Healthy Life Ad
Health Tips

COVID-19ဗိုင်းရပ်စ်က ဘယ်နေရာတွေမှာ ဘယ်လောက်ကြာကြာရှင်နိုင်သလဲ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. COVID-19 ဗိုင်းရပ်စ်က ဘယ်နေရာတွေမှာ ဘယ်လောက်ကြာကြာ နေနိုင်ပါသလဲ ဆရာ။

A. COVID-19 ဗိုင်းရပ်စ်က-

– လေထဲမှာဆိုရင် အပူချိန် ၅၀-၅၉ ဒီဂရီဖာရင်ဟိုက်မှာ ၄ နာရီကြာ၊ ၇၇ ဒီဂရီဖာရင်ဟိုက်မှာ ၂-၃ မိနစ် ရှင်နိုင်ပါတယ်။

– နှာခေါင်းအချွဲထဲမှာဆိုရင် အပူချိန် ၁၃၂ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်မှာ ၃၀ မိနစ် ရှင်နိုင်ပါတယ်။

– အရည်ထဲမှာဆိုရင် အပူချိန် ၁၆၇ ဒီဂရီဖာရင်ဟိုက်မှာ ၁၅ မိနစ် ရှင်နိုင်ပါတယ်။

– လက်တွေပေါ်မှာဆိုရင် အပူချိန် ၆၈-၈၆ ဒီဂရီဖာရင်ဟိုက်မှာ ၅မိနစ်ကျော် ရှင်နိုင်ပါတယ်။

– ကြမ်းခင်းကော်ဇောတွေမှာဆိုရင် အပူချိန် ၅၀-၅၉ ဒီဂရီဖာရင်ဟိုက်မှာ ၈ နာရီကျော်ကြာ ရှင်နိုင်ပါတယ်။

– သစ်သားပေါ်မှာဆိုရင် အပူချိန် ၅၀-၅၉ ဒီဂရီဖာရင်ဟိုက်မှာ ၄၈ နာရီကြာ ရှင်နိုင်ပါတယ်။

– စတီးတွေပေါ်မှာဆိုရင် အပူချိန် ၅၀-၅၉ ဒီဂရီဖာရင်ဟိုက်မှာ ၂၄ နာရီကြာ ရှင်နိုင်ပါတယ်။

– ၇၅ ရာခိုင်နှုန်း အယ်လ်ကိုဟောမှာဆိုရင် ဘယ်အပူချိန်မှာမဆို ၅ မိနစ်အောက်ပဲ ရှင်နိုင်တာပါ။

– ကြေးချွတ်ဆေးနဲ့ဆိုရင် ဘယ်အပူချိန်မှာမဆို ၅ မိနစ်အောက်ပဲ ရှင်နိုင်တာပါ။

Most Popular

Healthy Life Ad
To Top