Healthy Life Ad
Life Style

အလှအပအတွက် ပျားရည်၏ အကျိုးကျေးဇူးများ

ငွေကြယ်စင်ယံ

ပျားရည်ကို အလှအပအတွက် ရှေးကတည်းက အသုံးပြုခဲ့ပါတယ်။ အင်တီအောက်ဆီးဒင့် အပြည့်အဝပါဝင်တဲ့ ပျားရည်ဟာ အရေးကြောင်းကင်းစေပြီး အသားအရေအိုမင်းမှု လျော့ကျစေတဲ့အပြင် ချွေးပေါက်ကိုလည်း ပွင့်စေပါတယ်။

(၁) ပျားရည်ဖြင့် ပေါင်းတင်ပြီး အစိုဓာတ်ထိန်းသိမ်းခြင်း

ပျားရည်နဲ့ပေါင်းတင်မယ်ဆိုရင် မျက်နှာပေါ်မှာ ဆံပင်တွေတစ်မျှင်မှ ကျမနေအောင် နောက်ကိုသိမ်းလိုက်ပါ။ မျက်နှာကို သန့်စင်ပြီး ပျားရည်ကို လက်ဖဝါးထဲထည့်ကာ မျက်နှာတစ်ပြင်လုံး သုတ်လိမ်းပေးပါ။ ပြီးရင် ၅-၃၀ မိနစ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။ မျက်နှာအသားအရေကို စိုပြည်နူးညံ့သွားစေပါတယ်။

(၂) မျက်နှာကို သန့်စင်စေခြင်း

ပျားရည်ကို အုန်းဆီ ဒါမှမဟုတ် ဂျိုဂျိုဘားဆီနဲ့ ပေါင်းစပ်ပြီး မိတ်ကပ်အကြွင်းအကျန်တွေကို သန့်စင်ပေးပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပါ။ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးလိုက်ရင် မိတ်ကပ်အားလုံးကင်းစင်ကာ ချွေးပေါက်တွေကို ပွင့်သွားစေပါတယ်။

(၃) ပျားရည်ဖြင့် ကြေးချွတ်ခြင်း

ပျားရည်နှစ်ဇွန်း၊ မက်မွန်စေ့မှုန့်နှစ်ဇွန်းကိုရောပြီး စေးပျစ်အောင်မွှေကာ တစ်ကိုယ်လုံးကို သုတ်လိမ်းပါ။ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။

(၄) အရေပြားကို လိမ်းပေးပါ

အသားအရေခြောက်သွေ့နေရင် ပျားရည်၊ သံလွင်ဆီနဲ့ သံပရာရည်တို့ကို ရောမွှေကာ ခြောက်တဲ့အရေပြားမှာ လိမ်းပြီး မိနစ် ၂၀ ကြာထားပါ။ ပြီးမှ ရေစိုဝတ်နဲ့ သုတ်ပေးပါ။

(၅) ဆံပင်သားကို တောက်ပစေခြင်း

ပျားရည်ကို ကြက်သီးနွေးရေနဲ့ရောပြီး ခေါင်းလျှော်ပြီးချိန် ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန်နည်းနည်းကြာမှ ရေနဲ့ဆေးချလိုက်ပါ။

Most Popular

Healthy Life Ad
To Top