Healthy Life Ad
Health Tips

မျက်ခွံလှုပ်ခြင်း (Eye twitching)

ဒေါက်တာတင့်ဆွေ

မျက်ခွံလှုပ်တာဟာ ဆက်တိုက်လှုပ်နေတာဖြစ်ပေမဲ့ ဆေးပညာမှာ Benign လို့ သတ်မှတ်ပါတယ်။ စိုးရိမ်စရာတော့မရှိပါ။ ကျန်းမာရေး နောက်ခံတခုခုကနေတော့ ဖြစ်နိုင်တယ်။ ခက်တာက ပျောက်အောင်ကုဖို့ခက်တာ ဖြစ်နေတယ်။

Stress စိတ်ဖိအားများနေခြင်း၊

Tiredness မောပန်းနေခြင်း၊

Eye strain မျက်စိအသုံးပြုတာ များသွားခြင်း၊ (Computer eye strain ရေးထားပါတယ်။)

Caffeine (ကေဖင်း)ပါတာ သောက်ခြင်း၊

Alcohol အရက်၊

Dry eyes မျက်စိခြောက်သွေ့နေခြင်း၊ (Antihistamines, Antidepressants ဆေးတွေကြောင့်လည်း ခြောက်နိုင်တယ်။ မျက်စိခြောက်တာအတွက် မျက်စဉ်းတွေလဲ ရေးထားတယ်။) Allergies (အလာဂျီ) ဖြစ်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ (ရေးထားပါတယ်။) Magnesium (မဂ္ဂနီဆီယမ်) ဓာတ်နည်းနေရင်လဲ ဖြစ်နိုင်တယ်။ အားဆေးဆိုတာထဲမှာ ဒီဓာတ်ပါတာကို ရွေးသောက်နိုင်တယ်။

အမျိုးအစား (၃) ခုခွဲတယ်။

၁။ Minor eyelid twitch သာမန်၊

၂။ Benign essential blepharospasm အလတ်စားနဲ့

၃။ Hemifacial spasm ခေါ်တဲ့ အာရုံကြောရောဂါဖြစ်တယ်။

Minor eyelid twitch သာမန်လေးဖြစ်တာက Conjunctiva မျက်စိအတွင်းခံကိုဖုံးနေတဲ့ အလွှာပါးလေးဖြစ်ဖြစ် Cornea မျက်ကြည်လွှာဖြစ်ဖြစ်ကို နေမထိသလို ကလိတာတခုခု ဖြစ်နေတာကြောင့် ဖြစ်တတ်တယ်။ များသောအားဖြင့် ဘာလို့လဲရှာမရဘူး။ Benign essential blepharospasm အမျိုးအစားက အသက်ကြီးလာရင် ပိုဆိုးလာတတ်တယ်။ အမေရိကားမှာ လူ ၂ သောင်းကနေ ၅ သောင်းအထိ ဖြစ်နေတယ်။ ဆိုးတဲ့ရောဂါတော့ မဟုတ်ပါ။ အားယုတ်တာ၊ စိတ်ဖိအားများတာ၊ အလင်းရောင်၊ နေ၊ လေ စတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်တယ်။ တိုးလာတာနဲ့ နေရောင်ကို မရင်လိုမခံနိုင် ဖြစ်လာတယ်။ မျက်စိကြည့်ရတာလဲ မကောင်းတော့ဘူး။ သုတေသနလုပ်သူတချို့က မျိုးရိုးနဲ့ ပတ်ဝန်းကျင်ကို ထင်ကြတယ်။Hemifacial spasm ဆိုတာက ရှားတယ်။ ဖြစ်ရင် မျက်ခွံကြွက်သားသာမက ဖြစ်တယ်။ ပါးစပ်နေရာမှာလဲ လှုပ်တယ်။ မျက်နှာတဖက်သပ်ဖြစ်တယ်။

“များသောအားဖြင့် အလိုလိုပျောက်မယ်။ အလုပ်နားလိုက်တာ၊ မျက်စိအသုံးချတာနားလိုက်တာ၊ အရက်၊ ကော်ဖီ သောက်တာ နားဖို့လိုသူတွေက နားရမယ်။ အိပ်ပျော်နေတုန်းမှာ မလှုပ်တာမို့ အနားယူဖို့ လိုမယ်ဆိုတာကို ပြနေတယ်။ မျက်စိခြောက်တာလို့ထင်ရင်”. . .

သွေးလွှတ်ကြောကနေ အာရုံကြောကို ဖိမိနေလို့ ဖြစ်ရတယ်။

ဘယ်လိုကုသမလဲ

သာမန်အမျိုးအစားအတွက်ဖြစ်တာ ဘာလို့မသိတော့ ကုသရတာလဲ တိတိကျကျမရှိဘူး။ များသောအားဖြင့် အလိုလိုပျောက်မယ်။ အလုပ်နားလိုက်တာ၊ မျက်စိအသုံးချတာ နားလိုက်တာ၊ အရက်၊ ကော်ဖီ သောက်တာ နားဖို့လိုသူတွေက နားရမယ်။ အိပ်ပျော်နေတုံးမှာ မလှုပ်တာမို့ အနားယူဖို့ လိုမယ်ဆိုတာကို ပြနေတယ်။ မျက်စိခြောက်တာလို့ထင်ရင် Artificial tears မျက်ရည်တုမျက်စဉ်းသုံးပါ။ Benign essential blepharospasm ကို ကုသနည်းလည်း သတ်သတ်မှတ်မှတ်မရှိသေးပါ။ Botulinum toxin (Botox or Xeomin) ဆေးထိုးနိုင်တယ်။ အမှန်က Hemifacial spasm အတွက်ဆိုရင် ဒီနည်းကို သေချာသုံးရတယ်။ Clonazepam, Lorazepam, Trihexyphenidyl ဆေးတွေကိုလည်း သုံးကြတယ်။ ရေတိုအတွက် သက်သာစေတယ်။ ၁၅% သာ ကောင်းတာတွေ့ရတယ်။

တခြားကုသနည်းတွေအဖြစ် –

Biofeedback စက်ကရိယာနည်း၊

Acupuncture အပ်စိုက်နည်း၊

Hypnosis အိပ်မွေ့ချနည်း၊

Nutrition therapy တွေရှိတယ်။ ဆေးပညာအရ ထောက်ခံချက် တိတိကျကျမပေးနိုင်ပါ။

ဘယ်နည်းနဲ့မှ မရရင်တော့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ Blepharospasm ဖြစ်တာကို Myectomy ခွဲစိတ်နည်းလုပ်ပေးရင် ၇၅-၈၅% ကောင်းကြတယ်။ လှုပ်စေတဲ့ အာရုံကြောကို ဖြတ်ပေးတာဖြစ်တယ်။ Hemifacial spasm ဖြစ်နေသူတွေကိုလဲ Neurosurgical procedure ခွဲစိတ်နည်းနဲ့ သွေးလွှတ်ကြောကနေ အာရုံကြောကို ဖိနေတာသက်သာအောင် လုပ်တယ်။ ဒါပေမဲ့ ဘေးထွက်ဆက်ဖြစ်လာမှာတွေကို သတိထားရတယ်။

Most Popular

Healthy Life Ad
To Top