Healthy Life Ad
Health Tips

ကုလားပဲ/ဆင်ခေါင်းပဲကို နေ့စဉ်မှန်မှန်စားပေးရင် သင့်ခန္ဓာကိုယ် ဘာတွေဖြစ်လာမှာလဲ

—-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—-

ဆင်ခေါင်းပဲလို့လည်း ခေါ်ကြတဲ့ ကုလားပဲမှာ အမျှင်ဓာတ်များများပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ တခြားဗီတာမင်၊ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ကုလားပဲမှာ ပရိုတင်းဓာတ် ပါဝင်မှုများတာကြောင့် သက်သတ်လွတ်သမားတွေအတွက် အသားအစားထိုးအနေနဲ့ စားလို့ရပါတယ်။ ကုလားပဲကို တစ်နေ့အကြမ်းပန်းကန်လုံး တစ်ခွက်စာ မှန်မှန်စားပေးတာကြောင့် သင့်အနေနဲ့ အောက်ပါအကျိုးကျေးဇူး ၁၀ ရပ်ကို ရရှိမှာဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

ကုလားပဲမှာပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေက အစာကြေတာကို နှေးစေပြီး ဗိုက်ပြည့်စေပါတယ်။ အပြင်စာစားချင်စိတ် လျော့ကျကာ အဝလွန်သူတွေမှာ ကိုယ်အလေးချိန်ကျတာကို ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-55037
(၂) အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်

ကုလားပဲမှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်(သွပ်)ဓာတ်၊ ဗီတာမင်ကေနဲ့ ဗီတာမင်အေတို့ ကောင်းစွာပါဝင်နေပါတယ်။ ဒီဓာတ်အားလုံးက အရိုးသန်စွမ်းကြီးထွားစေပြီး ကော်လာဂျင်ထုတ်လုပ်မှု အားကောင်းစေပါတယ်။

alignnone size-medium wp-image-55038
(၃) အသားအရေကို ပိုကြည့်ကောင်းစေပါတယ်

ကုလားပဲမှာပါတဲ့ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဗီတာမင် ကေတွေက အသားအရေကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အနာကျက်စေပြီး အရေးကြောင်းကင်းစင်ကာ အသားခြောက်တာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေဒဏ်ကြောင့် အရေပြားထိခိုက်မှုမှ ကင်းဝေးစေပါတယ်။

alignnone size-medium wp-image-55039
(၄) သွေးတွင်းသကြားဓာတ်အဆင့်ကို လျော့ကျစေပါတယ်

ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် ပါဝင်မှုများတာကြောင့် အစာစားပြီး မြန်မြန်မြင့်တက်လာတဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ ဒီနည်းနဲ့ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနိစ်နဲ့ ဇင့်(သွပ်)ဓာတ်တို့လို သတ္တုဓာတ်တွေက အမျိုးအစား (၂) ဆီးချိုရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-55040
(၅) သွေးတိုးကျစေပြီး နှလုံးကျန်းမာရေး ကောင်းစေပါတယ်

ကုလားပဲမှာပါတဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်က သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေဖြတ်တာနဲ့ နှလုံးရောဂါ အမောဖောက်တာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကုလားပဲမှာပါတဲ့ ပျော်ဝင်အမျှင်ဓာတ်က သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေကာ ဒါက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။

alignnone size-medium wp-image-55041
(၆) အစာတွေကို ကောင်းကောင်းကြေညက်စေပါတယ်

ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်က အစာကြေညက်စေပြီး ဝမ်းပျက်လိုက်/ဝမ်းလျှောလိုက်မဖြစ်အောင် ကာကွယ်ပေးကာ ဝမ်းချုပ်ခြင်းလည်း ကင်းဝေးစေတာ အမှန်ပါ။

alignnone size-medium wp-image-55043
(၇) မျက်စိကျန်းမာရေး ကောင်းစေပါတယ်

ကုလားပဲမှာ ဘီတာကယ်ရိုတင်းပါတာကြောင့် ရောင်ရမ်းမှုလျော့ကျကာ မျက်စိနဲ့ဆက်စပ်တဲ့ ရောဂါဝေဒနာတွေ ဖြစ်နှုန်းကို လျော့နည်းစေပါတယ်။ မျက်စိရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-55042
(၈) ဆံပင်သန်စွမ်းစေပါတယ်

ကုလားပဲမှာပါတဲ့ ဗီတာမင်အေ၊ ဗီတာမင်ဘီနဲ့ တခြားအာဟာရဓာတ်တွေက ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။

alignnone size-medium wp-image-55044
(၉) ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်

ကုလားပဲမှာပါတဲ့ ကိုလင်းဓာတ်က မှတ်ဉာဏ်ကောင်းစေပြီး တွေးခေါ်နိုင်စွမ်းကို အားကောင်းစေပါတယ်။

alignnone size-medium wp-image-55045
(၁၀) ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်

ကုလားပဲက ကင်ဆာတချို့ရဲ့ ဆိုးကျိုးကို လျော့ကျစေပါတယ်။ ကုလားပဲကထွက်တဲ့ ဗြူတိုင်းရိတ်က အူမကြီးဆဲလ်ထဲမှာ ရောင်ရမ်းမှုလျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နှုန်း လျော့နည်းစေပါတယ်။ ကုလားပဲမှာပါတဲ့ ဆာပိုနင်ဓာတ်က အကျိတ်ကြီးထွားမှုကို ဟန့်တားပေးပါတယ်။ ဗီတာမင်ဘီလို တခြားဗီတာမင်ဓာတ်တွေက ရင်သားနဲ့ အဆုတ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top