Healthy Life Ad
Health Tips

သိုင်းရွိုက်ဂလင်းကင်ဆာ ကုသအောင်မြင်ခဲ့တဲ့ ၈ နှစ်အတွင်း သွေးလှူတာ ၁၆ ကြိမ် ရှိပြီဆိုသူ ကိုဝင်းဇော်သိန်း

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

၁၉၉၂ခုနှစ်က အမျိုးသားအားကစားပွဲတော် (မန္တလေးတိုင်းဒေသကြီး) မီတာ ၁၀ဝ-၂၀ဝ အပြေးပြိုင်ပွဲတွင် လက်ရွေးစင် အားကစားသမားဖြစ်ခဲ့သူ၊ ၁၉၉၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဘောလုံးလက်ရွေးစင် အားကစားသမားဖြစ်ခဲ့သူ၊ ၁၉၉ရ ခုနှစ် Royal Fc ကလပ်အသင်း ကစားသမားဖြစ်ခဲ့သူ၊ ထို့ပြင် ၁၉၉၉/၂၀ဝ၀ ၌ ဘဏ္ဏာအခွန်အသင်း ဘောလုံးအားကစားသမားဖြစ်ခဲ့သူ ကိုဝင်းဇော်သိန်းသည် ငယ်စဉ်ကတည်းက ဆေးလိပ်၊ အရက်ဘီယာ၊ ကွမ်းယာ လုံးဝသုံးစွဲခဲ့ခြင်း မရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် သိုင်းရွိုက်ဂလင်းကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရသူဖြစ်သည်။

“အစ်ကို့အသက် ၃၆နှစ်ကျော်အရွယ် ၂၀၁၅ မေလမှာ စသိပါတယ်။ အစ်ကိုက ငယ်ငယ်လေးကတည်းက ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းလည်းမစားဘူး၊ ပြီးတော့ ဘောလုံးသမားလည်းဖြစ်ခဲ့တော့ ကျန်းမာရေးကို ဂရုစိုက်ခဲ့သူပါ။ ဘောလုံးမကန်တော့ဘဲ စီးပွားရေးအလုပ် လုပ်ကိုင်နေချိန်မှာ လည်ပင်းက အကျိတ်လေးတစ်လုံး စထွက်လာတယ်။ ပြီးတော့ ဆံပင်ကျွတ်တယ်၊ အသံက နည်းနည်းဝင်ချင်သလို၊ ရေငတ်သလိုဖြစ်တယ်။ အစားအသောက်တွေ ပျက်လာတယ်။ အစ်ကိုက လည်ပင်းအကျိတ်ကို အလေးမထားဘဲ နေလိုက်တာ ၄-၅ လလောက်ကြာတဲ့အခါ နောက်ထပ်အကျိတ်တစ်လုံး ထပ်ထွက်လာခဲ့တယ်။ အဲဒီလို အကျိတ်နှစ်လုံး ဖြစ်လာတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဦးခင်မောင်သန်းနဲ့က ခင်တာနဲ့ တိုင်ပင်ဖြစ်ခဲ့တယ်။ အစကတော့ အကျိတ်တစ်လုံးတည်းဆိုတော့ အဆီကျိတ်နေမှာပါလေလို့ တွေးခဲ့ပေမယ့် အကျိတ်နောက်တစ်လုံး ထွက်လာတော့ ဆရာက “အကျိတ်က နှစ်လုံးဆိုတော့ မကောင်းဘူး၊ ခွဲထုတ်ပြီး အသားစစ်လိုက်ပါ”လို့ အကြံပေးတယ်။

အဲဒါနဲ့ တာမွေက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှာ လည်ပင်းကအကျိတ်ကို သွားပြဖြစ်ခဲ့တယ်။ အစ်ကိုကအကောင်းကြီး၊ အားကစားသမားလည်းဖြစ်တော့ နေမကောင်းလည်း မဖြစ်ဘူး၊ ဆေးတစ်လုံးတောင် မထိုးရဘူး။ အဲဒီလောက် ကျန်းမာနေတာ။ ဒီအကျိတ်တွေရှိလို့သာ သွားပြတာ။ ဆေးရုံကတာဝန်ကျဆရာဝန်ကြီးတစ်ဦးက ဘယ်လိုပြောသလဲဆိုတော့ “မင်းကကံကောင်းရင် တီဘီ၊ ကံဆိုးရင်ကင်ဆာ”ပဲ။ အဲဒီလိုကြီးပြောချလိုက်တာ။ စိတ်ထဲမှာ ကသိကအောက် ဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက ဇနီးက ခရီးသွားနေချိန်မှာ အစ်ကို့သမီးလေးကို အစ်ကိုပဲ ထမင်းခွံ့ကျွေးနေရတာလေ။ ဒီတော့ အစ်ကိုတီဘီဖြစ်ရင် သမီးလေးလည်း တီဘီဖြစ်မှာဆိုပြီး “ကင်ဆာပဲဖြစ်ပါစေ”လို့ ဆုတောင်းမိတယ်။ တကယ်လည်း အသားစအဖြေထွက်လာရော ကင်ဆာလို့သိခဲ့ရတာပါပဲ”
ကျန်းမာကြံ့ခိုင်သော ကိုဝင်းဇော်သိန်းအတွက် ကင်ဆာဆိုသောအဖြေကို ကြားကြားချင်း လက်မခံနိုင်ခဲ့ပေ။

“အစ်ကိုက မယုံခဲ့ဘူး။ အဲဒါနဲ့ အဲဒီခေတ်တုန်းက ဓမ္မစေတီလမ်းနဲ့ အင်းလျားလမ်းထောင့်မှာ ပြည်တော်ဦးဆိုတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုရှိတယ်။ နှစ်လနေတော့ အဲဒီဆေးရုံကို သွားပြပြီး အကျိတ်တစ်ခုလုံးကို ခွဲထုတ်ပြီး အသားစယူ စစ်ဆေးမှုထပ်လုပ်လိုက်တယ်။ ကင်ဆာဆိုတဲ့အဖြေပဲ ထပ်ထွက်ပါတယ်။ အစ်ကို့လည်ပင်းအောက်မှာ အကျိတ်နောက်တစ်လုံး ရှိသေးတယ်။ တစ်လခြားပြီး အဲဒီပြည်တော်ဦးဆေးရုံမှာပဲ အကျိတ်ကို သွားထုတ်လိုက်ပါတယ်။ ခွဲစိတ်ထုတ်ပေးတဲ့ ဆရာဝန်ကြီးနာမည်က ဒေါက်တာဦးအောင်ခိုင်ဇံတဲ့။ အရမ်းသဘောကောင်းတယ်။ အဲဒီအကျိတ်ကို အသားစယူစစ်ဆေးလိုက်တော့လည်း ကင်ဆာဆိုပြီး အဖြေထွက်ပါတယ်” ကင်ဆာအကျိတ်နှစ်ခုစလုံး ခွဲစိတ်ကုသမှု ခံယူပြီးချိန်တွင် ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း စသည့်နောက်ဆက်တွဲ ကုထုံးများ မခံယူဖြစ်ခဲ့ကြောင်း ကိုဝင်းဇော်သိန်းကဆိုသည်။

“ကင်ဆာလို့သိရတော့လည်း အစ်ကို့မှာ တစ်လ- နှစ်လလောက် အိပ်မပျော်ပါဘူး။ အဲဒီအချိန်မှာ လင်ဇီးပိုလန်ကို စသောက်ပါတယ်။ လေ့ကျင့်ခန်း ပြန်လုပ်တယ်၊ Gym ပြန်ကစားတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာနေထိုင်တယ်။ စိတ်ကိုတော့ ပြန်အားတင်းရတာပေါ့။ အစ်ကိုက နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှာ အကျိတ်အသားစလေးပဲ ယူဖြစ်ခဲ့တယ်။ အကျိတ်နှစ်ခုလုံးကို ပြည်တော်ဦးဆေးရုံမှာပဲ ခွဲထုတ်ဖြစ်ခဲ့တယ်။ ခြောက်လနေတော့ အထွေထွေကျန်းမာရေး စစ်ဆေးမှု (Medical Check-up) ခံယူခဲ့

“ခွဲပြီးနောက်ပိုင်း ည ၉ နာရီခွဲဆိုရင် ပုံမှန်အိပ်ရာဝင်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါတယ်။ စိတ်ညစ်စရာ လုံးဝမတွေးပါဘူး၊ ပျော်အောင်နေပါတယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါတယ်။ ရသလောက်လေးပေါ့။ အစ်ကိုက နဂိုကတည်းက သားကြီး၊ ငါးကြီး မစားပါဘူး။”

ချိန်မှာ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်မရှိတော့ဘူးလို့ သိခဲ့ရတယ်”ဟု ကိုဝင်းဇော်သိန်းက သူ့အကြောင်းကို ပြောပြခဲ့သည်။

သိုင်းရွိုက်ဂလင်းကင်ဆာဖြစ်ရခြင်းမှာ စိတ်ဖိစီးမှုများသောကြောင့်ဟု ကိုဝင်းဇော်သိန်းက ထင်မြင်ထားသည်။ “အစ်ကိုလေ့လာမိသလောက် သိုင်းရွိုက်ဂလင်းကင်ဆာ ဖြစ်တာတွေက မိန်းကလေးတွေများတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပိုဖြစ်တယ်ဆိုတော့ အစ်ကိုကလည်း အဲဒီအချိန်တုန်းက လူမှုရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုများခဲ့တယ်၊ စိတ်ပင်ပန်းစရာတွေ ရှိခဲ့တယ်။ အဲဒါကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က အစ်ကို့အဖေက အဆုတ်ကင်ဆာနဲ့ ဆုံးသွားတာပါ။ ပြောရရင် ကင်ဆာမျိုးရိုးတော့ ရှိနေတာပေါ့လေ” ကိုဝင်းဇော်သိန်းသည် ကင်ဆာအကျိတ်များ ခွဲထုတ်ပြီးချိန်တွင် ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ပြီး နေထိုင်ခဲ့ကြောင်း၊ စိတ်ဖိစီးမှုများသော အလုပ်များကို မလုပ်တော့ဘဲ ကိုယ်ပိုင်ကားဖြင့်သာ အငှားမောင်းပေးသည့် အလုပ်ကို ပေါ့ပေါ့ပါးပါး လုပ်ဖြစ်ခဲ့ကြောင်း ပြောပြခဲ့သည်။

“ခွဲပြီးနောက်ပိုင်း ည ၉ နာရီခွဲဆိုရင် ပုံမှန်အိပ်ရာဝင်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါတယ်။ စိတ်ညစ်စရာ လုံးဝမတွေးပါဘူး၊ ပျော်အောင်နေပါတယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါတယ်။ ရသလောက်လေးပေါ့။ အစ်ကိုက နဂိုကတည်းက သားကြီး၊ ငါးကြီး မစားပါဘူး။ အမဲသား၊ ဝက်သား၊ ဆိတ်သားမစားတော့ဘဲ အသီးအနှံများများ စားတယ်၊ ဟင်းသီးဟင်းရွက် များများစားတယ်။ အဓိကကတော့ ဘယ်လိုအခြေအနေမျိုးမဆို စိတ်ဓာတ်ကို မြှင့်ထားလိုက်တယ်။ အစ်ကိုက ဘယ်လိုမြှင့်သလဲဆိုရင် “ငါကျော်လွှားနိုင်တယ်”ဆိုတဲ့စိတ်နဲ့ အားတင်းခဲ့တာ။ အခုဆို ၈ နှစ်ကျော်ခဲ့ပြီဆိုတော့ ဒါကို မေ့တောင်မေ့နေပါပြီ”

ယခုအခါ အသက် ၄၆ နှစ်အရွယ် ကိုဝင်းဇော်သိန်းသည် ဇနီးဖြစ်သူ မခင်နန်းမွန် ၊ သမီးလေး ဇွန်ချမ်းမြေ့စုတို့နှင့်အတူ ရန်ကုန်မြို့တွင် ပျော်ရွှင်ကျန်းမာ အေးချမ်းစွာ နေထိုင်လျက်ရှိသည်။ “လက်ရှိမှာ အစ်ကိုက ကားလေးတစ်စီးဝယ်ထားပြီး သမီးကို ကျောင်းလိုက်ပို့တယ်၊ ကျောင်းကြိုတယ်၊ အားရင် အော်ဒါလိုက်ပြီး မောင်းပို့ပေးတယ်။ ပေါ့ပေါ့ပါးပါးပဲ အလုပ်လုပ်ပါတယ်။ အစ်ကိုက ကင်ဆာမဖြစ်ခင်မှာ သွေးကို ပုံမှန်လှူဖြစ်တယ်။ ကင်ဆာအကျိတ်ခွဲပြီးချိန်မှာ တစ်နှစ်ခွဲလောက် သွေးမလှူဘဲ ရပ်ထားလိုက်တယ်။ နောက်ပိုင်းကျတော့ ကင်ဆာဆဲလ်မရှိတော့ဘူးဆိုတာနဲ့ တောက်လျှောက် သွေးပြန်လှူခဲ့တာ ၁၆ ကြိမ်ရှိသွားပါပြီ”ဟု ကိုဝင်းဇော်သိန်းက သူ့အကြောင်းကို ပြောပြခဲ့သည်။ ယခုနောက်ပိုင်းတွင် လည်ပင်း၌ အကျိတ်တစ်လုံး ထပ်ထွက်ခဲ့သော်လည်း ရွေ့ပြီးလှုပ်ရှားနေသဖြင့် ခွဲထုတ်ခြင်း မပြုခဲ့ကြောင်း ကိုဝင်းဇော်သိန်းက ပြောပြခဲ့သည်။

“ကင်ဆာဖြစ်နေတဲ့သူတွေကို ရန်ကုန်မြို့မှာဆိုရင် ဘယ်နေရာဖြစ်ဖြစ် အစ်ကိုက သွားအားပေးပါတယ်။ လူဆိုတာ သေကြရမှာပဲလေ။ အဓိကကတော့ ဘဝကို ဆိုးဆိုးရွားရွားနဲ့ စောစောစီးစီး ထွက်ခွာမသွားစေချင်ဘူး။ နောက်တစ်ခုက ရောဂါဝေဒနာရယ်လို့ ဖြစ်လာရင် ရင်ဆိုင်ဖို့ပဲ။ အစ်ကို့ခံယူချက်က လူဆိုတာ သေသင့်မှသေရတာလေ။ ဒါကြောင့် ကင်ဆာဝေဒနာရှင်တွေကို အားပေးချင်တာကတော့ ကျွန်တော့်ပုံကိုကြည့်ပါ၊ ကျွန်တော်တောင် မသေဘူးဆိုရင် ခင်ဗျားတို့ ဘာလို့သေရမှာလဲ၊ ဘာကိုစိတ်ညစ်နေမလဲ၊ ဘာကိုတွေးပူနေမလဲ၊ ကျွန်တော်လည်း ကြောက်ခဲ့ဖူးတယ်၊ အိပ်မပျော်၊ စားမဝင်ဖြစ်ခဲ့ဖူးတယ်။ အခုများတော့ စားသမျှဝင်၊ အိပ်သမျှပျော်လို့ အရင်ထက်ပိုသန်မာလာတယ်။ ကြံခိုင်လာတယ်၊ ဘာဖြစ်ဖြစ် ကောင်းဖို့ဖြစ်တာပဲလို့ မှတ်လိုက်ပါတယ်။

“ကျွန်တော့်ပုံကိုကြည့်ပါ၊ ကျွန်တော်တောင် မသေဘူးဆိုရင် ခင်ဗျားတို့ ဘာလို့သေရမှာလဲ၊ ဘာကိုစိတ်ညစ်နေမလဲ၊ ဘာကိုတွေးပူနေမလဲ၊ ကျွန်တော်လည်း ကြောက်ခဲ့ဖူးတယ်၊ အိပ်မပျော်၊ စားမဝင်ဖြစ်ခဲ့ဖူးတယ်” …

အခုဆိုရင် သွေးလှူပြီး တပါးသူတွေရဲ့ အသက်တွေကို ကူညီနေတာ ၁၆ ကြိမ်ရှိပါပြီ။ ကဲ အခုပဲစလိုက်ကြစို့။ စိတ်ဓာတ်ကို အဓိက မြှင့်တင်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်ဗျာ”ဟု ကိုဝင်းဇော်သိန်းက သူ့အတွေ့အကြုံကို အခြေခံပြီး အခြားဘဝတူ ဝေဒနာရှင်များကို အားပေးစကားများ ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ကိုဝင်းဇော်သိန်း၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top