Healthy Life Ad
Health Tips

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) နှင့် ပတ်သက်ပြီး အဓိကအချက်လေးချက်ကို ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က COVID-19 နှင့် ပတ်သက်ပြီး ၂၀၂၀ မတ်လ ၁၁ ရက်နေ့တွင် မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အဓိကအချက်လေးချက်ကို ပြောကြားခဲ့သည်။

“အဓိကအချက်လေးချက်ကို ကျွန်တော်အတိုချုပ်ပြောပြပါရစေ။”

ပထမဦးစွာ အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ပါ။

ဒုတိယအချက်မှာ ရောဂါရှာဖွေဖော်ထုတ်ပါ၊ ကာကွယ်ပါနဲ့ကုသပါ။

တတိယအချက်က ရောဂါပျံ့နှံမှုကိုလျှော့ချပါ။

စတုတ္ထအချက်ကတော့ တီထွင်ဆန်းသစ်လေ့လာပါ။

အရေးပေါ်တုန့်ပြန်မှုယန္တရားတွေကို တိုးမြှင့်ဖို့နဲ့ အဲဒီလိုတိုးမြှင့်ပေးဖို့ သင့်ကိုကျွန်တော်တို့ ဖိတ်ခေါ်နေတယ်ဆိုတာ နိုင်ငံအားလုံးကို အသိပေးလိုပါတယ်။ ရောဂါအန္တရာယ်များအကြောင်းနဲ့ ကိုယ်တိုင်ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာ ကိုယ့်နိုင်ငံကလူတွေကို ပြောကြားပါ။ ဒါက လူတိုင်းလုပ်ဆောင်ရမယ့် အလုပ်ဖြစ်တယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ယခုအခါ နိုင်ငံပေါင်း ၁၁၄ နိုင်ငံတွင် COVID-19 တွေ့ရှိမှုပေါင်း ၁၁၈,ဝ၀ဝ ကျော်ဖြစ်ပွားခဲ့ပြီး ၄,၂၉၁ ဦး သေဆုံးခဲ့ကြောင်း၊ ဆေးရုံများတွင် လူဦးရေထောင်ချီက အသက်ရှင်ရန် ဆေးကုသမှုခံယူနေရကြောင်းနှင့် လာမည့်ရက်များနှင့် ရက်သတ္တပတ်များအတွင်း ရောဂါဖြစ်ပွားမှုအရေအတွက်၊ သေဆုံးမှုအရေအတွက်နှင့် ဘေးဒဏ်သင့်နိုင်ငံများ ပိုမိုများပြားလာသည်ကို တွေ့မြင်ရန်မျှော်လင့်ထားကြောင်း၊ နိုင်ငံများအနေဖြင့် ရောဂါဖြစ်သူများအား ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်း၊ သီးသန့်ခွဲထားခြင်း၊ ခြေရာကောက်ခြင်းနှင့် စည်းရုံးခြင်းများ ပြုလုပ်ပါက ကူးစက်မှုအစုအဖွဲ့များ မဖြစ်လာစေရန် တားဆီးနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ၁၁-၃-၂၀၂၀ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထိုကြေညာချက်နှင့်အညီ လုပ်ဆောင်ရန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၄င်း၏တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

(ကိုးကား-https://www.who.int/dg/speeches 11-3-2020,MOHS(FB))

Most Popular

Healthy Life Ad
To Top