Healthy Life Ad
Health Tips

ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ (Tension headache)

ဒေါက်တာတင့်ဆွေ

ကျွန်မနာမည် (—) ပါ။ အသက်က ၃၀ ပြည့်ပါပြီ။ (့) တက္ကသိုလ်က ဆရာမတစ်ယောက်ပါရှင့်။ အခုကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ။ နားရွက်အကြောတွေလည်း ကိုက်ပါတယ်။ ပြီးတော့ ခေါင်းတစ်ခြမ်းကိုက်ရင် ညာဘက်မျက်လုံးထဲက အကြောတွေပါ လိုက်ကိုက်နေပါတယ်။ မျက်ခုံးရိုးလည်း တင်းနေပါတယ်ရှင့်။ ဇက်ကြောလည်း အရမ်းတက်တယ်။ ရန်ကုန်ခဏသွားတုန်းက မျက်မှန်လုပ်ခဲ့လိုက်ပါတယ်။ ပါဝါက ၂၅ ပဲရှိပါတယ်။ ကွန်ပျူတာကို အရမ်းအာရုံစိုက် အလုပ်လုပ်ရင်းနဲ့က မနေနိုင်အောင်အထိ ခေါင်းမူးပါတယ်။ အရင်ကမျက်မှန်မတပ်ပါဘူး။ အခုမျက်မှန်တပ်ထားလည်း မသက်သာပါဘူးရှင်။ အာရုံကြောဆေး Betex သောက်ပါတယ်။ ခေါင်းလျှော်ပြီးရင် နေလို့မရအောင် ခေါင်းကိုက်ပြီး ဇက်ကြောတွေပါတက်၊ ဖျားချင်သလိုလို ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦးရှင်။ ခေါင်းကိုက်နေတာတော့ ၂ လနီးပါးလောက်ရှိပါပြီ။ စာတွေနဲ့ စိတ်ဖိစီးမှုလည်း အရမ်းများနေရတာပါ။ ပါရဂူသင်တန်း တက်နေတဲ့အချိန်ဆိုတော့ ကျောင်းပြီးဖို့ ၂ လပဲ လိုတော့လို့ပါ။

ခေါင်းကိုက်တဲ့ရောဂါ (Headache) က အမျိုးမျိုးရှိတယ်။ Cephalalgia လို့လည်း ဆေးစာနဲ့ခေါ်တယ်။

(က) မူလခေါင်းကိုက်ခြင်း

Tension headache တင်းအားများ-ခေါင်းကိုက်ခြင်း၊

Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း၊

Migraine headache (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ခြင်း၊ (ရေးထားပါတယ်။)

(ခ) တနေရာမှာ အကြောင်းခံတခုခုရှိနေလို့ ခေါင်းကိုက်ခြင်း

မျက်စိရေတိမ်၊ သူငယ်အိမ်ကြွက်သားရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း၊ Nitrates and Nitrites နှလုံးဆေးတွေ၊ Analgesics အနာ-အကိုက်ပျောက်ဆေး တာရှည်သုံးခြင်း၊ အမြင့်ထက်ရခြင်း၊ ဦးနှောက်-ဦးခေါင်းထဲ သွေးယိုခြင်းများ၊ ဦးနှောက်၊ ဦးနှောက်မြှေးရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးတိုးရောဂါ၊ အရက်၊ (ကေဖင်း) များတဲ့ကော်ဖီ သောက်တာနဲ့ဖြတ်တာ၊ အအေးမိတာ၊ သွားကြိတ်တာ၊ မျက်မှန်တပ်ဖို့လိုတာ၊ ဆေးလိပ်အသောက်များတာ၊ အားကုန်နေချိန်၊ အားစိုက်ထုတ်တာများသွားတာ၊ (ဆိုင်းနပ်စ်) ရောဂါ။

Tension headache တင်းအားများ-ခေါင်းကိုက်ခြင်းအကြောင်းလေး ရေးပါမယ်။ အရွယ်မရွေးဘူး။ Tension headache က အများဆုံးဖြစ်တယ်။ ၉၀% ရှိမယ်။ လူဦးရေရဲ့ ၃%မှာ ခံစားနေကြရတယ်။ Migraine headache (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိနေသူတွေမှာလဲ ဒီကိုက်နည်းဖြစ်နိုင်တယ်။ ခေါင်း၊ ဦးရေခွံက ကြွက်သားတွေ တင်းအားများရာကနေ ဖြစ်တယ်။ ညှစ်နေတာကို ဆိုလိုတယ်။ Stress စိတ်ဖိအားများချိန်၊ Depression စိတ်ဓာတ်ကျနေချိန်၊ Head injury ခေါင်းခိုက်မိတာနဲ့ Anxiety စိုးရိမ်စိတ် ကဲနေချိန်မျိုးမှာ ဖြစ်တယ်။ အနေအထားတခုမှာ အကြာကြီး မပြင်-မပြောင်းဘဲနေရင်လဲ ဖြစ်မယ်။ ဥပမာ ကွန်ပြူတာ၊ လက်နှိပ်စက်ရိုက်သူတွေ၊ ဇာထိုး-ပန်းထိုး၊ အနုစိတ်အလုပ်လုပ်သူတွေ။ သိပ်အေးတဲ့အခန်းနေရာမှာ အပ်တဲ့အခါ၊ ခေါင်းအနေအထားက အဆင်မသင့်ဘဲ အိပ်တဲ့အခါမျိုးတွေမှာလည်း ဖြစ်နိုင်တယ်။

ထုံပြင်းပြင်းကိုက်တယ်၊ ဖိထားခံရသလိုနေမယ်။ ထိုးကိုက်တာမျိုးမဟုတ်ဘူး။ ခေါင်းကိုတခုခုနဲ့ အညှပ်ခံရသလို ခံစားရမယ်။ ခေါင်းတခုလုံးမှာ ကိုက်တယ်။ တနေရာရာမှာသာ ကိုက်တာမဟုတ်ဘူး။ ဦးရေခွံ၊ နားထင်၊ လည်ပင်းနောက်ဖက်၊ တခါတလေ ပခုံးအထိကိုက်မယ်။ ဒီရောဂါခံစားနေသူဟာ သူ့ဘာသူ ခေါင်းကိုနှိပ်ဖိနေလိမ့်မယ်။ တင်းအားများ-ခေါင်းကိုက်ခြင်း ခံစားရတာတော့ မကောင်းပေမဲ့ ဦးနှောက်ထဲမှာ ပြဿနာမရှိတာသိပြီး စိတ်သက်သာရာ ရသင့်တယ်။

တစုံတရာကိုလုပ်ရင်း၊ ကြုံကြိုက်ရင်းကနေ စတတ်တယ်။ ဖြစ်နေကျအချိန်လဲ ရှိနိုင်တယ်။ မိနစ် ၃၀ လောက် ကိုက်နေပြီး ၇ ရက် ကြာတတ်တယ်။ အသံကြားတာ၊ အမြင်အာရုံတခုခုကနေ စေ့ဆော်နိုင်တယ်။ အားစိုက်အလုပ်လုပ်ပြီးချိန်မှာလဲ ဖြစ်တတ်သေးတယ်။ စိတ်ဖိအားများတာကနေ ပိုဖြစ်တယ်။ အအိပ်ပျက်နိုင်တယ်။ ပျို့ချင်-အန်ချင်မဖြစ်ဘူး။ အအိပ်ပျက်တာ၊ စားချိန်နောက်ကျတာ၊ ရေဓာတ်နည်းတာတွေကနေလည်း ဖြစ်နိုင်တယ်။

ဦးနှောက်သက်သက်က နာတာကိုမသိပါ။ သူ့ဘေးနားကဟာတွေကသာ နာတာကို ခံစားနိုင်တယ်။ ဦးခေါင်းခွံ၊ ဦးရေခွံ၊ လည်ပင်းတွေမှာရှိနေကြတဲ့ ကြွက်သား၊ အာရုံကြော၊ သွေးကြော၊ အရွတ်၊ မျက်စိ၊ နား စတာတွေကသာ နာတာသိတယ်။ ဆေးစစ်ရင် မူမမှန်တာမတွေ့ဘူး။ ဘာလို့ကိုက်သလဲအပေါ် ကြည့်ကုသရတယ်။ Headache diary ခေါင်းကိုက်-ဒိုင်ယာရီ ရေးမှတ်ထားသင့်တယ်။ ရေအေး၊ ဒါမှမဟုတ် ရေနွေးနဲ့ရေချိုးတာ တချို့မှာ သက်သာစေမယ်။ Lifestyle changes နာတာရှည်ဖြစ်နေသူတွေ လူနေမှုပုံစံပြောင်းသင့်ရင်၊ ပြောင်းနိုင်ရင် ပြောင်းပါ။ အလုပ်အကိုင်၊ အမူအကျင့်၊ အစားအသောက်၊ အနေအထိုင်၊ ရေချိုးပုံစံ၊ အိပ်ယာခေါင်အုံး၊ ပတ်ဝန်းကျင်စတာတွေ။ လေ့ကျင့်ခန်းလုပ်ပါ။ Relaxation techniques ကိုယ်-စိတ်ဖြေလျှော့နည်းလုပ်ပါ။

ဆေးတွေအနေနဲ့ Aspirin, Ibuprofen, Acetaminophen (Paracetamol) တခုခုသုံးပါ။ သိပ်ဆိုးသူတွေက Narcotic pain relievers မူးယစ်သတိပါဆေးသုံးရတယ်။ သတိထားဖို့က ဆေးမှန်သမျှက ရောဂါလက္ခဏာကို သက်သာစေဖို့သာ ဖြစ်တယ်။ ဒါကလဲ ဆေးအရှိန်ရတဲ့အထိသာ အကျိုးသက်ရောက်တယ်။ ဖြစ်စေတတ်တာမျိုး ရှောင်ကြဉ်၊ ဆင်ခြင်တာက ပိုအရေးကြီးတယ်။ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိထားပါ။

Tizanidine ဆေးကတော့ Muscle relaxant ကြွက်သားတင်းအားကို လျှော့ပေးတဲ့ဆေးမျိုး ဖြစ်တယ်။ Paroxetine (Paxil)နဲ့ Citalopram (Celexa) ဆေးတွေကတော့ (SSRIs)အမျိုးအစား စိတ်ဖိအားကို သက်သာစေမယ်။

Amitriptyline, Nortriptyline eJY Doxepin နဲ့ Doxepin ဆေးတွေကတော့ စိတ်ကျဆေးတမျိုးတွေ ဖြစ်တယ်။ Relaxation, Stress-management training ကိုယ်-စိတ်တင်းအား လျှော့နည်းသင်တန်း၊

Biofeedback (ဘိုအို-ဖိဘက်ခ်) နည်းခေါ်တဲ့ စက်ကရိယာလေးတွေတပ်ဆင်ပြီး ကိုယ်မှာဖြစ်ပျက်နေတာကို စောင့်ကြည့်နိုင်တာမျိုး၊ Cognitive behavioral therapy စိတ်ကုသနည်း၊ Acupuncture အပ်စိုက်ကုသနည်း၊ Botox (Botulinum toxin) ထိုးဆေးနည်းလည်း ခေတ်စားတယ်။ တရားဝင်ခွင့်ပြုချက် မရသေးဘူး။

ကာကွယ်နည်း

အေးလို့ဖြစ်တာဆိုရင် ခေါင်းကိုနွေးအောင်လုပ်ပါ။ အိပ်တဲ့ပုံစံပြောင်းပါ။ အလုပ်လုပ်ရာမှာ အနေအထားပြောင်းပါ။ လည်ပင်း-ခေါင်းလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ နားနိုင်သလောက်နား၊ အိပ်နိုင်သလောက် အိပ်ပေးပါ။ တိုင်းရင်းဆေးနည်းတွေထဲမှာ ချင်း-လက်ဖက်ရည်သောက်ပါ။ ပန်း-လက်ဖက်ရည်သောက်ပါ။

Tricyclics ဆေးက SSRIs ဆေးထက် ပိုထိရောက်တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ပိုများတယ်။

Propranolol နဲ့ Muscle relaxants တွေပေးတာကို လက်တွေ့ သက်သေမပြနိုင်ဘူးလို့ဆိုတယ်။

Syndol, Mersyndol and Percogesic = Analgesic + Antihistamine

Fiorinal = Analgesic + Barbiturate

Amitriptyline, mirtazapine, topiramate, sodium valproate တွေကိုလဲသုံးတယ်။

Manual therapy နှိပ်နယ်နည်းဆိုတဲ့ Spinal manipulation, Soft tissue therapy နဲ့ Myofascial trigger point treatment နည်းတွေ ရှိပေမဲ့ ၂၀ဝ၅ လေ့လာမှုအရ ထောက်ခံချက်မပေးဘူး။

Migraine headache (မိုင်ဂရင်း) ခေါင်းကိုက်ခြင်း = အရွယ်ငယ်တယ်၊ တခါဖြစ်ရင် တနာရီကြာနိုင်တယ်။ တဖက်သတ်ဖြစ်တယ်။ ထိုးပြီး-လှုပ်ပြီးကိုက်တယ်။ ပျို့-အန်နိုင်တယ်။ အကြောင်းခံတခုခုကနေ ဥပမာ-အစားအသောက်ကနေ ဖြစ်လာတတ်တယ်။ မျိုးရိုးလိုက်နိုင်တယ်။

Tension headache တင်းအားကြောင့် ခေါင်းကိုက်တာအတွက် NSAIDs ရိုးရိုးအနာ-အကိုက်ပျောက်ဆေးတွေပေးတယ်။ ပြင်းထံရင် (မိုင်ဂရင်း) ခေါင်းကိုက်သက်သာဆေးတွေကို သုံးနိုင်တယ်။

(မိုင်ဂရင်း) ခေါင်းကိုက်ခြင်း ဖြစ်သူတွေအတွက် အရေးပေါ်ဆေးတွေကတော့ –

– Ergotamine inhalation or rectal

– Chlorpromazine 0.1 mg/kg IV

– Prochlorperazine 10 mg IV

– Metoclopramide 10-20 mg IV

– DHE 0.75-1.0 mg IV over 2 minutes

– Sumatriptan 6 mg S/C

– Ketorolac 60 mg IM

ခါးဆစ်ထဲထိုးပေးတဲ့ ထုံဆေးကြောင့် ခေါင်းကိုက်တာဆိုရင် ရိုးရိုးအကိုက်ပျောက်ဆေးတွေရယ်၊ Ergots, Barbiturates, Caffeine ဆေးတွေကို ပေးတယ်။ ရေတိမ်ကြောင့်ဆိုရင် ပျို့-အန်မယ်၊ မျက်လုံးနေရာကိုက်မယ်၊ မျက်စိနီနေမယ်၊ မျက်ကြည်လွှာရောင်နေမယ်။ မျက်စိဖိအားတက်နေမယ်။ မျက်စိမှုန်လာမယ်။ သွေးတိုးကြောင့်ကိုက်ရင် ထိုးကိုက်မယ်။ နောက်စေ့နေရာကိုက်မယ်။

Cluster headache (ကလပ်စတာ) ခေါင်းကိုက်ခြင်း = အသက်ငယ်ငယ်မှာဖြစ်တယ်။ ယောကျာ်းတွေမှာ သိသိသာသာ ပိုအဖြစ်များတယ်။ တခါဖြစ်ရင် ၄၀-၆၀ မိနစ်ကြာတတ်တယ်။ မျက်လုံးနဲ့ မျက်လုံးနောက်နေရာက ကိုက်မယ်။ ရာသီဥတုလိုက်တယ်။ နှာရည်-မျက်ရည်ယိုတတ်တယ်။ မျိုးရိုးမလိုက်ဘူး။ ဆိုးလွန်လွန်းလို့ Suicide headache လို့တောင် နာမည်ပေးထားတယ်။ သတ်သေ ချင်လောက်အောက်ကို နာတယ်။

ခေါင်း၊ ဦးရေခွံက ကြွက်သားတွေ တင်းအားများရာကနေ ဖြစ်တယ်။ ညှစ်နေတာကို ဆိုလိုတယ်။ Stress စိတ်ဖိအားများချိန်၊ Depression စိတ်ဓာတ်ကျနေချိန်၊ Head injury ခေါင်းခိုက်မိတာနဲ့ Anxiety စိုးရိမ်စိတ်ကဲနေချိန်မျိုးမှာ ဖြစ်တယ်။ အနေအထားတခုမှာ အကြာကြီး မပြင်-မပြောင်းဘဲနေရင်လဲ ဖြစ်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top