Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူ ခွဲစိတ်ကုသရင် အနာမကျက်ဘူးဆိုတာ မှန်ပါသလား . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခွဲစိတ်ကုသရင် အနာမကျက်ဘူးလို့ ပြောကြပါတယ်။ ဒါကကော မှန်ပါသလား ဆရာ။

A. ဆီးချိုရှိရင် အနာမကျက်ဘူး၊ ဆီးချိုမရှိရင် ခွဲလို့မရဘူးဆိုတာလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရောဂါရှိသူကို ခွဲစိတ်ဆရာဝန်ကြီးတွေက ခွဲမယ်ဆိုရင် ဆရာတို့က ဆီးချိုထိန်းချုပ်မှုကောင်းအောင် လုပ်ပေးပါတယ်။ ကျောက်ကပ်တွေ၊ နှလုံးတွေစစ်ပါတယ်။ သွေးအားကောင်း၊ မကောင်း စစ်ပါတယ်။ မကောင်းတဲ့တိုင်အောင် ထိန်းနိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုရင် ခွဲစိတ်လို့ ရပါတယ်။ အနာလည်း ပုံမှန်ကျက်ပါတယ်။ ခွဲစိတ်အထူးကုဆရာဝန်နဲ့ သမားတော်နဲ့ ပူးပေါင်းပြီး ဆီးချိုကို စနစ်တကျ ထိန်းထားပြီး ခွဲလို့ရပါတယ်။ သတ်မှတ်ချက်တစ်ခုကတော့ သောက်ဆေးသောက်နေတဲ့သူတွေ အကုန်လုံးကို အင်ဆူလင် ပြောင်းထိုးပေးပါတယ်။ အဲဒီလိုပြောင်းထိုးရတာကတော့ Stress ဒဏ်ကိုလည်း ပိုခံနိုင်အောင်လို့၊ ဆီးချိုကိုလည်း ပိုပြီးထိန်းနိုင်အောင်လို့ ပြောင်းထိုးပေးလိုက်တာပါ။ ခွဲစိတ်မှုပြီးသွားရင် သောက်ဆေးကို ပြန်ပြောင်းပေးပါတယ်။

Most Popular

Healthy Life Ad
To Top