Healthy Life Ad
Q & A

အမျိုးသမီးတစ်ဦး ခေါင်းမူးပြီးအန်တာ (Giddiness and nausea)

ဒေါက်တာတင့်ဆွေ

Q.ကျွန်မက အိပ်ရေးပျက်တာများရင် အစာလွန်တာများရင် ခေါင်းတွေမူးပြီး အန်တတ်ပါတယ်။ ဆရာ့ဆောင်းပါးက အချက်တွေက ကျွန်မဖြစ်နေတာတွေနဲ့ တော်တော်ဆင်တူပါတယ်ဆရာ။ အရင်က အဖြစ်ကျဲပေမဲ့ အခု ခဏခဏလည်း ဖြစ်တတ်ပါတယ်။ သောက်ရမဲ့ဆေးကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။

A. ရောဂါအခြေအနေ အကုန်အစင်မသိရဘဲ ဆေးနည်းပေးရတာ ရမ်းကုဆရာသဘောတော့ ဖြစ်နေတယ်။ သိရတဲ့လက္ခဏာက ၂ ရပ်သာတွေ့ရတယ်။ ခေါင်းမူးတာနဲ့ အန်တာ။ ဘာ့ကြောင့်ဖြစ်သလဲ အိပ်ရေးပျက်တာနဲ့ အစားများတာ။ ခေါင်းမူးစေတဲ့ အကြောင်းရင်တွေက များလှတယ်။ သွေးအားနည်းတာ၊ သွေးတိုးတက်တာ စတာတွေ။ အန်စေတဲ့ အကြောင်းတွေလဲမနည်းဘူး။ အစာမကြေတာ၊ လေနာရှိတာ၊ စတာတွေ။ အာဂန္တုရောဂါ ဖြစ်ပုံရပါတယ်။ အစာစားပြီးခဏ လူရော-စိတ်ပါနားနေပါ။ လိုအပ်သေးရင် Digestive enzyme ဆေးတခုခုသောက်ပါ။ ရက်အကြာကြီး မသောက်ရပါ။ အစာကျေရင် အန်စရာမရှိဘူး။ အအန်ပျောက်ဆေးတွေက အိပ်ချင်တတ်တယ်။ လိုမှသာသောက်ပါ။ BP သွေးဖိအားစစ်ပါ။ သွေးအားနည်းနေ-မနေစစ်ပါ။ ဖြူဖတ်-ဖြူရော် ဖြစ်နေရင် သွေးအားနည်းနေနိုင်တယ်။ အမျိုးသမီးတိုင်း Ferrous sulfate နဲ့ Folic acid ကို နေ့တိုင်းသောက်သင့်တယ်။

Most Popular

Healthy Life Ad
To Top