Healthy Life Ad
Health Tips

အသက်ကြီးတဲ့အထိ မျက်စိမှာ ကျန်းမာရေးပြဿနာ မကျရောက်အောင် . . .

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အသက်ကြီးတဲ့အထိ မျက်စိမှာ ကျန်းမာရေးပြဿနာ မကျရောက်အောင် ဘယ်လိုအချက်တွေ အဓိက လိုက်နာသင့်ပါသလဲ။
UT(FB)

A. အသက်ကြီးတဲ့အခါ မျက်စိမှာ ကျန်းမာရေးပြဿနာအနေနဲ့ အဓိက ကျရောက်တတ်တာက အတွင်းတိမ်ရောဂါပါ။ အတွင်းတိမ်က အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ကြိုတင်ကာကွယ်လို့ မရဘူး။ အတွင်းတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း အခုအချိန်ထိ တိတိကျကျ မသိကြသေးဘူး။ နေရောင်ခြည် UV Light နဲ့ ထိတွေ့မှုကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ သိသေးတဲ့အတွက် နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိအောင် ကာကွယ်ဖို့လိုတယ်။ နောက်တစ်ခုက ရေတိမ်ရောဂါက အဖြစ်များတယ်။ ရေတိမ်ဖြစ်ရတဲ့ အကြောင်းရင်း အများကြီးအနက် စိတ်ဖိစီးမှု လျှော့ချဖို့ဆိုတဲ့ အကြောင်းလောက်ပဲ လျှော့ချလို့ရတယ်။ တတိယအဖြစ်များတာကတော့ မျက်ကြည်နာပေါ့။ မျက်ကြည်နာ မဖြစ်အောင်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိအောင်နဲ့ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ဖို့လိုပါတယ်။ နောက်ပိုင်း အဖြစ်များလာတာကတော့ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ မျက်စိပြဿနာ (Diabetic Retinopathy) ပေါ့။ ဆီးချိုမဖြစ်အောင် ဂရုစိုက်ဖို့လိုတယ်။ ဆီးချိုဖြစ်ရင်လည်း ဆရာဝန်နဲ့ပြသပြီး သေချာဆေးကုသသင့်တယ်။ မျက်စိဆရာဝန်နဲ့လည်း တစ်နှစ်တစ်ခေါက်လောက် တွေ့ဆုံစစ်ဆေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top