Healthy Life Ad
Q & A

ကလေးမွေးပြီးစ ဖြစ်တတ်တဲ့ဝေဒနာတွေ သက်သာအောင် . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကလေးမွေးပြီးစမှာ ပုံမှန်လို နေထိုင်မကောင်းပါဘူး။ ပင်ပန်းသလိုလို၊ နွမ်းလျသလိုလိုနဲ့ နေရထိုင်ရတာ အဆင်မပြေလို့ပါ။ ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ။
DawNilar (FB)

A. ကလေးမွေးပြီးခါစမှာ ဝမ်းချုပ်မယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ သွေးအားနည်းမယ်၊ အစာမကြေဘဲ လေများနေတတ်တယ်၊ ကိုယ်အလေးချိန်ကျတယ် ဒါတွေဖြစ်တတ်ပါတယ်။ ဝမ်းချုပ်မယ်ဆိုရင် လမ်းများများလျှောက်ပေးပါ။ အမျှင်ဓာတ်ပါတဲ့အစာတွေ များများစားပြီး တစ်နေ့ကို ရေ ၂-၃ လီတာ သောက်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ဝမ်းနုတ်ဆေးလုံးဝမသောက်ဘဲ မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်တို့ သောက်ပါ။ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် အိပ်ရေးဝ၀ အိပ်ဖြစ်အောင်အိပ်ပြီး ကလေးအိပ်ရင် လိုက်အိပ်လို့ရပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပေးပါ။ ကြက်ဥအနှစ်ကို တစ်နေ့ ၃-၄ လုံးစားပေးပါ။ သွေးအားနည်းတဲ့အခါ သွေးဖိအားတိုးအောင် အားပေးတဲ့အစာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဗီတာမင်စီများများပါတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ သတိပြုရမှာက ကယ်လ်ဆီယမ်ပါတဲ့ သံဓာတ်အားဖြည့်ဆေးတွေကို မသောက်သင့်ပါဘူး။ သံဓာတ်အားဖြည့်ဆေးသောက်တာက သောက်လို့ရပါတယ်။ တချို့သံဓာတ်အားဖြည့်ဆေးတွေကတော့ တခြားဓာတ်တွေလည်း ပါတတ်တာကြောင့် ကယ်လ်ဆီယမ်ပါရင် မသောက်ဘဲ တခြားဟာ ရွေးသောက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Drug Interaction ကြောင့်ပါ။ ဆေးတွေအချင်းချင်း ဓာတ်ပြုပြီး အာနိသင်ပျက်ကုန်မှာ စိုးလို့ပါ။ အစာမကြေလေပွရင်တော့ ဗီတာမင်စီပါတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပြီး လမ်းများများလျှောက်ပေးပါ။ ကိုယ်အလေးချိန်ကျနေရင် တစ်နေ့ကို အနည်းဆုံး ၇ ကြိမ် စားပေးပါ။

Most Popular

Healthy Life Ad
To Top