Healthy Life Ad
Health Tips

တရုတ်နံနံပင်၏ ကျန်းမာရေးကောင်းကျိုး ၁၀

ငွေစင်ကြယ်ယံ

ရောင်ရမ်းမှု လျော့ကျစေနိုင်

တရုတ်နံနံပင်မှာ ပိုလီဆက်ခရိုက်နဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေပါတယ်။

သွေးတွင်းကိုလက်စထရော လျော့ကျစေနိုင်

တရုတ်နံနံပင်ကို ပုံမှန်စားတာက သွေးတွင်းမကောင်းတဲ ့ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

အသည်းရောဂါဝေဒနာများမဖြစ်အောင် ကာကွယ်နိုင်

တရုတ်နံနံပင်ကို ပုံမှန်စားပေးတာက အသည်းရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပြီး ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

ကူးစက်ပိုးကို တွန်းလှန်ပေးနိုင်

တရုတ်နံနံစေ့မှာ ဘက်တီးရီးယားနဲ့ ပိုးသတ်အစွမ်းရှိပြီး ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စေပါတယ်။

လေပွခြင်းသက်သာပြီး အစာကြေစေနိုင်

တရုတ်နံနံပင်ကို စားပေးတာက လေပွတာကိုသက်သာစေပြီး အစာကြေညက်စေပါတယ်။

သွေးတိုးခြင်းကို လျော့ကျစေနိုင်

တရုတ်နံနံပင်မှာ သွေးတိုးကျစေတဲ့ အစွမ်းရှိတာကြောင့် သွေးတိုးတာကို ထိန်းပေးပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေနိုင်

တရုတ်နံနံပင်မှာ ကယ်လိုရီပါဝင်မှုလျော့နည်းတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစာထဲမှာ စာရင်းဝင်တစ်မျိုးပါ။

အနာများမဖြစ်စေရန် ကာကွယ်နိုင်

တရုတ်နံနံကို ပုံမှန်စားပေးတာက အနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအန္တရာယ်ကို လျှော့ချနိုင်

တရုတ်နံနံပင်ကို ပုံမှန်စားတာကြောင့် အစာအိမ်အူလမ်းကြောင်းနဲ့ မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဘက်တီးရီးယားပိုး ပေါက်ပွားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကိုကာကွယ်နိုင်

တရုတ်နံနံက မုန်လာဥနီ၊ စမုံစပါးတို့လိုပဲ ကင်ဆာကိုကာကွယ်နိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

Most Popular

Healthy Life Ad
To Top