Healthy Life Ad
Health Tips

ခါးကြွက်သားတောင့်တင်းမှုပြေလျော့ပြီး ခေါင်းကိုက်ဝေဒနာ သက်သာစေမည့် နံရံကို ခြေဆန့်မှီခြင်းကျင့်စဉ်

ကိုထက်

မူလအနေအထား-နံရံနားကပ်ပြီး ဖျာတစ်ချပ်ပေါ်မှာ လှဲနေပါ။

ဘယ်လိုလုပ်သင့်သလဲ

• ကျောအောက်ပိုင်းအောက်မှာ စောင်ခေါက်တစ်ခု ဒါမှမဟုတ် ဖက်ခေါင်းအုံးအသေးတစ်ခုကို ထားပါ။

• သင့်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှိမ့်ပြီး ခြေထောက်ကို နံရံနဲ့ ကပ်ရပ်ဆန့်တန်းလိုက်ပါ။

• ပုံမှာပြထားတဲ့ အနေအထားအတိုင်း ဖြစ်သွားပါလိမ့်မယ်။ ဒီအနေအထားအတိုင်း အချိန် ၂-၃ မိနစ်နေပါ။

• သင့်ဒူးတွေကို ရင်ဘတ်ဆီဆွဲပြီး ဘေးဘက်ကို ပြန်လှိမ့်လိုက်ပါ။

ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်သလဲ

နံရံကို ခြေဆန့်ထုတ်မှီတဲ့ လေ့ကျင့်ခန်းဟာ ကျောပြင်ကြွက်သား တောင့်တင်းမှုကို ပြေလျော့စေပြီး ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် ရာသီအကြို ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေကို ပြေလျော့စေပါတယ်။

Most Popular

Healthy Life Ad
To Top