Healthy Life Ad
Health Tips

ကိုယ်အလေးချိန်လျှော့လိုလျှင် ခရမ်းချဉ်သီး များများစားပါ

စူး(ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန် လျော့ကျဖို့အတွက် စားသင့်တဲ့အစားအသောက်တွေကို သုတေသီတွေက လေ့လာဖော်ထုတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်။ ဒါပေမဲ့ အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီးကတော့ မပါဝင်ခဲ့ပါဘူး။ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့အတွက် တကယ်ကို ထိရောက်အသုံးဝင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာစားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။

ခရမ်းချဉ်သီးမှာ အစာစားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။

အသက် ၁၈နှစ်နဲ့ ၃၅နှစ်အကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီးညှပ်ပါတဲ့ ပေါင်မုန့်စားသူတွေဟာ ခရမ်းချဉ်သီးမပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှုပိုရကာ နောက်ထပ်အစာစားချင်စိတ် လျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

တခြားလေ့လာမှုတစ်ခုအရ ခရမ်းချဉ်သီးမှာ အစာစားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်။

ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း၊ မျိုးပွားနိုင်စွမ်း အားကောင်းစေခြင်း စတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်းမြန်စေခြင်းနဲ့ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူ အားကောင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာသွယ်လျလှပဖို့အတွက် စားပေးရင်း တခြားကျန်းမာရေး အကျိုးရလဒ်ကောင်းတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top