Healthy Life Ad
Q & A

တစ်ခုခုကိုကြည့်ရင်းနဲ့ မျက်စိထဲက မျက်ရည်တွေ ကျလာပါတယ် . . .

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. တစ်ခါတလေ တစ်ခုခုကိုကြည့်ရင်းနဲ့ မျက်စိထဲက မျက်ရည်တွေ ကျလာပါတယ်။ ဘာကြောင့်ပါလဲ။ သက်သာအောင် ဘယ်လိုပြုလုပ်လို့ ရပါသလဲ။
KKS (FB)

A. တစ်ခုခုကိုကြည့်ရင်းနဲ့ မျက်စိထဲက မျက်ရည်တွေ ကျလာတာက အဓိကက မျက်စိညောင်းတာ (Eye Strain) ပါပဲ။ ခြေထောက်က ရပ်တာများရင် ညောင်းပြီး ကြွက်တက်လာတယ်။ အဲဒီလိုပဲ မျက်စိကလည်း ကြည့်တာကြာသွားရင် ညောင်းပြီး မျက်ရည်ကျလာတယ်။ တစ်ခုခုကိုကြည့်ရင် ကြာတဲ့အခါ မျက်ရည်ကျတာ သဘာဝဖြစ်စဉ်တစ်ခုပဲ။ မျက်ရည်ကျတဲ့အခါ မျက်စိမှိတ်ပြီး နားပြီးသားဖြစ်သွားတယ်။ အဲဒီလို မျက်ရည်ကျတဲ့အချိန်မှာ မျက်စိကို ရေအေးအေးနဲ့ ဆေးပေးလိုက်ရင် အေးမြမှုခံစားရပြီး သက်သာသွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top