Healthy Life Ad
Health Tips

ကလေးငယ်များ လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ ကုသမှုမရရှိဟု လေ့လာသူများထုတ်ပြန်

ကိုထက်

အင်္ဂလန်နိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့ လိုအပ်တဲ့ ကလေးငယ်တွေရဲ့ လေးပုံတစ်ပုံလောက်သာ ကုသမှုခံယူခွင့် ရရှိလျက်ရှိတယ်လို့ လေ့လာသူတွေက ထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့ လိုအပ်တဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် တစ်သိန်းသုံးသောင်းကျော်ကို အမျိုးသားကျန်းမာရေးဌာနမှ မကုသပေးဘဲ ပြန်လွှန်ခဲ့တယ်လို့ အင်္ဂလန်ပညာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒီလိုကုသဖို့ ငြင်းဆန့်ခြင်းခံခဲ့ရတဲ့ ကလေးငယ်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် လုပ်နေတတ်တဲ့ ကလေးတွေ၊ မစားသင့်တဲ့အရာတွေကို စားတတ်တဲ့ အကျင့်ဖြစ်နေသူတွေ စတဲ့ ကလေးတွေ ပါဝင်တယ်လို့ လေ့လာသူတွေက ပြောပြခဲ့ကြပါတယ်။ ၎င်းတို့ဟာ အင်္ဂလန်နိုင်ငံရှိ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့ ၆၂ ဖွဲ့ထံမှ အချက်အလက်တွေကို ရယူခဲ့ပြီးနောက် ဒီအချက်ကို တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးအများစုဟာ ကုသမှုခံယူဖို့ လိုအပ်ပေမယ့်လည်း မကုသပေးဘဲ ငြင်းဆိုတာခံခဲ့ကြရသလို အချိန်ကာလကြာမြင့်အောင် စောင့်ဆိုင်းနေခဲ့ကြရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ မိမိကိုယ်ကိုယ် သတ်သေဖို့ကြိုးစားသူတွေ၊ အလွန်အမင်း ရိုင်းစိုင်းသူတွေလောက်ကိုသာ ကုသမှုပေးခဲ့ကြပြီး အများစုကတော့ ငြင်းဆိုပြီး ပြန်လွှတ်ခြင်းခံခဲ့ကြရတယ်လို့ ၎င်းင်းတို့က ပြောကြားခဲ့ကြပါတယ်။ အင်္ဂလန်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မကုသပေးဘဲ ပြန်လွှတ်တဲ့ ဦးရေပိုများတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လန်ဒန်မြို့အတွင်းမှာပဲ ဒီလိုကုသဖို့ ငြင်းဆိုတာခံရတဲ့ ကလေးငယ်တွေ ရှိတယ်လို့ သိရပါတယ်။

“နိုင်ငံအကြီးအကဲတွေက ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြဌာန်းချက်တွေချပြီး အသုံးစရိတ်တွေလည်း တိုးပြီး ချထားပေးခဲ့တာ ၅ နှစ်ရှိပါပြီ၊ ဒီအစီအစဉ် ဘယ်လောက်ထိရောက်မှုရှိလဲ သိဖို့အတွက် စစ်တမ်းကောက်ခဲ့တာ လေးနှစ်ရှိပြီး နှစ်တိုင်းကုသမှု လိုအပ်နေပါရက်နဲ့ မကုပေးဘဲ ပြန်လွှတ်လိုက်တဲ့ ကလေးအရေအတွက်က များနေတာကို တွေ့ရတယ်၊ ဒါက လက်မခံနိုင်စရာ ကိစ္စပါပဲ”လို့ ပညာရေးအဖွဲ့အစည်းမှ အကြီးတန်းလေ့လာသူ ဝိုက်နေက ပြောပြခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို ငယ်စဉ်အရွယ်ကတည်းက သိရှိပြီး ကုသမှုခံယူနိုင်ခဲ့မယ်ဆိုရင် သူတို့ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုစိတ်ကျန်းမာရေးကုသဖို့ လိုအပ်နေတဲ့ ကလေးငယ်ကို အချိန်မဆွဲထားသင့်ဘဲ မြန်နိုင်သမျှ အမြန်ဆုံးကုသမှုပေးဖို့ အရေးကြီးပါတယ်။

(Ref;DM 10-1-2020)

Most Popular

Healthy Life Ad
To Top