Healthy Life Ad
Q & A

ဆီးချိုသွေးချိုရောဂါ ကုသရေးရည်မှန်းချက်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဆီးချိုသွေးချိုရောဂါ ကုသရာမှာ ထားရှိတဲ့ ရည်မှန်းချက်တွေကို သိပါရစေ ဆရာ။

A. ဆီးချိုသွေးချိုရောဂါ ကုသရာမှာ သွေးတွင်းသကြားဓာတ်ကို HbA1c က ၆ ဒသမ ၅-၇ ရာခိုင်နှုန်း၊ အစာမစားခင် သွေးတွင်းသကြားဓာတ်က ၉၀-၁၃၀ mg/dl၊ ကြုံကြိုက်သလို ဖောက်စစ်တဲ့ သွေးတွင်းသကြားဓာတ်က ၁၁၀-၁၅၀ mg/dl၊ အစာစားပြီး သွေးတွင်းသကြားဓာတ်က ၁၈၀ mg/dl အောက်မှာ ထိန်းထားဖို့လိုပါတယ်။ သွေးပေါင်က ၁၃၀/ ၈၀ mmHg အောက် ထိန်းသိမ်းထားသင့်ပါတယ်။ သွေးတွင်းအဆီဓာတ် Total Cholesterol ၂၀ဝ mg/dl အောက်၊ LDL ကိုလက်စထရော ၁၀ဝ mg/dl အောက်၊HDL ကိုလက်စထရော ၅၀ mg/dl အောက်၊ ထရိုင်ဂလစ်ဆရိုက် ၁၅၀ mg/dl အောက်ရှိအောင် ကုသမှုခံယူပြီး ထိန်းသိမ်းသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top