Healthy Life Ad
Health Tips

အသက်ကြီးသူများ လဲမကျဘဲ ကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

လရိပ်မေ

နှစ်စဉ် အသက် ၆၀ ကျော်အရွယ် လူသုံးဦးအနက် တစ်ဦးဟာ လဲကျနိုင်ခြေရှိတယ်ဆိုတာ သိပါသလား။ အသက်ကြီးလာချိန်မှာ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တာကြောင့် အိမ်မှာချော်လဲနိုင်တဲ့အန္တရာယ် ရှိတတ်ပါတယ်။ အသက်ကြီးသူတွေမှာ လဲကျတဲ့အန္တရာယ်လျော့နည်းပြီး ခန္ဓာကိုယ်ဟန်ချက် ကောင်းမွန်အောင် လုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစား သုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဟန်ချက်ညီစေမည့် လေ့ကျင့်ခန်း

အသက်ကြီးလာလေလေ၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းနိုင်စွမ်းက လျော့ကျလာလေလေပါပဲ။ ခန္ဓာကိုယ်ဟန်ချက်ညီစေမယ့် လေ့ကျင့်ခန်းကတော့ ခြေထောက်တစ်ဖက်ပေါ်မှာ ရပ်ပေးတာကို ဘယ်ညာပြောင်းပြီး လေ့ကျင့်ပေးဖို့ပါပဲ။


(၂) ခြေထောက်သန်မာစေမည့် လေ့ကျင့်ခန်း

သင့်ခြေထောက်တွေက သန်မာနေရင် လဲကျတာကို မဖြစ်စေနိုင်ပါဘူး။ ခြေထောက်တွေ သန်မာတာက နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ဆောင်မှုတွေကို လွယ်ကူမြန်ဆန်စေပါတယ်။ အသက်ကြီးလာလေလေ၊ တစ်နှစ်မှာကြွက်သားဆုံးရှုံးမှုက ပေါင်ဝက်လောက် ဖြစ်လာလေလေပါပဲ။ အဲဒီလိုမဖြစ်အောင် ခြေသလုံးကြွက်သားတွေ သန်စွမ်းစေမယ့် လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။ ခြေထောက်တွေ သန်မာစေမယ့် လေ့ကျင့်ခန်းကတော့ လှေကားကို တက်လိုက်/ဆင်းလိုက် လုပ်တာပဲဖြစ်ပါတယ်။ နောက်ထပ်လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ လမ်းလျှောက်တာပါ။


(၃) ချော်လဲနိုင်သော အန္တရာယ်များကို လျှော့ချခြင်း

အလွယ်တကူ ချော်လဲတာမျိုးမဖြစ်အောင် အိမ်မှာအသုံးအဆောင်တွေကို အန္တရာယ်ကင်းအောင် ထားရှိပေးပါ။ အိမ်ရဲ့ကြမ်းခင်းတွေကို ခြောက်သွေ့အောင်သန့်စင်ပါ၊ မီးကြိုးတွေကို အောက်မှာချမထားပါနဲ့။ ကြမ်းပြင်ပေါ်မှာ ဖိနပ်တွေ၊ စာအုပ်တွေ၊ အဝတ်အစားတွေကို ပုံမထားပါနဲ့။ အိမ်မှာ အလင်းရောင် ကောင်းကောင်းရရှိဖို့ လိုပါတယ်။ မှောင်တဲ့အခန်းထဲကို သွားမယ်ဆိုရင် မီးအိမ်ယူသွားပါ။

Most Popular

Healthy Life Ad
To Top