Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင် စက်ချုပ်သင်လို့ ရ၊ မရ ….

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ စက်ချုပ်သင်လို့ အဆင်ပြေနိုင်ပါသလား။
Khaing Mie(FB)

A. စက်ချုပ်သင်တဲ့အခါ အထိုင်အထ အကုန်းအကွများသလား၊ ခြေထောက်နဲ့နင်းတဲ့စက်လား ဒါတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ စက်ချုပ်တဲ့အချိန် နှစ်နာရီ-သုံးနာရီလောက်ပဲ ပေးရတယ်ဆိုရင်တော့ ရပါတယ်။ အကုန်းအကွနဲ့ ဗိုက်ကိုထိမိ၊ ခိုက်မိတာမရှိရင်တော့ အကြမ်းအားဖြင့် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ အရင်က ကိုယ်ဝန်ပျက်ဖူးသူ၊ အခုကိုယ်ဝန်ကလည်း သတိထားဂရုစိုက်နေရတဲ့သူဆိုရင်တော့ ပထမပိုင်း ၃လမှာ နည်းနည်းဂရုစိုက်သင့်ပါတယ်။ စိတ်ဖိစီးမှုလည်း မများသင့်ပါဘူး။ အထူးသဖြင့် ကိုယ်ဝန်နုစဉ်မှာ ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top