Healthy Life Ad
Q & A

အိပ်ရေးပျက်ရင် မျက်ကြောတွေ နီနေပါတယ် . . .

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. မျက်စိကျန်းမာရေးဟာ အမြဲတမ်းကောင်းနေဖို့ဆိုရင် အိပ်ရေးဝခြင်းနဲ့ ဆက်စပ်မှုရှိပါသလား။ တချို့လူတွေမှာ အိပ်ရေးပျက်ရင် မျက်ကြောတွေ နီနေတတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
DawKhin(FB)

A. အိပ်ရေးဝနေတာနဲ့ မျက်စိကျန်းမာရေးကလည်း သွယ်ဝိုက်ပြီးဆက်စပ်နေပါတယ်။ အိပ်ရေးဝရင် လူကလန်းလန်းဆန်းဆန်းရှိတော့ လူရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ မျက်စိကလည်း လန်းဆန်းပြီး အားဖြည့်နေတဲ့သဘောပါ။ အိပ်ရေးပျက်ရင် မျက်လုံးက အားမရှိဘဲ တစ်ခုခုကို အားစိုက်ပြီးကြည့်ရရင် နာရီဝက်တောင် မခံနိုင်တော့တဲ့အတွက် မျက်စိညောင်းလာတယ်။ အဲဒီအချိန်မှာ အားစိုက်ပြီး မျက်စိသုံးလိုက်ရင် မျက်လုံးကနီလာတတ်တယ်။ စိုးရိမ်စရာမရှိပါဘူး။ ဆေးထည့်ဖို့လည်း မလိုဘူး။ အိပ်လိုက်ရင် သက်သာသွားမှာပါ။

Most Popular

Healthy Life Ad
To Top