Healthy Life Ad
Health Tips

COVID-19 ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်း ပြုလုပ်သည့်နေရာများတွင် အရေးတကြီးလိုအပ်သော တကိုယ်ရေအသုံးအဆောင် ပစ္စည်းများကို ကုလသမဂ္ဂမှ ပံ့ပိုးမည်

အသွားအလာကန့်သတ်ခြင်း(Quarantine) ပြုလုပ်သည့်နေရာများတွင် အရေးတကြီးလိုအပ်သော တကိုယ်ရေအသုံးအဆောင်ပစ္စည်းများ၊ အိပ်ယာခင်း၊ မွေ့ရာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ခြင်ထောင်များ အစရှိသည့် အခြေခံအသုံးအဆောင် ၅၀ဝဝ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့် နေရာများတွင် ခေတ္တနေထိုင်နေသူများကို ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကို တားဆီးကာကွယ်တုန့်ပြန်နေသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ကုလသမဂ္ဂအနေဖြင့် အင်တိုက်အားတိုက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကုလသမဂ္ဂအေဂျင်စီ ၅ ခု၊ ရံပုံငွေနှင့် အစီအစဉ်များအားလုံး တစ်စုတစည်းတည်းဖြင့် ကူညီပေးမှုမှာ COVID-19 တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရလက်အောက်ရှိ အဆင့်ပေါင်းစုံနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန် ကုလသမဂ္ဂ၏ အဆင်သင့်ရှိမှုကို ပြသခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ဌာနေကိုယ်စားလှယ်/ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးတာဝန်ခံ Ola Almgren ကပြောကြားခဲ့သည်။

အထက်ဖော်ပြပါအကူအညီမှာ အစောပိုင်းက ကြေညာခဲ့သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Test Kits အခု ၅၀ဝဝဝ ပေးပို့မည့် ကုလသမဂ္ဂအစီအစဉ်၏ ထပ်ဆောင်းပံ့ပိုးပေးမှုလည်းဖြစ်သည်။ ယခုအချိန်မှာ မြန်မာပြည်သူပြည်သားများ အတွက်သာမက ကမ္ဘာ့အနှံ့က လူသန်းထောင်ပေါင်းများစွာအတွက် အခက်အခဲဆုံး အချိန်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးမှာ နိုင်ငံပေါင်း ၁၇၀ ကျော်သို့ အလျင်အမြန်ကူးစက်နေသည်ကို မှတ်ချက်ပြုကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ စကားဖြစ်သော အဆိုပါခက်ခဲသော အခိုက်အတန့်ကို အတူရင်ဆိုင် ဖြတ်သန်းကြဖို့ကို Mr. Almgren က ထပ်လောင်းပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top