Healthy Life Ad
Q & A

ဗိုက်ခွဲပြီး ၆ လအကြာ လေ့ကျင့်ခန်းလုပ်လို့ ရပါသလား . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လာဖြေကြားပေးပါသည်။

Q. ဗိုက်ခွဲပြီး ၆ လရှိပါပြီ။ လေ့ကျင့်ခန်းပြန်လုပ်လို့ ရပါပြီလား။
NN(FB)

A. ဒါကတော့ ချုပ်ရိုးအနေအထားနဲ့ ခန္ဓာကိုယ်တွင်း အနေအထားရယ်၊ အနာကျက်တဲ့ပုံစံပေါ် မူတည်ပါတယ်။ အကြမ်းအားဖြင့်တော့ ဗိုက်ခွဲပြီး ၆ လကြာရင် လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဒေါင်လိုက်ခွဲတာလား၊ ကန့်လန့်ခွဲတာလား၊ ကိုယ်တွင်း ဘယ်အင်္ဂါကို ထုတ်ထားတာလဲ၊ အနာကျက်နှုန်း စတာတွေပေါ် မူတည်ပြီးတော့ အမာရွတ်တွေရဲ့ ကြံ့ခိုင်မှုစွမ်းအား ကွာခြားနိုင်ပါတယ်။ သာမာန်အားဖြင့်ဆိုရင်တော့ ဗိုက်ခွဲပြီး ၆ လကြာရင် လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။

Most Popular

Healthy Life Ad
To Top