Healthy Life Ad
Life Style

သင်သဘောအကျဆုံး တိရစ္ဆာန်လေးက ပြသနေသော သင့်ရဲ့စိတ်နေသဘောထား

—-၊ ကိုထက် ၊—-

ငှက်၊ ကြောင်၊ ခွေး၊ သစ်ကုလားအုတ်၊ ဆင်၊ မြင်း၊ ဝက် ဆိုတဲ့ တိရစ္ဆာန်လေးတွေထဲမှာ သင်က ဘာကိုသဘောအကျဆုံးလဲ။ သင်သဘောအကျဆုံး တိရ စ္ဆာန်လေးကို မှတ်ပြီး သင့်အကြောင်းကို ဖတ်ကြည့်ရအောင်။

alignnone size-medium wp-image-54860
(၁) ငှက်ကို သဘောအကျဆုံးဆိုရင်

စာကလေးဖြစ်ဖြစ်၊ သိမ်းငှက်ဖြစ်ဖြစ်၊ ပင်ဂွင်းဖြစ်ဖြစ်၊ ကြက်တူရွေးဖြစ်ဖြစ် ငှက်တိုင်းကိုဖြစ်ဖြစ် ၊ တချို့ငှက်လေးတွေကိုပဲဖြစ်ဖြစ် သဘောကျနှစ်သက်သူဆိုရင် သင့်ရဲ့စိတ်သဘောထားကလဲ ငှက်တွေလိုပဲ ဖြစ်တတ်ပါတယ်။ မြင့်မြင့်ပျံလေ ဝေးဝေးမြင်လေဆိုတဲ့ သဘောထားကို လက်ခံထားတတ်ကြသူတွေပါ။ ရည်မှန်းချက်ကြီးကြီးထားတတ်ပြီး အောင်မြင်အောင်လဲ ဝီရိယရှိရှိ အားထုတ်ကြိုးစားသူတွေပါ။ သင့်အချိန်တွေကို အကျိုးရှိရှိသာ အသုံးချချင်စိတ် ရှိနေတတ်ပြီး တခြားသူတွေကို အချိန်သိပ်မပေးတတ်ပါဘူး။ စွန့်စွန့်စားစား ပြုလုပ်တတ်ပြီး ဖြစ်လာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလဲ ရင်ဆိုင်မယ့်သူပါပဲ။

alignnone size-medium wp-image-54861
(၂) ကြောင်ကို သဘောအကျဆုံးဆိုရင်

သက်ဟာ အမွှေးပွကြောင်လေးတွေ ဒါမှမဟုတ် ကျားသစ်ကွက်တွေ၊ ကျားတွေကို သဘောကျနှစ်သက်ပါသလား။ ဒါဆိုရင် သင်ဟာ တတ်တတ်ကြွကြွ ရှိသူတစ်ဦးပါ။ မိသားစုကိုလဲ ခင်တွယ်တတ်ပြီး ဖော်ရွေတတ်သူတွေလဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ဦးကဲ့သို့ စိတ်ဓာတ်ပြင်းထန်ပြီး မိမိမှာရှိတဲ့ အရည်အချင်းတွေကို ကောင်းကောင်းအသုံးချလိုသူပါ။ တစ်ခါတလေ မထင်မှတ်ထားတဲ့ အတိုက်အခိုက်တွေကို ဝမ်းနည်းနေတတ်ပေမယ့် အလျော့မပေးဘဲ ယုံကြည်ချက်အတိုင်း ဆက်လက်လျှောက်လှမ်းသူတွေ ဖြစ်တတ်ကြပါတယ်။

alignnone size-medium wp-image-54862
(၃) ခွေးကို သဘောအကျဆုံးဆိုရင်

ခွေးလေးတွေက သင့်ရဲ့အချစ်ဆုံး တိရ စ္ဆာန်လေးတွေလား။ ဒါဆိုရင်တော့ သင်ဟာ ကျေးဇူးသစ္စာစောင့်သိတတ်သူ၊ တခြားလူအပေါ် ခင်ခင်မင်မင်နေတတ်သူ ဖြစ်နိုင်ပါတယ်။ သင်ချစ်တဲ့သူတွေအပေါ် စေတနာအပြည့်ထားပြီး အကူအညီပေးသူ၊ ကာကွယ်စောင့်ရှောက်တတ်သူပါ။ ရိုးရှင်းတဲ့ဘဝနေထိုင်မှုကို နှစ်သက်တတ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေကို သေသေချာချာ မှတ်ထားတတ်သူပါ။ မိမိအပေါ် စိတ်သဘောထား ကောင်းကောင်း၊ မကောင်းကောင်း မိမိကတော့ အမြဲကောင်းအောင်နေမယ်ဆိုတဲ့ သူတွေပါပဲ။

alignnone size-medium wp-image-54863
(၄) သစ်ကုလားအုတ်ကို သဘောအကျဆုံးဆိုရင်

သစ်ကုလားအုတ်ကို ကြိုက်တဲ့သူဆိုတာ ရှားနိုင်ပါတယ်။ ဒါပေမဲ့ အကွက်အကွက်တွေနဲ့ အရပ်အမြင့်ကြီးရှိတဲ့ သစ်ကုလားအုတ်ကိုမှ သဘောကျတတ်ကြတဲ့ သူတွေရှိပါတယ်။ သင်ကိုယ်တိုင်လဲ သစ်ကုလားအုတ်တွေကို သဘောကျသူဆိုရင် သင်ဟာ စိတ်ရှည်တတ်သူ၊ သည်းခံနိုင်စွမ်းရှိသူတွေ ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို အေးအေးဆေးဆေးဖြင့် စဉ်းစားတွေးခေါ်ပြီး ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။ ကြင်နာတတ်သူ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတပါးအပေါ် မှီခိုတတ်သူတွေတော့ မဟုတ်ပါ။ အလုပ်တိုင်းကို အားသွန်ခွန်စိုက်ပြုလုပ်တတ်ပြီ ခိုကပ်တတ်သူလဲ မဟုတ်ပါဘူး။

alignnone size-medium wp-image-54864
(၅) ဆင်ကို သဘောအကျဆုံးဆိုရင်

ဆင်တွေကို သင့်ရဲ့သဘောအကျဆုံး တိရစ္ဆာန်အဖြစ် ရွေးထားပါသလား။ ဆင်တွေကို သဘောကျရတာကတော့ သင်ကိုယ်တိုင်ကလဲ ဆင်တွေလို အားသန်ပြီး စွမ်းအင်အပြည့်ရှိနေတဲ့ပုံ ဖြစ်ရတာကို သဘောကျလို့ပါပဲ။ ဆင်တွေကို သဘောကျသူတွေဟာ တွေးခေါ်နိုင်စွမ်း မြင့်တတ်ကြပြီး အချစ်လည်း ကြီးကြပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက် ပြင်းထန်ပါတယ်။ စိတ်သဘောထားကောင်းကြပါတယ်။ သို့သော် တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်ခံရတတ်ပါတယ်။ အလုပ်ကိစ္စတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိုက်တိုင်း မိမိကိုယ်ကို ကျေနပ်အားရပြီး နောက်ထပ်အောင်မြင်မှုတွေကို ရယူလိုစိတ် ရှိတတ်ပါတယ်။

alignnone size-medium wp-image-54865
(၆) မြင်းကို သဘောအကျဆုံးဆိုရင်

မြင်းတွေကို ချစ်တဲ့သူတွေလဲ အများကြီး ရှိပါတယ်။ ထိုသူတွေကတော့ လွတ်လပ်မှုကို အလွန်အမင်းနှစ်သက်သူတွေလဲ ဖြစ်ကြပါတယ်။ မြင်းတွေကို သဘောအကျဆုံးဆိုရင်တော့ သင်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေကို အလေးထားသူပါ။ တခြားသူတွေဘာပြောပြော သင်ဖြစ်ချင်တဲ့ ဆန္ဒကိုသာ အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေသူပါ။ သူများက ကိုယ့်အတွက် ဆုံးဖြတ်ပေးတာမျိုးကို မနှစ်သက်ပါဘူး။ အပျော်အပါးတွေကိုလည်း နှစ်သက်ပါတယ်။ ရည်မှန်းချက်ကြီးကြီးထားပြီး လုပ်ဆောင်တတ်သူပါ။ တစ်ခါတစ်ရံ တပြိုင်တည်းနဲ့ ရည်မှန်းချက်အများကြီး ထားမိတတ်ပါတယ်။

alignnone size-medium wp-image-54866
(၇) ဝက်ကို သဘောအကျဆုံးဆိုရင်

မိမိအိမ်မှာ မွေးထားပေမယ့်လဲ အိမ်သားတွေချစ်သလို ကိုယ်တိုင်ချစ်ချင်မှ ချစ်မှာပါ။ တကယ်လို့ သင့်အိမ်မှာ ဝက်လေးတွေမွေးထားပြီး သင်ကိုယ်တိုင်လဲ သဘောကျချစ်တယ်ဆိုရင် သင်ဟာ စိတ်ခံစားလွယ်သူ ဖြစ်နိုင်ပါတယ်။ အပေါင်းအသင်းအများကြီး မရှိသော်လည်း ရှိတဲ့သူငယ်ချင်းတွေအပေါ် အရမ်းခင်မင်သူပါ။ သင့်သူငယ်ချင်းတွေ အပေါင်းအသင်းတွေကလဲ သင့်ရဲ့ရိုးသားတဲ့ စိတ်ထားကို အသိအမှတ်ပြုပြီး သင်ကဲ့သို့ ပြန်ခင်တာကို ခံရတတ်သူတွေပါ။ စိတ်လှုပ်ရှားလွယ်ပြီး မသိသေးတဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားနဲ့ သိချင်တတ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top