Healthy Life Ad
Q & A

ကြွက်သားမလှုပ်ရှားနိုင်ခြင်း (Paralysis)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. ကြွက်သားမလှုပ်ရှားနိုင်ခြင်း (Paralysis) ဆိုတာ ဘာကိုဆိုလိုပါသလဲဆရာ။

A. Paralysis ဆိုတာက ကြွက်သားတစ်ခု ဒါမှမဟုတ် ကြွက်သားအစုတစ်ခု အလုပ်မလုပ်တော့တဲ့အတွက် အတိုင်းအတာတစ်ခုအထိ မလှုပ်ရှားနိုင်တော့တာကို ဆိုလိုပါတယ်။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အဓိကကတော့ အာရုံကြောတွေကို ထိခိုက်လို့ပါ။ အာရုံကြောထိခိုက်တယ် ဆိုတာကလည်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ဦးနှောက်နဲ့ ဦးနှောက်ကနေဆင်းလာတဲ့ Spiral Cord ကြီးကို ထိခိုက်တာရှိတယ်။ နောက်တစ်ခုကတော့ Peripheral Nerve လို့ခေါ်တဲ့ တစ်ကိုယ်လုံးကို ဖြာထွက်တဲ့ အာရုံကြောတွေကို ထိခိုက်တာ ဖြစ်ပါတယ်။

Q. ဖြစ်ရတဲ့အကြောင်းရင်းတွေကို သိပါရစေ ဆရာ။

A. Paralysis ဖြစ်ရတဲ့အကြောင်းရင်း အများစုကတော့ Spiral Cord ဖြစ်တဲ့ ခါးအာရုံကြောမကြီးကို ထိခိုက်လို့ဖြစ်တာပါ။ လည်ပင်းရိုးက အာရုံကြောကိုထိခိုက်ရင် Quadriplegia လို့ခေါ်တဲ့ လက်တွေကစပြီး အောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ကျောရိုးနောက်ပိုင်းမှာ ထိခိုက်ရင် Paraplegia ဆိုတဲ့ ခန္ဓာကိုယ်အောက်ပိုင်းသေတာတွေ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ခေါင်းဒဏ်ရာရလို့ ဦးနှောက်ထိခိုက်မိတဲ့အခါမှာလည်း ထိခိုက်တဲ့ ဦးနှောက်နေရာပေါ်မူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မလှုပ်ရှားနိုင်တာ ဖြစ်တတ်ပါတယ်။ ဦးနှောက်မှာဖြစ်တဲ့ အကျိတ်တွေ၊ ကင်ဆာအမျိုးမျိုးတွေကြောင့်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မလှုပ်ရှားနိုင်ဘဲ ဖြစ်တတ်ပါတယ်။ လေဖြတ်တာ (Stroke)က သွေးကြောတစ်နေရာရာမှာ ပိတ်သွားတာ၊ သွေးကြောတစ်နေရာရာမှာပေါက်ပြီး သွေးထွက်သွားတာ အစရှိတဲ့အချက်တွေကြောင့် ဖြစ်တတ်ပါတယ်။

Poliomyelitis လို့ခေါ်တဲ့ ပိုလီယိုရောဂါမှာလည်း အာရုံကြောတွေ ထိခိုက်သွားတဲ့အတွက်ကြောင့် အောက်ပိုင်းတွေ မလှုပ်ရှားနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ထိမိခိုက်မိတဲ့အခါ ကွဲတာ၊ ရှတာအပြင် အာရုံကြောတွေပါ ပျက်စီးသွားတာမျိုးဖြစ်ရင် လှုပ်ရှားမှု ထိခိုက်နိုင်ပါတယ်။ ဥပမာ- ခြေထောက်တွေ၊ လက်တွေ ထိခိုက်တာကနေ အာရုံကြောတွေပါ ထိခိုက်သွားရင် လက်တွေမလှုပ်ရှားနိုင်တာနဲ့ ခြေတွေမလှုပ်ရှားနိုင်တာ ဖြစ်တတ်ပါတယ်။ အနာကြီးရောဂါသည်တွေမှာလည်း အာရုံကြောတွေ ထိခိုက်တဲ့အခါမှာ အဲဒီလိုဖြစ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာ Cerabral Palsy ပြဿနာရှိရင်လည်း မသန်စွမ်းမှုတွေ ဖြစ်တတ်ပါတယ်။ ဟိုးအရင်တုန်းက အဖြစ်များခဲ့တဲ့ Beri Beri ရောဂါ ဗီတာမင် B1 (Thiamine) ချို့တဲ့တာက အခုတော့ တော်တော်ရှားသွားပါပြီ။ အဲဒီရောဂါကြောင့်

“သူကအိပ်နေရင် လှုပ်လို့မရအောင်ဖြစ်သွားတာမျိုး (Sleep Paralysis) ဖြစ်တတ်ပါတယ်။ အများအားဖြင့် အိပ်ကာစအချိန်နဲ့ အိပ်ရာကနိုးကာစအချိန်တွေမှာ ဖြစ်တတ်ပါတယ်။ မြန်မာလူမျိုးတွေကတော့ သရဲစီးတာ၊ ဘီလူးစီးတာဆိုပြီး ပြောလေ့ရှိကြတယ်။ REM sleep pattern ပုံမမှန်တာကြောင့် ဖြစ်တာပါ။”

ကြွက်သားမသန်စွမ်း ဖြစ်တတ်ပါတယ်။

Multiple Sclerosis ရောဂါ ဖြစ်နေရင်လည်း အာရုံကြောတွေ ထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက Guillain Barre Syndrome ရောဂါတွေဖြစ်နေရင် ပထမဆုံး အောက်ပိုင်းခြေထောက်တွေ မသန်စွမ်းဖြစ်တယ်၊ နောက်တဖြည်းဖြည်း အပေါ်ကိုတက်လာတယ်။ အဲဒီအခါ လက်တွေလည်း မလှုပ်ရှားလာနိုင်တော့ဘူး။ နောက်ပိုင်း Respiratory Paralysis ဖြစ်ပြီး အသက်ပါကောင်းကောင်းမရှူတော့ဘူး။ အန္တရာယ်ရှိတဲ့ ရောဂါမျိုးပါပဲ။ နောက်ဖြစ်တတ်တာတစ်ခုက ဒီနိုင်ငံမှာတော့ ဆရာမတွေ့မိပါဘူး။ တခြားနိုင်ငံမှာ Tick Paralysis ဆိုတာဖြစ်ပါတယ်။ Tick ဆိုတဲ့ မွှားကောင်လေးတွေက လူကိုလာကိုက်တဲ့အခါမှာ သူတို့တံတွေးထဲမှာ အဆိပ်ပါလာပြီး လှုပ်ရှားလို့မရတော့တာ ဖြစ်တတ်ပါတယ်။ အဲဒါက ကလေးတွေမှာ အဖြစ်များပါတယ်။

Q. Paralysis က ယာယီပဲဖြစ်တဲ့ အခြေအနေမျိုးကော ရှိပါသလားဆရာ။

A. ရှိပါတယ်။ ဒါက Temporary Paralysis လို့ခေါ်တဲ့ ခဏပဲဖြစ်တတ်တဲ့ ရောဂါလည်းရှိပါတယ်။ သူကအိပ်နေရင် လှုပ်လို့မရအောင် ဖြစ်သွားတာမျိုး (Sleep Paralysis) ဖြစ်တတ်ပါတယ်။ အများအားဖြင့် အိပ်ကာစအချိန်နဲ့ အိပ်ရာကနိုးကာစအချိန်တွေမှာ ဖြစ်တတ်ပါတယ်။ မြန်မာလူမျိုးတွေကတော့ သရဲစီးတာ၊ ဘီလူးစီးတာဆိုပြီး ပြောလေ့ရှိကြတယ်။ REM sleep pattern ပုံမမှန်တာကြောင့် ဖြစ်တာပါ။ နောက်တစ်ခုက Pseudo Paralysis ဆိုတဲ့ တကယ့်ရောဂါဖြစ်တာမဟုတ်ဘဲနဲ့ ခဏဖြစ်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အဲဒါက သိပ်ပြီးနာကျင်မှုများနေတဲ့အခါမျိုး၊ လိင်မှုကိစ္စသာယာမှုပြီးဆုံးတာမျိုး (Orgasm) တွေမှာ တွေ့နိုင်ပါတယ်။

Q. ဆေးတွေကြောင့်ကော Paralysis ဖြစ်တတ်ပါသလား ဆရာ။

A. ရှိပါတယ်။ အဲဒါကတော့ မေ့ဆေးတွေမှာသုံးတဲ့ Muscle Relaxant ဆိုရင်လည်း ကြွက်သားတွေ မလှုပ်တော့အောင် လုပ်ပါတယ်။ အဲဒါတွေက တကယ့်ကို အန္တရာယ်ရှိတဲ့ဆေးတွေပါ။ ဒါကြောင့်လည်း ကျွမ်းကျင်တဲ့ မေ့ဆေးဆရာဝန်တွေကလွဲပြီး တခြားဆရာဝန်တွေ၊ တခြားပုဂ္ဂိုလ်တွေကို ပေးမသုံးသင့်ပါဘူး။ တစ်ခါတလေ ကြွက်သားတွေ တအားနာကျင်တဲ့ဝေဒနာ (MuscleSpasm)တွေ ခံစားရတဲ့အခါမျိုးမှာ သုံးတတ်ပါတယ်။ ဒါပေမဲ့ မေ့ဆေးသုံးတဲ့နေရာမှာပဲ အသုံးများပါတယ်။ တစ်ခါတလေ တလွဲသုံးမိတာမျိုးရှိရင်၊ ဆေးမှားပြီးထိုးမိလိုက်တာမျိုးဖြစ်ရင် လူနာက အသက်ရှူရပ်ပြီး အသက်အန္တရာယ် ကျရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးက တလွဲသုံးရင် လူသတ်နိုင်တဲ့ဆေးလို့တောင် ပြောလို့ရပါတယ်။ မြွေဆိပ်ကြောင့်လည်း တစ်ခါတလေ ဖြစ်တတ်ပါတယ်။ မြွေဆိပ်က နှစ်မျိုးရှိပါတယ်။ ံ Haemotoxin နဲ့ Neu-rotoxin ဆိုပြီး နှစ်မျိုးရှိပါတယ်။ Neurotoxin အဆိပ်တက်ခဲ့ရင် အာရုံကြောတွေထိခိုက်ပြီး ကြွက်သားတွေ မလှုပ်ရှားနိုင်တာ၊ အသက်ရှူရပ်သွားတာတွေ ဖြစ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top