Healthy Life Ad
International

လေ့ကျင့်ခန်းမလုပ်မီသောက်သည့် ဖြည့်စွက်အရည်များကြောင့် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားရဟု အလှမယ်ဖွင့်ဟ

ကိုထက်

၂၀၁၃ Miss International အလှမယ်ဖြစ်တဲ့ ဖီလစ်ပိုင်နိုင်ငံသူ စန်တီယာဂိုးဟာ အသက်ကယ်ဖို့ ကျောက်ကပ်အစားထိုးကုသမှုကို လိုအပ်နေပါတယ်။ သူက ပြင်းထန်တဲ့ အားကစားမလုပ်ခင်သောက်တဲ့ ဖြည့်စွက်အရည်တွေကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုပြီး ပြီးခဲ့တဲ့သြဂုတ်လမှာ ဖွင့်ပြောထားပါတယ်။

ကျောက်ကပ်ဆေးတာကို ပြုလုပ်နေပေမယ့် အခြေအနေက ပိုဆိုးလာတာကြောင့် ကျောက်ကပ်အစားထိုး ကုသမှုလိုအပ်နေတယ်လို့ ဆရာဝန်က ပြောခဲ့ပါတယ်။ “စန်တီယာရဲ့ကျောက်ကပ်က မကောင်းတော့ပါဘူး။ အဲဒီအတွက် ကျောက်ကပ်ဆေးစက်နဲ့ အသက်ကယ်နေရပါတယ်။ သူက ကျောက်ကပ်အစားထိုး ကုသမှု လိုအပ်နေပါတယ်”

စန်တီယာက တခြားအလှမယ် ၆၆ ဦးကို အနိုင်ရပြီး ၂၀၁၃ Miss International အလှမယ်ဖြစ်လာခဲ့ကာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအရ စန်တီယားဂိုးမှာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ဆုံးရှုံးမှုဖြစ်နေတယ်၊ ကျောက်ကပ်ဟာ သွေးထဲကအရည်နဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်နိုင်ခြင်းမရှိတဲ့ ဝေဒနာဖြစ်နေပြီး ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာက ဖြည်းဖြည်းချင်း လျော့ကျလာတယ်လို့ သိရပါတယ်။

အစပိုင်းမှာ စန်တီယာဂိုးက သူ့အခြေအနေကို ငြင်းဆန်ခဲ့ပြီး ဂျပန်ကဆရာဝန်တွေထံ ဒုတိယအကြံဉာဏ် ရယူခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးပြီးနောက် လေ့ကျင့်ခန်းမလုပ်ခင်သောက်ရတဲ့ ဖြည့်စွက်အရည်တွေကြောင့် ကျောက်ကပ်ထိခိုက်ရတယ်လို့ စန်တီယာဂိုးက ထင်မြင်ထားပါတယ်။ အဲဒီဖြည့်စွက်အရည်မှာ ကျောက်ကပ်လုပ်ငန်းဆောင်တာကို သိသိသာသာ ထိခိုက်စေတဲ့ ခရစ်ယာတနင်း အဆင့်ပါဝင်မှု မြင့်မားတာကို နောက်ပိုင်းမှာ တွေ့ရှိထားပါတယ်။ စန်တီယာဂိုးက တခြားသူတွေကိုလည်း အားဖြည့်အရည်တွေ သောက်သုံးမှုနဲ့ပတ်သက်ပြီး သတိထားဖို့ အင်စတာဂရမ်ကတစ်ဆင့် သူ့အကြောင်းပြောရင်း မျှဝေထားပါတယ်။

Most Popular

Healthy Life Ad
To Top