Healthy Life Ad
International

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးသုံးမျိုးကို လူတွင်စမ်းသပ်ရန် ခွင့်ပြု

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးများကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ခွင့်ပြုခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဧပြီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ တပ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ တပ်မတော်ဆေးဝါးတက္ကသိုလ်မှ Chen Wei ဦးဆောင်သည့် သုတေသနအဖွဲ့က တီထွင်ခဲ့သော ကာကွယ်ဆေး adenovirus vector Vaccine သည် ရောဂါကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင် ပထမဆုံး အတည်ပြုခြင်း ခံရကြောင်း သိရသည်။

ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု၏ ပထမအဆင့်မှာ မတ်လကုန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအဆင့်ကို ဧပြီလ ၁၂ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးသည် ဒုတိယအဆင့် လက်တွေ့စမ်းသပ်မှုကို ပြုလုပ်နေသော ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဝူဟန်မြို့က အသက် ၈၄ နှစ်အရွယ်အဘိုး Xiong သည် ကာကွယ်ဆေးကို ဧပြီလ ၁၃ ရက်နေ့တွင် ထိုးနှံခဲ့ပြီး ဒုတိယအဆင့် ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုတွင် အသက်အကြီးဆုံး စေတနာ့ဝန်ထမ်းဖြစ်လာခဲ့သည်။

အသက်ကြီးသူများတွင် COVID-19 ရောဂါဖြစ်လျှင် ပြင်းထန်စွာ နာမကျန်းဖြစ်နှုန်း မြင့်မားသောကြောင့် ကာကွယ်ဆေးက အသက်ကြီးသူတို့အတွက် လုံခြုံစိတ်ချမှုရှိသင့်ကြောင်း Chen က ဆိုသည်။ မတ်လ ၂၇ ရက်နေ့တွင် ပထမအဆင့် လက်တွေ့စမ်းသပ်မှုအရ စေတနာ့ဝန်ထမ်း ၁၀၈ ဦးကို ထိုးနှံကြည့်ရာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။ ဒုတိယအဆင့်တွင် စေတနာ့ဝန်ထမ်း ၅၀ဝ ဦးကို စုစည်းပြီး အာနိသင်မပါသော ဆေးထိုးထားသူများအုပ်စုနှင့် ကာကွယ်ဆေးထိုးထားသူများအုပ်စုကို ယှဉ်ကာ ကာကွယ်ဆေး၏ အာနိသင်နှင့် ဘေးကင်းလုံခြုံစိတ်ချရမှုကို ထပ်မံစမ်းသပ်မည်ဟု သိရသည်။

NHS မှတ်တမ်းအရ တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေ ၈၂၂၄၉ ရှိခဲ့ပြီး ၃၃၄၁ ဦးသေဆုံးကာ ၇၇၇၃၈ ဦးမှာ ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

(Ref; Xinhua 14-4-2020)

Most Popular

Healthy Life Ad
To Top