Healthy Life Ad
Health Tips

အိုလံပစ်အားကစားဆီကရတဲ့ သင်ခန်းစာတွေနဲ့ သားဥအိမ်ကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ရှန်နွန်မီလာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ခုနှစ်ကြိမ်မြောက် အိုလံပစ်ဆုတံဆိပ်ရှင် ရှန်နွန်မီလာဟာ အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ခန်းလုပ်ခဲ့ရတာတွေကနေ ရလာတဲ့ သင်ခန်းစာတွေဟာ သားဥအိမ်ကင်ဆာကုသမှုမှာ ခံနိုင်ရည်ရှိအောင် ကူညီပေးတယ်လို့ ဆိုပါတယ်။ “ဆေးကုသမှုအောင်မြင်ရခြင်းရဲ့ ကြီးမားတဲ့အပိုင်းက အားကစားသမားတစ်ယောက် ဖြစ်တာကြောင့်ပါပဲ။ ဆေးကုသမှုမှာ အခက်ခဲဆုံးအပိုင်းတွေကို ရင်ဆိုင်ဖို့ အကောင်းမြင်စိတ်ဓာတ်တွေကို အားကစားကနေ ရရှိခဲ့တာပါ”လို့ မီလာကဆိုပါတယ်။ မီလာဟာ အသက် ၃၃ နှစ်အရွယ်မှာ သားဥအိမ်ကင်ဆာရှိနေကြောင်း တွေ့ရှိခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်မှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမလုပ်ဘဲ နေမိခဲ့ပါတယ်။ သူဟာ တစ်နှစ်သားအရွယ်ရော်ကိုရဲ့ မိခင်ဖြစ်ပြီး အလုပ်နဲ့ မိသားစုဘဝကြားမှာ အလုပ်များလွန်းလို့ စစ်ဆေးမှုမလုပ်မိခဲ့တာပါ။

ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ အတွေးဝင်လာ

“ကျွန်မက အပတ်စဉ်ရေဒီယိုမှာ ကျန်းမာရေးကို စောစောစစ်ဆေးခြင်းအကြောင်း အင်တာဗျူးတဲ့အပိုင်းမှာ အလုပ်လုပ်ခဲ့တော့ ငါကကျန်းမာရေးမစစ်ဘဲ နေတဲ့သူဖြစ်နေပြီလို့ အတွေးစဝင်ခဲ့ပါတယ်”လို့ မီလာကဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို ပြန်လည်ခံယူခဲ့ပြီး ကင်ဆာက အစောပိုင်းအဆင့်မှာ တွေ့ရှိခဲ့တာပါ။ ပုံမှန်တင်ပဆုံကွင်း စစ်ဆေးမှုလုပ်စဉ်မှာ မီလာရဲ့ဆရာဝန်က မီလာရဲ့သားဥအိမ်ထဲမှာ ဘေ့စ်ဘောအရွယ် အလုံးအကျိတ်တစ်ခုကို တွေ့ရှိခဲ့ပြီး ရှားပါးလှတဲ့ သားဥအိမ်ကင်ဆာလက္ခဏာဖြစ်တဲ့ သားဥအိမ်ဆဲလ်ကင်ဆာအကျိတ် (ovarian germ cell tumor) လို့ အမည်တပ်ခဲ့ပါတယ်။

အဲဒီအခါကျမှ မီလာဟာ ဗိုက်အောင့်ခြင်း၊ လေပွခြင်းနဲ့ ကိုယ်အလေးချိန်လျော့ကျခြင်းတွေလို သားဥအိမ်ကင်ဆာ လက္ခဏာတွေကို ခံစားနေရတယ်ဆိုတာ ပြန်လည်သတိပြုမိခဲ့ပါတယ်။ ဒါတွေက မပြင်းထန်တဲ့အတွက် ဆရာဝန်ဆီ မပြခဲ့မိတာပါ။ မီလာဟာ အကျိတ်ကိုဖယ်ရှားဖို့ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကင်ဆာပြန်မဖြစ်အောင် ကင်ဆာဆေးသွင်းကုထုံးကို ၉ ပတ်ကြာ ခံယူခဲ့ပါတယ်။ ကင်ဆာက အဆင့် (၂) ဖြစ်ပြီး တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မပျံ့နှံ့ခင်မှာ တွေ့ရှိခဲ့တာပါ။

ကလေးယူလို့ရနိုင်သလား

ခွဲစိတ်မှုမတိုင်ခင်မှာ မီလာရဲ့ဆရာဝန်က မီလာတို့ဇနီးမောင်နှံနဲ့ စကားစမြည်ပြောရင်း တစ်နေ့မှာ သားသမီးထပ်ယူချင်သေးသလားဆိုတာ မေးမြန်းခဲ့ပါတယ်။ ဆရာဝန်က ကုထုံးအမျိုးမျိုးကို ပြောပြခဲ့ပြီး သားဥအိမ်တစ်ဖက်၊ သားဥပြွန်တစ်ခုကိုဖယ်မယ့် ခွဲစိတ်ပြီးနောက် မီလာကင်ဆာဆေးသွင်းကုထုံး မစတင်ခင်မှာ သားဥတွေကို သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မနောင်တမရချင်ဘူးလေ။ မိုးရွာရွာမရွာရွာ ထီးယူလာတာ ပိုကောင်းတယ်ဆိုတဲ့အတိုင်း

“မီလာက ခွဲစိတ်မှုခံယူပြီးတစ်လအကြာမှာပဲ ကင်ဆာဆေးသွင်းကုသမှုကို တစ်ပတ်မှာငါးရက်ခံယူပြီး ၉ ပတ်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ “၉ ပတ်အတွင်း ဘာမဆိုလုပ်နိုင်တယ်”ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အားပေးခဲ့တဲ့ မီလာပါ” . . .

ဒီလိုတွေးခဲ့ပါတယ်”

ကြမ်းတမ်းတဲ့လမ်း

ကုသမှုက စိတ်ရောကိုယ်ရော ကြမ်းတမ်းပင်ပန်းပါတယ်။ မီလာရဲ့ဆရာဝန်ကတော့ ဒါကို ခက်ခဲတဲ့ကုထုံးလို့ ပြောပါတယ်။ မီလာက ခွဲစိတ်မှုခံယူပြီး တစ်လအကြာမှာပဲ ကင်ဆာဆေးသွင်းကုသမှုကို တစ်ပတ်မှာ ငါးရက်ခံယူပြီး ၉ ပတ်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ “၉ ပတ်အတွင်း ဘာမဆိုလုပ်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တဲ့မီလာပါ။ ဒါပေမဲ့ ပထမသီတင်းပတ်ကုန်ခါနီးမှာပဲ မီလာဟာ ပြင်းပြင်းထန်ထန် အန်တာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာတို့ ခံစားခဲ့ရပြီး ရေကိုတောင် မဝင်တဲ့အထိ ခံစားခဲ့ရပါတယ်။ အကြောဆေးသွင်းဖို့ ဆေးရုံကို သွားခဲ့ရပါတယ်။ နှစ်ပတ်အကြာမှာတော့ မီလာရဲ့ ဆံပင်တွေကျွတ်သွားပြီး ပြင်းထန်တဲ့ နုံးချည့်မှုဝေဒနာနဲ့ အာရုံကြောနာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ “ကျွန်မဒါကို ဘယ်လိုလုပ်ရမလဲလို့ တွေးပေမယ့် ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့အသိက စိတ်သက်သာရာရစေပါတယ်။ ကျွန်မရဲ့အားကစားအသင်းက အတူရှိနေတဲ့အတွက် အားရှိခဲ့တယ်” မီလာဟာ ၂၀၁၁ မေလ ၂ ရက်နေ့မှာ ကင်ဆာဆေးသွင်းကုထုံး ပြီးဆုံးသွားခဲ့ပါတယ်။

“အဲဒီအချိန်မှာ စွမ်းအင်တွေအားလုံး ပြန်ရလာခဲ့ပြီး ဆံပင်တွေလည်း ပြန်ပေါက်လာခဲ့ပါတယ်။ ကျွန်မပိုပြီး နေလို့ထိုင်လို့ကောင်းသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ လက်အာရုံကြောနာကျင်တဲ့ ဝေဒနာကတော့ အလွန်ဆိုးရွားခဲ့ပါတယ်။ ရေပုလင်းအဖုံးကိုတောင် မဖွင့်နိုင်လောက်အောင်ပါပဲ။ လက်ထဲမှာ အလေးချိန်များတဲ့ အရာကို မ,ထားရသလို ခံစားရပြီး အိပ်ရာကနေထဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ပတ်မှာ ၇ ရက်လောက် အိုလံပစ်ထရိန်နင်လုပ်တုန်းကတောင် ဒီလိုနုံးချည့်မှုမျိုး မခံစားခဲ့ရဖူးပါဘူး” မီလာဟာ တခြားကင်ဆာကုသအောင်မြင်ထားသူဖြစ်တဲ့ သူ့မိခင်ဆီက အကူအညီတွေရရှိခဲ့သလို မိခင်ရဲ့ နားလည်စာနာမှုတွေကြောင့် ပိုပြီးနေထိုင်ကောင်းလာတာ ဖြစ်ပါတယ်။

ကင်ဆာကုသအောင်မြင်သူရဲ့ခွန်အား

“အခုဆိုရင် အိုလံပစ်အတူကစားသူတွေကို ကျန်းမာရေးစစ်ဆေးမှုခံယူဖို့၊ များများအိပ်စက်အနားယူဖို့၊ အစာကို မှန်မှန်ကန်ကန်စားသောက်ဖို့၊ ကြံ့ခိုင်အောင်နေထိုင်ဖို့နဲ့ ကင်ဆာသတိပေးလက္ခဏာတွေကို သတိထားဖို့ မှာလေ့ရှိပါတယ်”

တစ်နှစ်အကြာ

မီလန်ဟာ ဆေးကုပြီးတစ်နှစ်အတွင်း ပုံမှန်အတိုင်းပြန်ကောင်းသွားပါတယ်။ ၂၀၁၂ နွေရာသီအထိ မောပန်းလို့ တစ်ရေးအိပ်ရတဲ့မီလန်ဟာ လန်ဒန်အိုလံပစ်ပြိုင်ပွဲကနေ အိမ်ပြန်ရောက်ပြီးမကြာခင် ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ သမီးလေးဖြစ်တဲ့ စတာလင်ဟာ အခုဆိုရင် ၃ နှစ်ရှိပါပြီ။ ဒီနေ့မှာတော့ မီလန်ဟာ သူရဲ့ကင်ဆာကုသမှုအကြောင်း ပုံပြင်ပြောပြခဲ့ပြီး အမျိုးသမီးတွေကို ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဂရုစိုက်ဖို့ အားပေးစကား ပြောကြားလေ့ရှိပါတယ်။ ကျွန်မရခဲ့တဲ့ အကြီးမားဆုံးသင်ခန်းစာက နေ့တိုင်းအသက်ရှင်ချိန်ကို ဘယ်လောက်တန်ဖိုးထားသင့်သလဲဆိုတာကို သိခွင့်ရခဲ့တာပါပဲ”

(Ref;ca.org 2-9-16)

Most Popular

Healthy Life Ad
To Top