Healthy Life Ad
Health Tips

ကိုရိုနာဗိုင်းရပ်စ်ရှိသူ လေးဦးအနက် တစ်ဦးတွင် ရောဂါလက္ခဏာပြသလေ့မရှိ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၂၅ ရာခိုင်နှုန်းဟာ လက္ခဏာပြသမှုမရှိကြောင်းCDC ဒါရိုက်တာ ဒေါက်တာရောဘတ်က ဆိုပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ရှိသူ လေးဦးမှာ တစ်ဦးက ရောဂါလက္ခဏာပြသလေ့မရှိပေမယ့် တခြားသူတွေကို ကူးစက်နိုင်ပါတယ်” လို့ ဒေါက်တာရောဘတ်က ဆိုပါတယ်။ လက္ခဏာမပြဘဲ ပိုးဝင်သူတွေက ဘာလက္ခဏာမှမပြခင် ၄၈ နာရီအတွင်း ဗိုင်းရပ်စ်ကင်းစင်စေတယ်လို့လည်း ဆိုထားပါတယ်။ သူတို့ဟာ ပိုးဝင်ပေမယ့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှူကျပ်ခြင်း စတာတွေကို လုံးဝ မခံစားရဘူးလို့ သိရပါတယ်။

အိုက်စ်လန်းမှ လေ့လာမှုအသစ်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၅၀ ရာခိုင်နှုန်းက ဘာလက္ခဏာမှ မခံစားရဘူးဆိုတာ တွေ့ရှိထားပါတယ်။ ဒီတွေ့ရှိချက်တွေကြောင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ အများပြည်သူကို တိုက်တွန်း လာတာ ဖြစ်ပါတယ်။ အရင်ကတော့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နာမကျန်းဖြစ်သူတွေသာ နှာခေါင်း စည်းတပ်ဖို့လိုအပ်တယ်လို့ ပြောခဲ့ကြတာပါ။ နှာခေါင်းစည်းတပ်ရာမှာ မှန်မှန်ကန်ကန်ဖြစ်စေဖို့ နည်းလမ်းသုံးရပ်ကို လိုက်နာရမယ်လို့ အမေရိကန် ခွဲစိတ်ဆရာဝန် ဂျီရွန်က ဆိုပါတယ်။

“နံပါတ်တစ်အနေနဲ့ နှာခေါင်းစည်းတပ်ထားစဉ်မှာ မျက်နှာကို လက်နဲ့ လုံးဝမထိပါနဲ့။ နံပါတ်နှစ်အနေနဲ့ နှာခေါင်းစည်းတပ်မယ်ဆိုရင် N95 Mask နှာခေါင်းစည်းကို ကျန်းမာရေးဝန်ထမ်းတွေအတွက်ပဲ ထားပေးပါ။ တခြားနှာခေါင်းစည်းသုံးပေးပါ။ နံပါတ် သုံးကတော့ နှာခေါင်းစည်းတပ်ထားပြီးပြီဆိုတာနဲ့ လူကြားထဲသွားလာလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး”လို့ ဒေါက်တာဂျီရွန်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က နောက်ထပ် ၂၄ လလောက် အထိ လူတွေကြားမှာ ရှိနေနိုင်သေးတယ်လို့ ဒေါက်တာရောဘတ်က သတိပေးထားပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် မတူညီတဲ့ ကာကွယ်ဆေးအမျိုးမျိုးကို စမ်းသပ်နေကြဆဲပဲ ရှိပါတယ်။

(Ref;DM 1-4-2020)

Most Popular

Healthy Life Ad
To Top