Healthy Life Ad
Health Tips

ပြန်ကောင်းလာသည့် ကိုရိုနာဗိုင်းရပ်စ်လူနာတို့၏ သွေးရည်ကြည်ဖြင့် အခြားပိုးရှိသူများထံ သွေးသွင်းကုသနေ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူတွေရဲ့သွေး (သွေးရည်ကြည် Plasma) ကို လိုအပ်တဲ့လူနာတွေထံ သွင်းပေးတဲ့ ကုသနည်းကို စမ်းသပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးထဲမှာ အင်တီဘော်ဒီခေါ် ခုခံနိုင်စွမ်းရှိတဲ့ ဓာတ်ပါရှိတာကြောင့် ကယ်လ်လီဖိုးနီးယားမှာ ရောဂါပြင်းထန်တဲ့ လူနာတွေမှာ စတင်သွင်းပေးနေတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ လူနာတွေက အနည်းဆုံး ၁၄ ရက်ကြာ လက္ခဏာမပြခြင်းနဲ့ ဓာတ်ခွဲခန်းအဖြေအရ ပိုးမရှိခြင်း စတဲ့ အခြေအနေ ဒါမှမဟုတ် ပိုးမရှိတော့ဘဲ လက္ခဏာမပြတာ၂၈ ရက် ကြာမြင့်တဲ့ အခြေအနေမှာ သွေးရည်ကြည်လှူနိုင်တယ်လို့ ဆိုပါတယ်။ သွေးရည်ကြည်ဆိုတာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးချပ်ပြားတွေ မပါတဲ့ သွေးထဲက အရည်ကြည်ဖြစ်ပါတယ်။

ဒီကုသမှုကို အမေရိကန် FDA ရဲ့ စမ်းသပ်နေတဲ့ ဆေးကုထုံးသစ်တစ်မျိုးအဖြစ် ထည့်သွင်းစဉ်းစားနေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြန်ကောင်းလာတဲ့ လူနာတွေကိုလည်း သွေးလှူဒါန်းဖို့ တိုက်တွန်းအားပေးလျက် ရှိပါတယ်။ လက်ရှိမှာ အမေရိကန်ကြက်ခြေနီအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး ပြန်ကောင်းလာတဲ့ သွေးလှူသူတွေကို စုဆောင်းနေပါတယ်။

(Ref;ARC 6-4-2020)

(ပုံ- ကိုရိုနာဗိုင်းရပ်စ်ပြန်ကောင်းလာသူ ကယ်လီဖိုးနီးယားအမျိုးသား သွေးရည်ကြည်လှူဒါန်း)

Most Popular

Healthy Life Ad
To Top