Healthy Life Ad
Life Style

လက်ဖဝါးနှစ်ဖက် ဆုပ်ကိုင်ပုံက ပြသနေသည့် သင့်ကိုယ်ရည်ကိုယ်သွေး

ငွေကြယ်စင်ယံ

လူတစ်ယောက်က လက်ချောင်းတွေယှက်ပြီး လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်တဲ့အခါ ဖြစ်သွားတဲ့ လက်မတွေရဲ့ အနေအထားက သူ့ကိုယ်ရည်ကိုယ်သွေးကို ပြသနေတယ်လို့ လေ့လာသူ နိုဘယ်ဆုရှင် ရော်ဂျာက ဆိုပါတယ်။ သူက ဦးနှောက်ကို ဘယ်ဘက်ပိုင်းနဲ့ ညာဘက်ပိုင်း နှစ်ပိုင်းခွဲပြီး လေ့လာကာ လူတစ်ယောက်ရဲ့ အပြုအမူက ဘယ်အပိုင်း ပိုတက်ကြွနေတယ်ဆိုတာ ပြသတယ်လို့ ဆိုပါတယ်။


(၁) ဘယ်ဘက်လက်မက အပေါ်မှာရှိရင်

လက်ဖဝါးချင်းဆုပ်လိုက်လို့ ဘယ်ဘက်လက်မက ညာဘက်လက်မပေါ် ရောက်နေရင် ဒါက လက်တွေ့ကျတဲ့လူတွေမှာ အတွေ့ရများပါတယ်။ ဆုံးဖြတ်ချက်ကို ချက်ချင်းမချတတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ အကောင်းနဲ့အဆိုးကို ချင့်ချိန်စဉ်းစားတတ်ပါတယ်။ အားသာချက်တစ်ခုက တခြားသူတွေရဲ့ မုသားစကားတွေကိုလည်း မြင်နိုင်စွမ်းရှိတာပါပဲ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို အလွန်အမင်း တန်ဖိုးထားတတ်ပါတယ်။ သူတို့က အကြံဉာဏ်တောင်းလာရင် စဉ်းစားဆင်ခြင်ဉာဏ်ကြီးကြီးနဲ့ အကြံပေးတတ်သူတွေလည်း ဖြစ်ပါတယ်။ တည်ငြိမ်အေးဆေးပေမယ့် ရုတ်တရက်ပေါ်လာတဲ့ ဟာသဉာဏ်က လူမှုအဖွဲ့အစည်းမှာ လူတွေကို ပျော်ရွှင်စေပါတယ်။ ဘဝအဖော်နဲ့ ပတ်သက်ရင် ရိုမန်တစ်ဆန်ဆန် ချစ်တတ်သူလည်းဖြစ်ပြီး ဘယ်စကားပြောရမယ်၊ ဘယ်အချိန်မှာ ပြောရမယ်ဆိုတာကိုလည်း အတိအကျ နားလည်သူလည်း ဖြစ်ပါတယ်။


(၂) လက်မနှစ်ဖက်လုံးက ဘေးချင်းကပ်ထိနေရင်

လက်ဖဝါးနှစ်ဖက်ဆုပ်လိုက်လို့ ညာနဲ့ဘယ်လက်မတွေက ဘေးချင်းယှဉ်ထိကပ်နေသူတွေဟာ အရာရာကို အသေးစိတ်သိရမှ လက်ခံယုံကြည်တတ်သူ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ အပြည့်အဝ အာရုံစိုက်ခံရတတ်ပြီး ပင်ကိုက ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသူတွေပါ။ တခြားသူတွေရဲ့ အကြံပြုချက်တွေကို အမြဲနားထောင်တတ်ပြီး ဆုံးဖြတ်ချက်မချခင်မှာ ဘာကအရေးကြီးဆုံးလဲဆိုတာ နားလည်ဖို့ ကြိုးစားတတ်ပါတယ်။ ရိုးသားမှုနဲ့ မသိနားမလည်မှုတွေက တချို့လူတွေအတွက် အခွင့်အရေးယူစရာ ဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ သင်က ရိုးသားမှုနဲ့ သစ္စာရှိမှုကို တန်ဖိုးထားတတ်ပြီး လူကြားထဲမှာ ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဖို့လည်း မရှက်တတ်သူတွေပါ။


(၃) ညာဘက်လက်မက အပေါ်မှာရှိရင်

လက်ဖဝါးနှစ်ဖက်ဆုပ်လိုက်လို့ ညာလက်မက အပေါ်မှာရှိနေသူတွေက စိတ်ခံစားမှု ကြီးမားသူတွေ ဖြစ်ပါတယ်။ လူတစ်ယောက်က သူ့စိတ်ခံစားမှု အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ ကြိုးစားရင်တောင်မှ နားလည်နိုင်စွမ်း ရှိသူပါ။ ဒီအစွမ်းက တခြားသူတွေကို ဘယ်လိုသဘောထားရမယ်ဆိုတာ သိဖို့ လွယ်ကူတတ်ပါတယ်။ အလုပ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ပါတယ်။ အကြောင်းကတော့ စိတ်ခံစားမှုနဲ့ အရာရာကို ချိန်ဆကြည့်တတ်လို့ပါ။ သင့်ဆီကို ရောက်လာတဲ့ နွေးထွေးမှုမေတ္တာနဲ့ နက်နဲတဲ့ စိတ်ခံစားမှုတွေကို နားလည်နိုင်စွမ်း ရှိပါတယ်။ အချစ်ရေးမှာ သင့်ဘဝအဖော် မပြောပြတဲ့ ခံစားချက်တွေကို သင်ကအလိုလို သိနားလည်နေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top