Healthy Life Ad
News

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စက်တင်ဘာအစောပိုင်း အဆင်သင့်ဖြစ်နိုင်ကြောင်း အောက်စ်ဖို့တက္ကသိုလ် ပါမောက္ခပြောကြား

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

COVID-19 ကာကွယ်ဆေးက စက်တင်ဘာလမှာ အဆင်သင့်ဖြစ်နိုင်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခဆာရာက ပြောကြားလိုက်ပါတယ်။ပါမောက္ခဆာရာက ကာကွယ်ဆေးဗေဒဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ပြီး သူရဲ့အဖွဲ့ကြိုးပမ်းဆောင်ရွက်ထားတဲ့ COVID-19ကာကွယ်ဆေးအပေါ် ၈၀ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်လို့ ဆိုထားပါတယ်။ အောက်စဖို့ဒ်က သူ့အဖွဲ့ဟာ တစ်ကမ္ဘာလုံးရှိ လူဦးရေတစ်သိန်းကျော်ကို သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်အရ သိရပါတယ်။

ကာကွယ်ဆေးကို နောက်နှစ်ပတ်အတွင်း လူတွေမှာ စတင်စမ်းသပ်မှာဖြစ်ပြီး ကာကွယ်ဆေးရရှိဖို့ တစ်ပတ်မှာ ခုနှစ်ရက်စလုံး အလုပ်လုပ်ခဲ့တယ်လို့ ပါမောက္ခဆာရာက ဆိုပါတယ်။ “သီတင်းပတ်တိုင်း ရလာတဲ့ အချက်အလက်တွေကို ကြည့်ပြီး ကြိုးပမ်းခဲ့ပါတယ်။ ကျွန်မတစ်ကိုယ်ရေအမြင်အရ ပြောရရင် ၈၀ ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိပါတယ်။ ဆောင်းဦးရာသီမှာ အဆင်ပြေပြီးမြောက်အောင်မြင်ဖို့ ဖြစ်နိုင်ပါတယ်”လို့ သူကဆိုပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်က ကာကွယ်ဆေးအပေါ် အကောင်းမြင်နေပေမယ့် တခြားကာကွယ်ဆေး ထုတ်လုပ်သူတွေကတော့ လူတွေထဲ ဖြန့်ဖြူးနိုင်ဖို့အဆင်သင့်မဖြစ်ခင် တစ်နှစ်ကျော်ကြာနိုင်သေးတယ်လို့ ပြောဆိုနေကြပါတယ်။

(Ref; newssky 11-4-2020)

Most Popular

Healthy Life Ad
To Top