Healthy Life Ad
Q & A

လေထုထဲက ဖုန်မှုန့်များ၏ ကျန်းမာရေးအန္တရာယ်

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေဆုံဆွေးနွေးခြင်း

Q. လေထုထဲက ဖုန်မှုန့်တွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲ ဆရာ။

A. ဖုန်မှုန့်တွေက မြေကြီးကနေလာတယ်၊ တစ်ခါတလေ မြေဆီလွှာကနေလာတယ်၊ တစ်ခါတစ်ရံ ကျောက်စောင်ကျောက်ခဲတွေကနေ လာတတ်ပါတယ်။ ဒီလိုဖုန်မှုန့်တွေထဲမှာ အင်းဆက်ပိုးမွှားလေးတွေ ပါတတ်သလို ပန်းဝတ်မှုန်လေးတွေလည်း ပါတတ်ပါတယ်။ ဖုန်မှုန့်ထဲမှာ မြင်ရတဲ့ အမှုန်အမွှားတွေပါသလို မမြင်ရတဲ့ အမှုန်အမွှားတွေလည်း ပါတတ်ပါတယ်။ တစ်ခါတလေ ဓာတုဗေဒအမှုန့်တွေလည်း ပါဝင်နေတတ်ပါတယ်။ အားလုံးခြုံပြီး ဖုန်မှုန့်လို့ခေါ်တဲ့ ဒီအမှုန်အမွှားတွေကို လူတွေက နေ့စဉ်နေ့တိုင်း ထိတွေ့နေရပါတယ်။ ဒီလိုဖုန်မှုန့်တွေနဲ့ ထိတွေ့မှုကြောင့် ကျန်းမာရေးပြဿနာတွေကိုလည်း အနည်းနဲ့အများဆိုသလို ရင်ဆိုင်နေရပါတယ်။

အပြင်သွားတဲ့အခါ ဆိုင်ကယ်စီးတယ်၊ စက်ဘီးစီးတယ်ဆိုရင် မျက်နှာပေါ်မှာ ဖုန်မှုန့်တွေ ကပ်ငြိနေတာကို အမြဲတမ်း သတိထားမိတတ်ကြပါတယ်။ အဲဒီလို မျက်နှာပေါ် ဖုန်တွေကပ်တယ်၊ မျက်စိထဲ ဖုန်တွေဝင်တယ်၊ နှာခေါင်းထဲ ဖုန်တွေဝင်တယ် စသဖြင့်ဖြစ်ရာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရတတ်ပါတယ်။ မျက်လုံးထဲကို ဖုန်မှုန့်ဝင်ရင် မျက်လုံးနီလာတယ်။ နှာခေါင်းထဲကို ဝင်တဲ့အခါ အသက်ရှူကျပ်တာ၊ နှာချေတာတွေ ဖြစ်တတ်ပါတယ်။ ပါးစပ်ထဲဝင်

“ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာနေရသူတွေ၊ အလုပ်လုပ်ရသူတွေအနေနဲ့ နှာခေါင်းကာ Mask ကိုတပ်ဖို့ လိုပါတယ်။ တကယ်လို့ လိုအပ်လို့ အခြေအနေပေးရင် လက်အိတ်တွေဘာတွေဝတ်ပြီး ကာကွယ်သင့်ပါတယ်။ လမ်းခင်းတဲ့သူတွေ၊ ဓာတုပစ္စည်းနဲ့ အလုပ်လုပ်ရသူတွေဆိုရင် အကာအကွယ်ဝတ်စုံတွေကို သေချာဝတ်ပြီး အလုပ်လုပ်သင့်ပါတယ်” . . .

တဲ့အခါ အသက်ရှူကျပ်တာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။

Q. ဘယ်လိုလူတွေက ဖုန်မှုန်တွေကို အများဆုံး ထိတွေ့ရတတ်ပါသလဲ ဆရာ။

A. ဒါက လုပ်ကိုင်တဲ့ အလုပ်အကိုင်နဲ့ ဆိုင်ပါတယ်။ ဥပမာ-မြေကြီးတူးတဲ့သူဆိုရင် ဖုန်မှုန့်တွေကို အမြဲတမ်း ရှူနေရပါတယ်။ ဓာတုပစ္စည်းတွေသုံးပြီး လုပ်ကိုင်နေရတဲ့သူဆိုရင်လည်း အမှုန်အမွှားတွေကို ရှူမိနေရတတ်ပါတယ်။ ကိုယ်ကအိမ်ထဲမှာနေပေမယ့် ကိုယ့်အိမ်နားမှာ ကျောက်တောင်ကြီး ဖြိုနေတာတို့၊ တစ်ခုခုဆောက်လုပ်နေတာတို့ဆိုရင်လည်း ဒီအမှုန်တွေက ကိုယ့်ဆီရောက်လာနိုင်ပါတယ်။ လမ်းဘေးမှာနေတဲ့ အိမ်တွေဆိုရင် ကားတွေက သွားနေတဲ့အတွက်ကြောင့် ဖုန်မှုန့်တွေက အိမ်ထဲကို တောက်လျှောက်ဝင်နေတတ်ပါတယ်။ အဲဒီလို ဖုန်မှုန့်တွေကို အမြဲတမ်းလိုလို ရှူနေရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေမှာ ပန်းနာရင်ကျပ်လို ဝေဒနာဖြစ်လာတတ်ပါတယ်။ တစ်ခုခုဆိုရင် ကျပ်လာတတ်ပါတယ်။

Q. ဖုန်မှုန့်တွေရဲ့ အန္တရာယ်မကျရောက်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ နေရသူတွေ၊ အလုပ်လုပ်ရသူတွေအနေနဲ့ နှာခေါင်းကာ Mask ကိုတပ်ဖို့ လိုပါတယ်။ တကယ်လို့ လိုအပ်လို့ အခြေအနေပေးရင် လက်အိတ်တွေဘာတွေဝတ်ပြီး ကာကွယ်သင့်ပါတယ်။ လမ်းခင်းတဲ့သူတွေ၊ ဓာတုပစ္စည်းနဲ့ အလုပ်လုပ်ရသူတွေဆိုရင် အကာအကွယ်ဝတ်စုံတွေကို သေချာဝတ်ပြီး အလုပ်လုပ်သင့်ပါတယ်။ ပြီးတော့ ဓာတ်မတည့်မှုသက်သာစေမယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ဆောင်ထားစေချင်ပါတယ်။ ဖုန်မှုန့်ကြောင့် အသက်ရှူကျပ်တာ၊ ပန်းနာရင်ကျပ်ဖြစ်တာတွေ ခံစားရပြီး ဆိုးရွားလာရင်တော့ ကိုယ်လုပ်နေတဲ့အလုပ်အကိုင်ကို ပြောင်းသင့်ရင်ပြောင်းပြီး တခြားအသက်မွေးဝမ်းကျောင်းကို စဉ်းစားစေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top