Healthy Life Ad
Health Tips

မိသားစုနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Family and Diabetes)

ယခင်တစ်ပတ်မှ အဆက်

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

၂။ မိသားစုတွေကကော ဆီးချိုသွေးချိုရောဂါ ကာကွယ်တားဆီးခြင်းအပေါ် ဘယ်လိုအရေးပါသလဲ

မိမိထံ သို့မဟုတ် မိမိရဲ့မိသားစုထံ ကျရောက်လာမယ့် အထက်ဖော်ပြပါ ဝန်ထုတ်ဝန်ပိုးတွေကို ကာကွယ်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်၊ သူနာပြုတွေကိုပဲ အားကိုးလို့မရပါဘူး။ မိသားစုဝင်တွေကပါ အရေးတယူပါဝင်ကြမှ ထိရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆီးချိုဆိုင်ရာ အသိပညာရရှိစေဖို့ ဆီးချိုသွေးချို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့ တာဝန်လည်းဖြစ်ပါတယ်။ မိသားစုတွေဘက်ကလည်း ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေ မသက်ရောက်အောင် ဘယ်လိုပါဝင်ပြီး ဘာတွေလုပ်ပေးရမလဲဆိုတာ သိရှိနိုင်ဖို့ ဆီးချိုသွေးချိုဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းကို စိတ်ဝင်တစား ရှာဖွေဆည်းပူးဖို့၊ ပညာပေးစာစောင်တွေဖတ်ရှုဖို့၊ ပညာပေးဟောပြောပွဲတွေ နားထောင်ဖို့ လိုအပ်ပါတယ်။ ဆီးချိုသွေးချိုရောဂါကို ကာကွယ်ခြင်း၊ကုသခြင်း၊ စောင့်ရှောက်ခြင်း စတဲ့ ဆီးချိုရောဂါဆိုင်ရာ ဗဟုသုတကြွယ်ဝမှသာ မိသားစုဝင်တွေက ဆီးချိုသွေးချို ကာကွယ်စောင့်ရှောက်ရေးမှာ တက်ကြွစွာပါဝင်ပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ ဆီးချိုရောဂါ ကာကွယ်ရေးအတွက် ဆီးချိုမိသားစုဝင်အားလုံး ပါဝင်ရပါမယ်။

ဆီးချိုမိသားစုတွေရဲ့ အုပ်ချုပ်သူမိဘတွေမှာ ပိုပြီးတာဝန်ရှိပါတယ်။ အထူးသဖြင့် အိမ်မှုကိစ္စတွေ စီမန်ခန့်ခွဲရတဲ့ မိခင်တွေ သိထားဖို့အရေးကြီးပါတယ်။ မိမိကလေးတွေကို ငယ်ရွယ်စဉ်မှစပြီး အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ အထူးသဖြင့် ဆီး

“မိသားစုရဲ ့ ပံ့ပိုးမှုတွေပါမယ်ဆိုရင် ဆီးချိုလူနာတွေရဲ ကျန်းမာရေးဟာ တော်တော်လေး ပိုကောင်းလာမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဆီးချိုသွေးချို ထိန်းသိမ်းနည်းပညာကို လူနာတိုင်းသာမက လူနာရဲ ့ မိသားစုဝင်တွေကိုလည်း သင်ကြားပေးထားပါက ရောဂါကြောင့် စိုးရိမ်စိတ်တွေ လျော့သွားစေတဲ့အပြင် ဆီးချိုသွေးချိုကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပြီး နောက်ဆက်တွဲရောဂါကြီးတွေ ကင်းဝေးကာ အရည်အချင်းပြည့်ဝတဲ့ဘဝကို ပိုင်ဆိုင်ရရှိကြမှာ” . . .

ချိုသွေးချိုဖြစ်တတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေခြင်းတွေကို သတိပေးပြောကြားနိုင်ပြီး အဝမလွန်အောင် ထိန်းပေးဖို့ အလွန်အရေးကြီးပါတယ်။

ကျန်းမာတဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို သင်ရဲ့ အိမ်မှ စတင်ပြုစုပျိုးထောင်ခြင်းဖြင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ဖို့ နှိုးဆော်ထားပါတယ်။ မိသားစုအားလုံး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ အတူစားပြီး ကိုယ်လက်လှုပ်ရှားမှုတွေ အတူလုပ်တဲ့ အလေ့အကျင့်ကောင်းတွေ မွေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။

၃။ ဆီးချိုသွေးချို ဖြစ်ပြီးသူတွေကို ကုသရာ၌ မိသားစု၏အရေးပါပုံ

ဆီးချိုသွေးချိုကို ကုသရာမှာ နေ့စဉ်မပြတ် ဆေးသောက်နေရပါမယ်။ နေ့စဉ် မိမိကိုယ်ကိုယ် သွေးချိုတက်နေလား ၊ ကျနေလား ၊ အတော်ပဲလား စောင့်ကြည့်နေရပါမယ်။ လိုအပ်သလို လက်ထိပ်ကို သွေးဖောက်စစ်ပြီး ကြည့်နေရပါမယ်။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုတွေကို ကျင့်ကြံအားထုတ်နေရပါမယ်။ ဒီအကြောင်းအရာတွေကို ဆီးချိုလူနာတွေက အမြဲလေ့လာနေရပါမယ်။ ဒီလိုပြုလုပ်ရာမှာ အထူးသဖြင့် မသန်စွမ်းသူနဲ့ သက်ကြီးရွယ်အိုတွေအဖို့ မိသားစုဝင်တွေရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူ ဆေးဝန်ထမ်းတွေကလည်း ဆီးချိုအကြောင်းတွေကို ကောင်းစွာနားလည်ပြီး ကျွမ်းကျင်အောင် ပြုလုပ်ထားမှသာ ဆီးချိုလူနာနဲ့ မိသားစုတွေကို ပညာပေးနိုင်မှာဖြစ်ပါတယ်။ မိသားစုလေးယောက်မှာ တစ်ယောက်ပင်လျှင် ဆီးချိုဆိုင်ရာ ကျန်မာရေးပညာပေးခြင်းကို မခံယူခဲ့ရသေးတာ တွေ့ရပါတယ်။ မိသားစုအားလုံးကလည်း ပညာပေးခြင်းကို လာရောက်နားထောင်နိုင်ကြစေဖို့ စီမံထားဖို့ လိုအပ်ပါတယ်။

အင်ဆူလင်ထိုးရပြီဆိုရင်လည်း လူနာသာမက မိသားစုတွေကလည်း အင်ဆူလင်အကြောင်း ကျွမ်းကျင်စွာ နားလည်ထားဖို့ လိုအပ်ပါတယ်။ အသက်ကြီးသူ၊ မျက်စိမမြင်သူတွေကို မိသားစုက အင်ဆူလင်ထိုးပေးဖို့ လိုပါတယ်။ အင်ဆူလင်ထိုးနည်း၊ အင်ဆူလင်ညှိနည်းတွေ သင်ယူထားပြီး အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း အထူးသဖြင့် သွေးချိုအကျလွန်ခြင်း၊ ၄င်းရဲ ့ အရေးပေါ်ကုထုံးတွေအားလုံးကို ကောင်းစွာသိရှိအောင် လုပ်ထားရပါမယ်၊ သွေးချိုအကျလွန်လို့ မူးမေ့ခါနီးဖြစ်ရင်လည်း အချိုရည်သို့မဟုတ် ချိုတဲ့အစားအစာယူပေးခြင်း၊ သတိလစ်နေရင် မိသားစုက ဆေးခန်း၊ ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခြင်း စတဲ့အကူအညီတွေ ပေးနိုင်ပါတယ်။

မိသားစုရဲ ့ ပံ့ပိုးမှုတွေပါမယ်ဆိုရင် ဆီးချိုလူနာတွေရဲ ့ ကျန်းမာရေးဟာ တော်တော်လေးပိုကောင်းလာမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဆီးချိုသွေးချို ထိန်းသိမ်းနည်းပညာကို လူနာတိုင်းသာမက လူနာရဲ့မိသားစုဝင်တွေကိုလည်း သင်ကြားပေးထားပါက ရောဂါကြောင့် စိုးရိမ်စိတ်တွေ လျော့သွားစေတဲ့အပြင် ဆီးချိုသွေးချိုကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပြီး နောက်ဆက်တွဲရောဂါကြီးတွေ ကင်းဝေးကာ အရည်အချင်းပြည့်ဝတဲ့ဘဝကို ပိုင်ဆိုင်ရရှိကြမှာ ဖြစ်ပါတယ်။ မိသားစုတွေအားလုံး မိသားစုအတွက် ကောင်းကျိုးတွေ ပေးဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

Most Popular

Healthy Life Ad
To Top