Healthy Life Ad
Health Tips

ကိုရိုနာဗိုင်းရပ်စ်အတွက် အိမ်တွင်းသန့်ရှင်းရေး (Routine Cleaning and Disinfection of Households)

ဒေါက်တာတင့်ဆွေ

နေအိမ် ရုံး အလုပ်နေရာတွေကိုပါ ဆိုလိုတယ်။ မျက်နှာပြင်တွေကို ဘယ်လိုသန့်ရှင်းပေးမလဲ။ စားပွဲ၊ ကုလားထိုင်၊ ထိုင်ခုံ၊ တံခါးလက်ကိုင်နေရာ၊ မီးခလုတ်၊ ရေအိမ်သာ၊ ပိုက်ခေါင်း၊ လက်ဆေးခွက် စတာတွေ။

၁။ သန့်ရှင်းရေးလုပ်တဲ့သူ လက်အိတ်သုံးရမယ်။ နှာခေါင်းစည်းလိုမယ်။

၂။ သန့်ရှင်းရေးလုပ်နေချိန်မှာ လေဝင်လေထွက် ကောင်းရမယ်။

၃။ သန့်ရှင်းရေးလုပ်ရတဲ့ အကြိမ်ရေနည်းအောင် မလိုအပ်တာတွေ အသုံးမပြုပါနဲ့။

၄။ နေမကောင်းနေသူနဲ့ တတ်နိုင်သမျှ အနီးကပ်မနေပါနဲ့။ သီးခြားထားပေးပါ။ လူနာအတွက် သီးသန့်တစ်ရှူး လက်ဆေးရည်ဆပ်ပြာ စတာတွေ ထားပေးပါ။

၅။ အိမ်ရှိလူကုန် စည်းကမ်းလိုက်နာပါ။ ရုံးအလုပ်နေရာရှိ လူကုန် စည်းကမ်းလိုက်နာပါ။

Surfaces မျက်နှာပြင်

• လက်အိတ်သုံးပါ။ တခါသုံးတစုံ။ ပြန်သုံးလို့ရတာဆိုရင် အဲလိုအလုပ်အတွက် သီးသန့်သတ်မှတ်ထားပါ။

• လက်အိတ်ချွတ်ပြီး ချက်ချင်းလက်ဆေးပါ။

• မျက်နှာပြင်က ညစ်ပေနေရင် ဆပ်ပြာသုံးပြီး အရင်ဆေးပါ။ ပြီးမှ ပိုးသေဆေးသုံးပါ။

• ပိုးသေဆေးမှာ အယ်လ်ကိုဟော ၇၀% ပါတာကောင်းတယ်။

• ချွတ်ဆေးခေါ် ကလိုရင်းပါဘလိချ်ကို ရေရောသုံးနိုင်တယ်။ အသုံးပြုနိုင်တဲ့ နေ့စွဲစစ်ပါ။

• အဲဒီဆေးကို အမိုးနီးယားပါတာနဲ့ မရောပါနဲ့။ တခြားသန့်ရှင်းဆေးရည်တွေနဲ့လည်း မရောပါနဲ့။

Bleach ဘလိချ်ကို ရေရောနည်း

၁။ 5 tablespoons (1/3rd cup) bleach per gallon of water လက်ဖက်ရည်ဇွန်း ၅ ဇွန်း + ရေတဂါလံ သို့မဟုတ်

၂။ 4 teaspoons bleach per quart of water လက်ဖက်ရည်ဇွန်း ၄ ဇွန်း + ရေတကွာတ။

Hand hygiene လက်သန့်ရှင်းရေး

လက်ကို ရေးနဲ့ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးပါ။ ဆပ်ပြာသုံးချိန်မရှိရင် မလိုလောက်ရင် အယ်လ်ကိုဟော ၆၀% ပါ hand sanitizer လက်ဆေးရည်သုံးပါ။ လက်ကညစ်ပေနေတာကို မျက်စိနဲ့မြင်နိုင်တာတိုင်းကိုတော့ ဆပ်ပြာနဲ့သာဆေးပါ။

ဘယ်အချိန်မှာ လက်ဆေးရမလဲ

• ချောင်းဆိုးပြီးတိုင်း

• နှာချေပြီးတိုင်း

• ထမင်မချက်မီတိုင်း

• အစာမစားမီတိုင်း

• သန့်စင်ခန်းက ထွက်လာတိုင်း

• အိမ်မွေးတိရစ္ဆာန်ကို ကိုင်ပြီးတိုင်း

• လူနာ သို့မဟုတ် ကလေးငယ်ကို ပြုစု လုပ်ကိုင်ပေးပြီးတိုင်း

• မဆေးရသေးတဲ့လက်နဲ့ မျက်နှာ ပါးစပ် မျက်စိ နှာခေါင်းနေရာတွေကို ထိကိုင်တာ မလုပ်ပါနဲ့။

Disinfectants to Control the COVID-19 Virus ပိုးသေဆေး

ပိုးသေဆေးစိုထိုင်းနေချိန်မှာသာ ကိုရိုနာဗိုင်းရပ်စ် စတဲ့ပိုးတွေ ကင်းရှင်းနေပါမယ်။ Surface wipes ဝိုက်အစထပ်သုံးလိုက်ရင် ခြောက်တာမြန်စေမယ်။ စိုနေချိန်ကြာပါစေ။

အခြားလိုအပ်ချက်များ

• ကော်ဇောတို့လို အရာတွေကို သီခြားသန့်ပေးရမယ်။

• လျှော်လို့ရတာတွေကို အဝတ်လျှော်စက်မှာ လျှော်ပါ။

• အဲတာတွေလုပ်တိုင်း လက်အိတ်သုံးပါ။ လက်ဆေးပါ။

• ညစ်ပေနေတာတွေကို လေထဲမှာ မခါပါနဲ့။

• အခန်းအနံ့အသက် စူးရှနေတာ မကောင်း။

• ပြူတင်းပေါက်တွေ သင့်တဲ့အချိန်မှာ ဖွင့်ပါ။

• ပန်ကာ လိုတဲ့အချိန်မှာ ဖွင့်ပါ။

• ကလေးတွေကို ပိုးသေဆေးပါတာတွေ မထိကိုင်ပါစေနဲ့။

• လက်ဆေးရန် disinfectant wipes နဲ့ baby wipes တွေမသုံးပါနဲ့။

• အမှိုက်ပုံး စနစ်တကျစွန့်ပါ။ အမြဲဖုံးထားပါ။ ကိုင်ပြီး လက်ဆေးပါ။

• အိမ်ကို လူဝင်လူထွက် နည်းပါစေ။

၁၅-၃-၂၀၂၀

Most Popular

Healthy Life Ad
To Top