ်နေရင် အသက်ရလာလေလေ တိုးဆိုးလာလေလေဖြစ်မယ်။ ဖြစ်ကာစမှာ” . . .

နောက်ဆက်တွဲ ဖြစ်လာနိုင်တာကတော့-
• Posterior osteophytes နောက်မှာဖြစ်လာတဲ့ အရိုးစွန်းတွေကနေ Nerve compression အာရုံကြောအဖိခံရတာ ဖြစ်လာလို့ ဖြစ်ရတယ်။ ဒါကလဲ Neuroforamen နေရာက ပုံမှန်ထက် ၃၀% ထက် နည်းလာမှဖြစ်တယ်။

• Posterior disk အရိုးရဲ့ နောက်ဖက်အမြင့်က 4mm ထက် နည်းတာနဲ့ Foram အမြင့်က 15mm ထက် နည်းတာဆိုရင် အာရုံကြောအဖိခံရတာ ဖြစ်နေပြီလို့ သတ်မှတ်တယ်။

• တကယ်လို့ Spinal canal ခါးရိုးအခေါင်းထဲ ဝင်လာရင် Spinal stenosis ခါးရိုးအခေါင်း ကျဉ်းတယ်လို့ ခေါ်တယ်။

• တကယ်လို့ Osteophytes (အော်စတီယိုဆိုက်) တွေ ပျောက်သွားရင် Aortic aneurysm (အေယိုတာ) သွေးကြောမကြီး ဖေါင်းတဲ့ရောဂါကို စစ်ဆေးရမယ်။

• Transverse foramen ထဲကို Vertebral artery သွေးလွှတ်ကြောဖြတ်တဲ့နေရာမှာ ပိတ်ဆို့တာကနေ Vertebrobasilar insufficiency ဖြစ်တယ်။

• Spinal joints အဆစ်တွေက တင်းတောင့်လာမယ်။ Disc အရိုးကြားအရိုးနုပြားတွေထဲက Chondrocytes တွေ အာဟာရမရလို့ သေတာဖြစ်လာမယ်။ အားနည်းလာတဲ့ Disc Herniation အရိုးနုပြား စူထွက်လာမယ်။ Drop attack ခေါ်တယ်။ အသက်ကြီးသူတွေမှာ လာဖြစ်တယ်။

ဘယ်လိုကုသမလဲ

• Lumbar spondylosis ခါးရိုးကျီးပေါင်းတက် ခြင်းကနေ ဒုက္ခိတမဖြစ်စေပါ။

• Complete bed rest ၂ ရက်တိတိ အိပ်ရာထဲမှာ အနားယူခြင်း၊ ဟာဘယ်ဆေး၊ ဘယ်ခွဲစိတ်မှုမှမပါဘဲ ကောင်းသွားနိုင်တယ်။

• Lumbar supports အထူးခါးပတ် စည်းပေးထားနိုင်တယ်။

Medical Therapy ဆေးပေးတာကို နောက်ဆက်တွဲဖြစ်တာမရှိရင် မလိုအပ်ပါ။ ဆေးတွေကတော့-

Nonsteroidal anti-inflammatory drugs NSAIDS (စတီးရွိုက်) မပါတဲ့ အနာသက်သာဆေးတွေကို အများဆုံးသုံးတယ်။

Opioid medications ဘိန်းပါတဲ့ အနာသက်သာဆေးတွေလဲ သုံးတယ်။

Antidepressants စိတ်မကျဆေးလဲ သုံးတယ်။

Muscle relaxants ကြွက်သားပြေလျော့ဆေးလဲ သုံးတယ်။

Epidural steroid injections ခါးရိုးဆစ်ထဲ (စတီးရွိုက်) ဆေးထိုးနည်းလဲရှိတယ်။

Surgery ခွဲစိတ်ကုသပေးနည်းကို နောက်ဆက်တွဲ ဖြစ်တာရှိနေသူတွေမှာ ၂ ရက်တိတိ အိပ်ရာထဲမှာ အနားယူလို့ မသက်သာမှ လုပ်ရတယ်။

တခြားနည်းတွေကို ဆရာဝန်တိုင်းက ထောက်ခံချက်မပေးပါ။ တချို့နည်းက တချို့လူနာတွေအတွက် အကျိုးရှိနိုင်ပါတယ်။

Exercise-based and behavioral interventions လေ့ကျင့်ခန်းနည်းတွေကို တစ်ဦးချင်းအတွက် ရွေးချယ်ရတယ်။ Aerobic exercise (အေရိုးဗစ်) နည်း၊ Muscle strengthening ကြွက်သားသန်မာစေနည်း၊ Stretching exercises ဆန့်တန်းနည်းတွေရှိတယ်။

Transcutaneous electrical nerve stimulation လျှပ်စစ်သုံးကုသနည်းလဲ ရှိတယ်။

Back School နည်းဆိုတာ ဆွီဒင်မှာ စသုံးတယ်။ Lumbar traction ခါးဆန့်ပေးနည်း၊ Spine manipulation ခါးနှိပ်နယ်ပေးနည်း၊ Massage therapy အနှိပ်သည်နည်း၊ Osteopathic manipulation treatment (OMT) အရိုးနှိပ်နည်း၊ Yoga ယောဂနည်း၊ Acupuncture အပ်စိုက်ကုသနည်းတွေလဲ ရှိတယ်။

Most Popular

Healthy Life Ad
To Top