Healthy Life Ad
Health Tips

အိပ်ရာပေါ်မှာပင် ပြုလုပ်နိုင်သည့် တင်ပါးဆွဲဆန့်လေ့ကျင့်ခန်း ၉ မျိုး

အိမ်မှာနေရတဲ့ ရက်တွေအတွင်း အိပ်လိုက်၊ စားလိုက်နဲ့ အချိန်မကုန်စေဘဲ လေ့ကျင့်ခန်း လုပ်ပေးဖို့ အကြံပြုလိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အိပ်ရာပေါ်မှာပဲ အလွယ်တကူ လုပ်ဆောင်နိုင်မယ့် တင်ပါးဆွဲဆန့် လေ့ကျင့်ခန်းတွေကို မျှဝေလိုက်ပါတယ်။

လေ့ကျင့်ခန်း (၁) ခေါင်းအုံးပေါ် မှောက်ပြီး ဘယ်ခြေထောက်ကို ခေါက်ထားပါ။ အဲဒီအချိန်မှာ ဦးခေါင်းကို ညာဘက်လှည့်ထားပါ။ ငါးကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ်လုပ်ပြီး နောက်တစ်ဖက် ပြောင်းလုပ်ပေးပါ။

alignnone size-medium wp-image-54160

လေ့ကျင့်ခန်း (၂) ကလေးငယ်တစ်ယောက်ရဲ့ ဟန်ပန်လိုမျိုး ခေါင်းအုံးပေါ် မှောက်ပြီး လက်မောင်းနှစ်ဖက်ကို ဆန့်တန်းထုတ်ကာ ခြေထောက်နှစ်ဖက်ပေါ်မှာ တင်ပါးဆန့်ထိုင်ပါ။ ၁၀ကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ်လုပ်ပေးပါ။

alignnone size-medium wp-image-54161

လေ့ကျင့်ခန်း (၃) အိပ်ရာပေါ် ပက်လက်လှန်လှဲပြီး ဒူးထောက်ကာ ဘယ်ခြေထောက်ကို ညာဘက်ပေါ်တင်လိုက်၊ ညာခြေထောက်ကို ဘယ်ဘက်ပေါ်တင်လိုက် လုပ်ပေးပါ။ ခြေထောက်တစ်ဖက် မပြောင်းခင် ငါးကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။

alignnone size-medium wp-image-54162

လေ့ကျင့်ခန်း (၄) အိပ်ရာပေါ်မှာ လိပ်ပြာပုံစံ လှဲလျောင်းပြီး ၁၀ကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။

alignnone size-medium wp-image-54163

လေ့ကျင့်ခန်း (၅) အိပ်ရာပေါ်မှာ ပုံပါအတိုင်း လှဲလျောင်းပြီး ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက် ဒူးဆစ်နားထိထားကာ ငါးကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပြီး နောက်တစ်ဖက်ပြောင်းပါ။

alignnone size-medium wp-image-54164

လေ့ကျင့်ခန်း (၆) ခေါင်းအုံးတစ်လုံးကို ခေါက်ပြီး မျက်နှာအပ်ကာ ခြေထောက်နှစ်ဖက်ကို ဆန့်တန်းထုတ်ပါ။ လက်ဖဝါးနဲ့ ခြေချောင်းထိပ်ကို ထိကြည့်ပါ။ ၁၀ ကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။

alignnone size-medium wp-image-54165

လေ့ကျင့်ခန်း (၇) ဒူးဆစ်တွေကို ရင်ဘတ်နဲ့ ထိလိုက်၊ ပြန်လျှော့လိုက် လုပ်ပါ။ ၁၀ ကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပါ။

alignnone size-medium wp-image-54166

လေ့ကျင့်ခန်း (၈) ပေါင်တံကို တစ်ဖက်လှည့်လိုက်၊ နောက်တစ်ဖက်လှည့်လိုက် လုပ်ပေးပါ။ တစ်ဖက်လှည့်ထားစဉ်မှာ ငါးကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။

alignnone size-medium wp-image-54167

လေ့ကျင့်ခန်း (၉) တင်ပါးအောက်မှာ ခေါင်းအုံးပါးတစ်လုံးခံကာ တစ်ကိုယ်လုံးဖြေလျှော့ပြီး ၁၀ ကြိမ်ခန့် အသက်ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။

alignnone size-medium wp-image-54168

Most Popular

Healthy Life Ad
To Top