Healthy Life Ad
Health Tips

စိတ်ကျန်းမာရေးကောင်းစေမည့် နည်းလမ်းကောင်းများ

(၁) အကူအညီတောင်းတဲ့အခါ အဆင်မပြေဘူးဆိုရင် အဆင်မပြေကြောင်း ပြောလိုက်ပါ။

(၂) ကိုယ့်အတွေးနဲ့ ကိုယ်ပိတ်မိမနေပါစေနဲ့။ စိတ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ထားပေးပါ။

(၃) စိတ်ကျန်းမာရေးအတွက် ဆေးသောက်ဖို့ လိုအပ်တယ်ဆိုရင် ဆရာဝန်နဲ့တွေ့ဖို့ မရှက်ပါနဲ့။

(၄) ကိုယ့်တစ်နေ့တာအကြောင်းကို စာထဲချရေးတာ၊ ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပြောပြတာတို့ လုပ်ဆောင်သင့်ပါတယ်။

(၅) ပျော်ရွှင်စေတဲ့ အလုပ်လုပ်ပါ။

(၆) တစ်နေ့တာအတွင်း ကျေးဇူးတင်ရမယ့် အရာသုံးမျိုးကို ချရေးလိုက်ပါ။

(၇) ဆုံးရှုံးသွားတဲ့အရာ၊ လက်လွတ်သွားတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။ ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိမနေပါစေနဲ့။

(၈) ဘဝမှာ ကြုံလာသမျှ မုန်တိုင်းတွေက ကိုယ့်အတွက်ကောင်းဖို့ ဖြစ်လာတယ်လို့ပဲ ခံယူထားပါ။ အနည်းဆုံးတော့ စိတ်ခွန်အား မာကျောစေတာပေါ့။

(၉) ကူညီချင်တဲ့သူတွေကို ကူညီခွင့်ပေးလိုက်ပါ။ အကူအညီလိုအပ်ရင် အကူအညီတောင်းပါ။

(၁၀) ကိုယ့်အတွက် အနားယူချိန်၊ စိတ်အပန်းဖြေချိန် ပေးပါ။

Most Popular

Healthy Life Ad
To Top