Healthy Life Ad
Health Tips

မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ နည်းလမ်းတကျ အသားအရေထိန်းသိမ်းနည်း

—-၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊—-

အလှကုန်ပစ္စည်းအများစုဟာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ကြာရှည်သုံးစွဲတဲ့အခါမှာ အသားအရေကို ထိခိုက်တာမျိုး ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေပေါ်က အပြစ်အနာအဆာတွေ ကင်းဝေးစေဖို့နဲ့ အသားအရေ လှပအပြစ်ကင်းစေဖို့အတွက် မီးဖိုချောင်သုံးပစ္စည်းတွေကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာ အကြံပြုချင်ပါတယ်။

alignnone size-medium wp-image-55002
ပျားရည်

ပျားရည်မှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိနဲ့ ဘက်တီးရီးယားသေစေတဲ့ အာနိသင်တို့ ပါဝင်တာကြောင့် အရေပြားပြတ်ရှရာနဲ့ မီးလောင်ဒဏ်ရာတွေအတွက် ပျားရည်ကိုသုံးပြီး ရှေးကတည်းက ကုသခဲ့ပါတယ်။ အရေပြားပေါ်ကို ပျားရည်လိမ်းပေးရင် အရေပြားမျက်နှာပြင်ပေါ်မှာ အစိုဓာတ်ကို ရှိစေကာ အစိုထိန်းပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ လေ့လာမှုအသစ်အရ ပျားရည်က အရေပြားဆဲလ်အသစ်ဖြစ်အောင် အားပေးနိုင်စွမ်း ရှိပါတယ်လို့ သိရပါတယ်။

အသားအရေအတွက်

ပြုလုပ်သင့်တဲ့နည်းကတော့ ပျားရည်တစ်ဆ၊ သံလွင်ဆီတစ်ဆနဲ့ ဗီတာမင်အီးအဆီတစ်ဆတို့ကို ရောမွှေပြီး မျက်နှာပြင်ပေါ် ပေါင်းတင်တဲ့အနေနဲ့ လိမ်းပေးပြီး အချိန် ၁၀ မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနဲ့စင်ကြယ်အောင် ဆေးကြောပြီး အရေပြားကို ခြောက်သွေ့အောင် ထားပေးပါ။

ဆံပင်အတွက်

ပျားရည်ကို ဆံသားချောမွေ့အောင်လည်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းကတော့ ပျားရည်ခွက်တစ်ဝက်နဲ့ သံလွင်ဆီခွက်ရဲ့ လေးပုံတစ်ပုံတို့ကို ရောမွှေပြီး ဆံပင်သားအနှံ့ လိမ်းပေးပါ။ ပြီးရင် ခေါင်းစွပ်စွပ်ပြီး မိနစ် ၃၀ ကြာထားပြီးမှ ရေနဲ့ဆေးကြောပေးသင့်ပါတယ်။

alignnone size-medium wp-image-55003
ဂျုံမှုန့်

ဂျုံမှုန့်ဟာ အသားအရေချောမွေ့စေတဲ့ အာနိသင်ရှိပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အရေပြားမှာ ဂျုံမှုန့်အသုံးပြုနိုင်ပါတယ်။ အရေပြားခြောက်သွေ့နေရင် နူးညံ့ပျော့ပျောင်းသွားစေဖို့ ဂျုံမှုန့်ကို အသုံးပြုပါ။

အသားအရေအတွက်

ပြုလုပ်ရမယ့်နည်းကတော့ လက်ကိုင်ပဝါထဲမှာ ဂျုံမှုန့်အခြောက်များများထည့်ပြီး သားရေကွင်းနဲ့ ချည်နှောင်လိုက်ပါ။ ပြီးရင် အဲဒီလက်ကိုင်ပဝါအထုပ်ကို နွားနို့တစ်ဇလုံထဲ စိမ်ပါ။ ဂျုံမှုန့်တွေ ပျော့ပျောင်းလာတဲ့အထိ စိမ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားကို သပွတ်အူနဲ့ တိုက်သလို ညင်ညင်သာသာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55004
စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ချဉ်တဲ့သစ်သီးတွေမှာထက် ဗီတာမင်စီ ပိုမိုပါဝင်နေပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးမှာ ဆလီးစလစ်အက်စစ်ပါဝင်ပါတယ်။ အဲဒီအက်စစ်ဟာ ဝက်ခြံပျောက်ဆေးတွေထဲမှာပဲ အဓိကပါဝင်တဲ့ ကြေးချွတ်ပစ္စည်းပါ။

အသားအရေအတွက်

စတော်ဘယ်ရီသီးကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး ပြောင်းမှုန့်လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေကာ ပေါင်းတင်ပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သက်သာစေပါတယ်။ ဒါပေမဲ့ သင့်မှာ ခြောက်သွေ့တဲ့ အသားအရေရှိရင်၊ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေရှိရင် ဒီနည်းကို မသုံးသင့်ပါ။

alignnone size-medium wp-image-55005
ဒိန်ချဉ်

ဒိန်ချဉ်အလွတ်မှာ လက်တစ်အက်စစ် (AHA) ပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို လိမ်းပေးရင် အရေပြားပေါ်က အရေးကြောင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။

အသားအရေအတွက်

ပြုလုပ်ရမယ့်နည်းကတော့ ဒိန်ချဉ်ထမင်းစားဇွန်းနှစ်ဇွန်းကို ဂျုံမှုန့်အခြောက် ထမင်းစားဇွန်းတစ်ဇွန်း၊ ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းတို့နဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းကာ မျက်နှာကြေးချွတ်ဆေးအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

လက်ဖက်အိတ်

လက်ဖက်ရည်ထဲက ကဖင်းဓာတ်ဟာ မျက်လုံးဖောင်းအစ်တာကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-55006
အသားအရေအတွက်

နံနက်ခင်းမှာ လက်ဖက်စိမ်းလက်ဖက်ရည် အိတ်နှစ်ထုပ်ကို စိမ်ထားပြီး အေးတဲ့အထိ ဘေးကိုဖယ်ထုတ်ထားပါ။ ပြီးရင် မျက်လုံးပေါ်ကို မိနစ်အနည်းငယ်ကြာ တင်ထားလိုက်ပါ။ လက်ဖက်အိတ်ထဲက ကဖင်းဓာတ်ဟာ အရေပြားမှတဆင့် အလွယ်တကူ စုပ်ယူနိုင်တာကြောင့် မျက်ဝန်းဖောင်းအစ်မှု လျော့ကျကာ လန်းဆန်းစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top