Healthy Life Ad
Health Tips

ကင်ဆာမဖြစ်အောင် နေ့စဉ်စားသောက်ရာတွင် သတိပြုသင့်သည်များ

စူး (ဆေးဝါးတက္ကသိုလ်)

ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။ ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။

စားသောက်သင့်သည်များ

(၁) ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့လို မပြည့်ဝဆီပါတဲ့ အစားအစာတွေ၊ ဂျုံမှုန့်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေလို အမျှင်ဓာတ်ပါတဲ့ အစာတို့ကို စားပေးသင့်ပါတယ်။

(၂) တူနာငါး၊ ဆာဒင်းငါးတို့လို အိုမီဂါ ၃နဲ့ ၆ ပါဝင်မှုများတဲ့ ပင်လယ်စာကို စားပေးပါ။

(၃) ဟင်းချက်တဲ့အခါမှာ သံလွင်ဆီစစ်စစ်နဲ့ မြေပဲဆီတို့ကိုသုံးပါ။ ဟင်းရွက်သုပ်ရာမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီကို သုံးသင့်ပါတယ်။

(၄) ဆီးသီးလို အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ သစ်သီးတွေကိုစားပါ။ ဖြစ်နိုင်ရင် အချိုရည်အစား သစ်သီးဖျော်ရည်ကို သောက်ပါ။ သစ်သီးတွေထဲမှာ ကင်ဆာကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။

(၅) ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ကယ်လ်ဆီယမ်တို့ပါအောင် နေ့စဉ်စားပေးပါ။ သင်တစ်နေ့တာစားတဲ့ အစာထဲမှာ ဒီအာဟာရဓာတ်တွေမပါရင် ဖြည့်စွက်ဆေး စားပေးသင့်ပါတယ်။ ဒီအာဟာရဓာတ်တွေက အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး အနည်းငယ်ကြာမှ စားပေးပါ။

ရှောင်သင့်သည်များ

(၁) အနီရောင်အသားကို ကင်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေကို တတ်နိုင်သမျှ ကင်ပြီးမစားပါနဲ့။

(၂) အရက်၊ ဘီယာစတာတွေကို ဖြစ်နိုင်ရင် မသောက်ပါနဲ့။ အရက်မသောက်ရမနေနိုင်လို့ သောက်ရင် အသင့်အတင့် ပဲသောက်ပါ။

(၃) သကြားစားတာကိုလျှော့ပါ။ သကြားအရသာကို အစားထိုးနိုင်ဖို့ ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ သကြားကို သုံးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top