Healthy Life Ad
Real Life

ခေါင်းမာလှတဲ့ဆိတ်တွေ . .

စူး (ဆေးဝါးတက္ကသိုလ်)

ဆိတ်နှစ်ကောင်က ကျဉ်းမြောင်းလှတဲ့ တံတားတစ်စင်းပေါ်မှာ မျက်နှာချင်းဆိုင် ဆုံမိကြတယ်။

“ငါအရင်သွားမယ်”လို့ တစ်ကောင်က ဆိုတယ်။

“မရဘူး၊ မင်း ငါ့ရှေ့က ဖယ်ပေး၊ ငါအရင် သွားမယ်”လို့ နောက်တစ်ကောင်က ဆိုပြန်ရော။

သူတို့တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်စကားများပြီး နောက်ဆုံးမှာ တွန်းကြ၊ တိုက်ကြနဲ့ ဟန်ချက်ပျက်ကုန်ကြတယ်။ ဒေါသထွက်ပြီး ရန်ဖြစ်အချင်းများရာက အောက်က စမ်းချောင်းထဲ ပြုတ်ကျပြီး သေဆုံးသွားပါသတဲ့။

ရက်အနည်းငယ်အကြာမှာ နောက်ထပ်ဆိတ်နှစ်ကောင်က ကျဉ်းမြောင်းလှတဲ့ တံတားတစ်စင်းပေါ်မှာ မျက်နှာချင်းဆိုင် ဆုံမိကြပြန်ပါရော။ ဒါပေမဲ့ ဒီဆိတ်နှစ်ကောင်စလုံးကတော့ ဉာဏ်ပညာလည်းရှိတဲ့အပြင် သည်းခံစိတ်ရှည်ကြတယ်။

သူတို့က လမ်းဖယ်ပေးဖို့ အဆင်သင့်ရှိနေကြတဲ့အတွက် နေရပ်ကို အန္တရာယ်ကင်းကင်း ချောချောမောမော ရောက်ကြရတယ်။

ဒီစာစုက ပေးချင်တဲ့ သင်ခန်းစာကတော့ တချို့သော အခြေအနေတွေမှာ အကျိုးမရှိဘဲ ခေါင်းမာနေမယ့်အစား သဘောထား ပျော့ပျောင်းတာက အောင်မြင်မှုကို ရရှိစေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top