ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
(၁) ဗီတာမင်ဘီနှင့် အီးပါဝင်မှုများသည့် အစာများ
ဗီတာမင်ဘီနဲ့ ဗီတာမင်အီးက ခန္ဓာကိုယ်နဲ့ ဆံပင်အတွက် မရှိမဖြစ် ဗီတာမင်တွေပါ။ ဆံပင်သားကို သန်စွမ်းလှပစေရုံသာမက အဆီပိုထွက်ရှိမှုကို ထိန်းညှိပေးကာ ဆံပင်တွေကို ပိုသန်စွမ်း ကြည့်ကောင်းစေပါတယ်။ ပဲသီး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေလို အစာတွေမှာ ဗီတာမင်ဘီ ပါဝင်မှုများတာကြောင့် ဆံပင်သားကို ကြည့်ကောင်းစေပါတယ်။ ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ နေကြာစေ့နဲ့ အခွံမာစေ့တွေမှာ တွေ့နိုင်ပါတယ်။
(၂) ဇင့်(သွပ်)ပါဝင်မှုများသည့် အစာများ
ခန္ဓာကိုယ်က ဇင့်(သွပ်)ဓာတ်ကို လိုအပ်နေပါတယ်။ သတင်းကောင်းအနေနဲ့ ဇင့်ပါတဲ့အစာတွေ များများစားရင် ခန္ဓာကိုယ်က အဆီထုတ်လုပ်မှုကို တွန်းလှန်ပေးနိုင်စေပါတယ်။ ဇင့်ပါတဲ့ အားဆေးတွေကို သောက်နိုင်သလို အုတ်ဂျုံ၊ ပုဇွန်၊ ပင်လယ်စာနဲ့ ဥအမျိုးမျိုးတို့လို သဘာဝအစာတွေကနေလည်း ဇင့်ဓာတ်ရရှိစေနိုင်ပါတယ်။
(၃) ကောင်းသောအဆီများ
အဆီများတဲ့ ဆံပင်ရှိတာက အဆီစားလို့ဆိုပြီး ပြောလို့မရပါဘူး။ ကောင်းတဲ့အဆီတွေကတော့ ခန္ဓာကိုယ်အတွက် လိုအပ်နေပါတယ်။ အခန်းအပူချိန်မှာ ခဲတဲ့ပြည့်ဝဆီနဲ့ ပြောင်းလဲဆီ (ထပ်ပြန်ကြော်ဆီ)တွေကို ရှောင်ပါ။ အခွံမာအစေ့အဆန်၊ ဟင်းသီးဟင်းရွက်ဆီနဲ့ ငါးစတာတွေကရတဲ့ ကောင်းတဲ့အဆီတွေကို စားပေးပါ။