Healthy Life Ad
Health Tips

စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက် နည်းနည်းလေးဖြစ်ပေါ်ရင် ဘယ်လိုအနိုင်ယူသင့်သလဲ

ကိုယ်တစ်ယောက်တည်း ပင်ပန်းနေသလို ခံစားနေရသလား

• အပြင်ထွက်ပါ၊ လမ်းလျှောက်ပါ၊ ခြေသလုံးတွေကို ဆန့်ထုတ်ပြီး လမ်းလျှောက်ပါ။

• ရေသောက်ပါ။

• မိနစ် ၂၀ ခန့် တစ်ရေးအိပ်စက် အနားယူလိုက်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားပါ။

• ဘယ်တော့မဆို သင်က တမူထူးခြားတဲ့လူဆိုတာ မမေ့သင့်ပါဘူး။

အကြီးအကျယ် စိတ်ညစ်နေသလား

ဘယ်တစ်ခုကြောင့် စိတ်ညစ်နေရတာလဲဆိုတာ သေချာအောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အဲဒီစိတ်ညစ်စေတဲ့အရာကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ချည်းကပ်လို့ရမလဲဆိုတာ ကြိုးစားလုပ်ဆောင်ကြည့်ပါ။ နည်းလမ်းဘယ်နှခုနဲ့ လုပ်လို့ရမလဲဆိုတာ ချရေးပြီး တစ်ခုချင်းစီ ချည်းကပ်သွားပါ။ ပြီးရင် အသက်ရှူသွင်းပြီး အရာရာတိုင်း အဆင်ပြေချောမွေ့သွားမှာပါလို့ တွေးလိုက်ပါ။ ဘယ်တော့မဆို သင်က တမူထူးခြားတဲ့ လူဆိုတာ မမေ့သင့်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်နေသလား

သင်က ဘယ်နေရာတွေမှာ တော်လဲ၊ သင်က ဘယ်လိုအားသာချက်တွေ ရှိသလဲဆိုတာကို ဆန်းစစ်ပါ။ မကောင်းတဲ့ ဘယ်အရာတွေ ရှိနေတာလဲဆိုပြီး မကောင်းတဲ့တစ်ချက် စဉ်းစားမိတိုင်း ကောင်းတဲ့အရည်အချင်းတစ်ရပ်ကို ချရေးပါ။ ဘယ်တော့မဆို သင်က တမူထူးခြားတဲ့ လူဆိုတာ မမေ့သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top