Healthy Life Ad
Health Tips

COVID-19 ရောဂါကြောင့် အသက်ရှူစက်ပေးပြီး အထူးကြပ်မတ်ကုသရသူတို့တွင် အဝလွန်သူများကြောင်း သိရ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

COVID-19 ရောဂါကြောင့် အသက်ရှူစက်လိုအပ်တဲ့ လူနာစာရင်းကို အချိုးချကြည့်တဲ့အခါ ကိုယ်အလေးချိန်များသူ ဒါမှမဟုတ် အဝလွန်သူတွေက ပိုများနေတယ်လို့ လေ့လာမှုတွေက ဆိုလိုက်ပါတယ်။ နေ့စဉ်နီးပါးရရှိတဲ့ COVID-19 သတင်းတွေအရ လေ့လာသူတွေဟာ ဒီရောဂါအသစ်အကြောင်း လေ့လာမှုအမျိုးမျိုး လုပ်နေကြဆဲဖြစ်ပါတယ်။ COVID-19 ရောဂါရှိသူတွေထဲမှာ အသက်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတို့လို အခြေခံနာတာရှည် ရောဂါရှိသူတွေက ဝေဒနာပိုပြင်းထန်တယ်ဆိုတာ လေ့လာမှုရလဒ်တွေက ဖော်ပြထားပြီး ဖြစ်ပါတယ်။

အခုအခါမှာ အဝလွန်ရောဂါကလည်း အသက် ၆၀ နှစ်အောက် အရွယ်တွေမှာတောင် COVID-19 ဖြစ်ရင် အဓိကဆိုးကျိုးဖြစ်စေတဲ့ အချက်တစ်ခုအဖြစ် လေ့လာသူတွေက တွေ့ရှိလာကြပြီ ဖြစ်ပါတယ်။ အဝလွန်ရောဂါ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေနဲ့လည်း မကြာခဏ တွဲရှိနေတတ်လို့ပါ။ ယူကေက ဆရာဝန်တွေဟာ အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြပ်ကုသမှုပေးရတဲ့ COVID-19 လူနာအများစုက ကိုယ်အလေးချိန်များသူ ဒါမှမဟုတ် အဝလွန်သူတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပြီးနောက် ဒါကအထူးသတိပြုစရာလို့ ထောက်ပြထားပါတယ်။ ပြင်သစ်လေ့လာမှုအရ COVID-19 ရောဂါရပြီး အသက်ရှူစက်တင်ရတဲ့ လူဦးရေအချိုးမှာ အဝလွန်သူတွေ များနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဝလွန်ခြင်းကို တွန်းလှန်နိုင်မည့်နည်းများ

(၁) သကြားစားသုံးမှုများတာက ကိုယ်အလေးချိန်မြင့်တက်တာနဲ့ ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ အလားတူ ပြည့်ဝဆီစားတာများရင်လည်း သွေးတွင်းကိုလက်စထရော အဆီမြင့်တက်ပြီး နှလုံးရောဂါအန္တရာယ် တိုးစေပါတယ်။ ဒါကြောင့် သကြားနဲ့ ပြည့်ဝဆီ လျှော့စားပါ။

(၂) အစာကို ဘယ်လောက်ပမာဏပဲ စားမယ်ဆိုတဲ့ အစီအစဉ်လုပ်ထားပါ။ အစာကို တစ်နေ့တာအတွင်း ထမင်းဘယ်နှဇွန်း၊ ဘယ်နှကြိမ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဘယ်လောက်ပမာဏ၊ အသားဘယ်နှတုံး စသဖြင့် ကိုယ်လိုအပ်တာနဲ့ တွက်ပြီး စားတဲ့အကျင့်လုပ်ပေးပါ။

(၃) အရေးပါဆုံးတစ်ခုက လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန် ထိန်းနိုင်ရုံသာမက အခုအချိန်မှာ လိုအပ်နေတဲ့ စိတ်ကျန်းမာရေးကောင်းမွန်စေတဲ့ ကောင်းကျိုးကိုပါ ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးမြင်ခြင်းကို လျော့ကျစေလို့ပါပဲ။

(Ref;thehealthsite 22-4-2020)

Most Popular

Healthy Life Ad
To Top