Healthy Life Ad
Health Tips

လေဖြတ်ခြင်း မဖြစ်စေရန် ကာကွယ်နည်းများ

ငွေကြယ်စင်ယံ

လူတိုင်း ဘယ်အသက်အရွယ်မဆို လေဖြတ်ဝေဒနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လေဖြတ်တဲ့ဝေဒနာ မဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ကာကွယ်ထိန်းသိမ်းဖို့ လိုပါတယ်။ အစားအသောက်ကို သေချာရွေးချယ် စားသောက်ပါ အစားအသောက်နဲ့ သရေစာကို ကျန်းမာရေးနဲ့အညီ ရွေးချယ်စားသောက်တာကြောင့် လေဖြတ်ဝေဒနာမရအောင် ရှောင်လွှဲနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို အရပ်အမောင်းနဲ့အညီ ထိန်းသိမ်းပါ
ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဝလွန်တာကြောင့် လေဖြတ်နိုင်ခြေ များစေပါတယ်။ သင့်ကိုယ်အလေးချိန်က သင့်အရပ်အမောင်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သိချင်ရင် BMI တွက်နည်းအတိုင်း တွက်ချက်ကြည့်ပါ။ ခါးကလည်း မတုတ်သင့်ပါဘူး။
alignnone size-medium wp-image-54997
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်နဲ့ သွေးဖိအားကို သိသိသာသာ ထိန်းသိမ်းထားနိုင်ပါတယ်။ အရွယ်ရောက်သူတွေဟာ တစ်ပတ်မှာ နှစ်နာရီခွဲခန့် ခပ်သွက်သွက်လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။

alignnone size-medium wp-image-54995
ဆေးလိပ်ရှောင်ပါ

စီးကရက်သောက်တာကြောင့် လေဖြတ်နိုင်ခြေကို အကြီးအကျယ် မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်မသောက်ရင် ဘယ်တော့မှ အစလုပ်ပြီး မသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်တာကြောင့် လေဖြတ်နိုင်ခြေ လျော့ကျစေပါတယ်။

alignnone size-medium wp-image-54996
အရက်ကို မသောက်ရမနေနိုင်လျှင် အသင့်အတင့်သာ သောက်ပါ

အရက်အလွန်အမင်း သောက်တာကို ရှောင်ပါ။ အရက်အလွန်အကျွံ သောက်တာကြောင့် သွေးတိုးနိုင်ပါတယ်။ အမျိုးသားတွေက တစ်နေ့မှာ အရက်နှစ်ခွက်ထက် ပိုမသောက်သင့်သလို အမျိုးသမီးတွေက တစ်နေ့မှာ အရက်တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။

(Ref;CDC)

Most Popular

Healthy Life Ad
To Top